လင်နို့မျိုးစိတ်အချို့ က ကလေးရီသံတွေကို ထုတ်လွှတ် နိုင်တယ်လို့ တွေ့ ရှိ

လင်နို့မျိုးစိတ်အချို့ က ကလေးရီသံတွေကို ထုတ်လွှတ် နိုင်တယ်လို့ တွေ့ ရှိ
International-news

လင်နို့မျိုးစိတ်အချို့ က ကလေးရီသံတွေကို ထုတ်လွှတ် နိုင်တယ်လို့ တွေ့ ရှိ

မောင်ယဿ ( သြဂုတ် ၂၁ )

အမေရိကား အလယ်ပိုင်းက လင်းနို့မျိုးစိတ် တစ်ခုက လူသားကလေးငယ်ပေါက်စနလေးတွေ ရီတဲ့ အသံမျိုးကို ထုတ်လွှင့်နိုင်တယ်လို့ ကြာသပတေးနေ့က ထုတ်ဝေတဲ့ Science ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

သိပ္ပံပညာရှင်တွေက ဒေသခံတွေရဲ့ ပြောကြားချက်ကို သိရှိပြီးတဲ့ နောက်မှာတော့ အဲ့ဒိ ဆက်ကောထရစ် ဘီလီနီယာတာ လင်းနို့ မျိုးစိတ်တွေကို တောထဲကနေ ဖမ်းလာပြီ စမ်းသက်ခန်းတွေ ထဲမှာ လေ့လာခဲ့ပါတယ်။

လင်းနို့မျိုးစိတ်ရဲ့ ကလေးတွေက လူသားကလေးငယ်တွေ ပါးစပ်ကနေပြောတဲ့ ပလုံးပထွေး စကားသံတွေကို ၄၃မိနစ် ကြာအောင် ပြောခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။

လူသားတွေ စကားပြောတဲ့အသံတွေ ၊ ရီသံတွေ နဲ့ ဆူညံသံတွေက အဲ့ဒိလင်းနို့ မျိုးစိတ် သက်ကြီးကောင် တွေရဲ့ အချင်းချင်း ဆက်သွယ်မှု အချက်ပေးသံလို ဖြစ်နေပါတယ်။

“ ကလေးတွေရဲ့ ပလုံးပထွေး အသံတွေက စကားဖြစ်ပေါ်ဖို့အတွက် အရေးကြီးတဲ့ အခြေခံ အချက်တစ်ခုပါပဲ။ စကားသံ ဖြစ်ပေါ်လာဖို့အတွက် အဲ့ဒိအသံက အစပြုရတာပါ။

သုတေသီ မာတီနာနာဂီ ရဲ့လေ့လာမှုက ဘာပြောသလဲဆိုတော့ အဲ့ဒိလင်းနို့တွေက အိပ်တန်းနဲ့ အဝေးရောက်ပြီဆိုတာနဲ့ လူသားကလေးတွေ အသံပြုတဲ့ အသံမျိုး ထုတ်လွှင့်ပါတယ်” လို့ ဆိုထားပါတယ်။
“ လင်းနို့အကြီးကောင်တွေက ကလေးသံတွေ လွှင့်တယ်ဆို တာ သူတို့သီချင်းဆို ကြတာပါ။

သူတို့ရဲ့ အသံထုတ်လွှင့