လည်တဆန့်ဆန့်ဖြစ်နေတဲ့ ဂျိမ်းစ်ဘွန်း ရဲ့ NO TIME TO DIE ရုံတင်ရက် သေချာသွားပြီ
- By : Kaung Khant
- Category : International-news

လည်တဆန့်ဆန့်ဖြစ်နေတဲ့ ဂျိမ်းစ်ဘွန်း ရဲ့ NO TIME TO DIE ရုံတင်ရက် သေချာသွားပြီ
မောင်ယဿ ( သြဂုတ် ၂၆ )
အက်ရှင်ကားကိုကြိုက်တဲ့ ပရိသတ်တွေ လည်ဆန့်ဆန့် ဖြစ်နေတဲ့ ဂျိမ်စ်ဘွန်း စပိုင်စီရီး နောက်ဆုံးကားဖြစ်တဲ့ No Time To die ကတော့ အောက်တိုဘာလ ၈ ရက်နေ့မှာ ရုံတင်ပြီး ကမ္ဘာ အနှံ့ ကိုပြသပါတော့မယ်။
ဂျိမ်းစ်ဘွန်ကတော့ ကမ္ဘာကြီးကို နောက်တစ်ကြိမ် ကယ်တင်ခွင့် ရတော့မှာပါ။ သူက ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားနေချိန်မှာ ကမ္ဘာကြီးမှာ ကိုဗစ်ရောဂါပြန့်နှံ့နေလို့ ကယ်တင်ခွင့် ကို ရက်ပြန်ပြန်ချိတ်နေလိုက်ရလို့ ရုံမတင်နိုင်ဘူးဖြစ်နေပါတယ်။
ဒီကနေ့ လာဗီးဂတ်မှာ အစမ်းကစပြီပြီး အောက်တိုဘာ၈ ရက်ကို မဖြစ်ဖြစ် အောင်ရုံတင်တော့မယ်လို့ MGM ကုမ္ပဏီ ဒါရိုက်တာက ဆိုလိုက်ပါတယ်။
အမေရိကားကို MGMက ဖြန့်မှာ ဖြစ်ပြီး ကမ္ဘာကိုတော့ ယူနီဗာဆယ် က ဖြန့် မှာပါ။ ဂျိမ်းစ်ဘွန်း ကို ရုံတင်ဖို့ ကြိုး စားနေတာ အားလုံး ၁၈ လကြာသွားပါတယ်။
ကန်ဒေါ်လာ သန်း ၂၅၀ အကုန်အကျခံပြီး ရိုက်ထားတဲ့ ဂျိမ်းစဘွန်း က ရုံမတင်နိုင်လို့ ငွေမြုပ်နေပါတယ်။ ၂၀၂၀ မတ်လမှာရုံတင်မယ်လို့ စီစဉ်ခဲ့ပေမဲ့ အဲ့ဒိကာလက ကမ္ဘာကြီးကို ကိုဗစ် ပထမလှိုင်း စတင်ပြီး ရိုက်ခတ်နေလို့ ရုံ မတင်ဖြစ်ခဲ့ပါဘူး ။
၂၀၂၁ ဧပြီမှာ ရုံတင်ဖို့ စီစဉ်ထားပေမဲ့လည်း ကိုဗစ်တတိယလှိုင်း ကြောင့် ရက်ရွှေ့ ခဲ့ရပါတယ်။ အခုတခါ အောက်တိုဘာ၈ ရက်မှာတော့ သေချာပေါက် ရုံတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ကြားနေရတဲ့ ကောလဟလ တစ်ခုကတော့ အမေဇုံနဲ့ နက်ဖလစ်တို့ က အွန်လိုင်းကနေ ဖြန့်ချီဖို့အတွက် ကန်ဒေါ်လာ ထောင်ဂဏန်းနား နီးနီး ပေးဖို့ ဈေးပြိုင်နေတယ်လို့ ဆိုပါတယ်။
အမေရိကားမှာ ကိုဗစ်က အကင်းမသေ သေးဘူး ဖြစ်နေလို့ ကိုဗစ် အဖြစ်နည်းနေတဲ့ နိုင်ငံတွေက အမေရိကားထက်စောပြီး ပြသချင်နေပါတယ်။ လန်ဒန်မှာကလည်း စက်တင်ဘာ ၂၈ ရက်နေ့ မှာ ဂျိမ်းစ်ဘွန်းကို ရုံတင်ချင်နေပါတယ်။
REF: japan today,Photo :Credit flimaffinity
Zawgyi
လည္တဆန႔္ဆန႔္ျဖစ္ေနတဲ့ ဂ်ိမ္းစ္ဘြန္း ရဲ႕ NO TIME TO DIE ႐ုံတင္ရက္ ေသခ်ာသြားၿပီ

ေမာင္ယႆ ( ၾသဂုတ္ ၂၆ )
အက္ရွင္ကားကိုႀကိဳက္တဲ့ ပရိသတ္ေတြ လည္ဆန႔္ဆန႔္ ျဖစ္ေနတဲ့ ဂ်ိမ္စ္ဘြန္း စပိုင္စီရီး ေနာက္ဆုံးကားျဖစ္တဲ့ No Time To die ကေတာ့ ေအာက္တိုဘာလ ၈ ရက္ေန႔မွာ ႐ုံတင္ၿပီး ကမာၻ အႏွံ႔ ကိုျပသပါေတာ့မယ္။
ဂ်ိမ္းစ္ဘြန္ကေတာ့ ကမာၻႀကီးကို ေနာက္တစ္ႀကိမ္ ကယ္တင္ခြင့္ ရေတာ့မွာပါ။ သူက ကမာၻႀကီးကို ကယ္တင္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ကမာၻႀကီးမွာ ကိုဗစ္ေရာဂါျပန႔္ႏွံ႔ေနလို႔ ကယ္တင္ခြင့္ ကို ရက္ျပန္ျပန္ခ်ိတ္ေနလိုက္ရလို႔ ႐ုံမတင္ႏိုင္ဘူးျဖစ္ေနပါတယ္။
ဒီကေန႔ လာဗီးဂတ္မွာ အစမ္းကစၿပီၿပီး ေအာက္တိုဘာ၈ ရက္ကို မျဖစ္ျဖစ္ ေအာင္႐ုံတင္ေတာ့မယ္လို႔ MGM ကုမၸဏီ ဒါ႐ိုက္တာက ဆိုလိုက္ပါတယ္။
အေမရိကားကို MGMက ျဖန႔္မွာ ျဖစ္ၿပီး ကမာၻကိုေတာ့ ယူနီဗာဆယ္ က ျဖန႔္ မွာပါ။ ဂ်ိမ္းစ္ဘြန္း ကို ႐ုံတင္ဖို႔ ႀကိဳး စားေနတာ အားလုံး ၁၈ လၾကာသြားပါတယ္။
ကန္ေဒၚလာ သန္း ၂၅၀ အကုန္အက်ခံၿပီး ႐ိုက္ထားတဲ့ ဂ်ိမ္းစဘြန္း က ႐ုံမတင္ႏိုင္လို႔ ေငြျမဳပ္ေနပါတယ္။ ၂၀၂၀ မတ္လမွာ႐ုံတင္မယ္လို႔ စီစဥ္ခဲ့ေပမဲ့ အဲ့ဒိကာလက ကမာၻႀကီးကို ကိုဗစ္ ပထမလႈိင္း စတင္ၿပီး ႐ိုက္ခတ္ေနလို႔ ႐ုံ မတင္ျဖစ္ခဲ့ပါဘူး ။
၂၀၂၁ ဧၿပီမွာ ႐ုံတင္ဖို႔ စီစဥ္ထားေပမဲ့လည္း ကိုဗစ္တတိယလႈိင္း ေၾကာင့္ ရက္ေ႐ႊ႕ ခဲ့ရပါတယ္။ အခုတခါ ေအာက္တိုဘာ၈ ရက္မွာေတာ့ ေသခ်ာေပါက္ ႐ုံတင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ၾကားေနရတဲ့ ေကာလဟလ တစ္ခုကေတာ့ အေမဇုံနဲ႔ နက္ဖလစ္တို႔ က အြန္လိုင္းကေန ျဖန႔္ခ်ီဖို႔အတြက္ ကန္ေဒၚလာ ေထာင္ဂဏန္းနား နီးနီး ေပးဖို႔ ေဈးၿပိဳင္ေနတယ္လို႔ ဆိုပါတယ္။
အေမရိကားမွာ ကိုဗစ္က အကင္းမေသ ေသးဘူး ျဖစ္ေနလို႔ ကိုဗစ္ အျဖစ္နည္းေနတဲ့ ႏိုင္ငံေတြက အေမရိကားထက္ေစာၿပီး ျပသခ်င္ေနပါတယ္။ လန္ဒန္မွာကလည္း စက္တင္ဘာ ၂၈ ရက္ေန႔ မွာ ဂ်ိမ္းစ္ဘြန္းကို ႐ုံတင္ခ်င္ေနပါတယ္။
REF: japan today
Photo : flimaffinity
No Comments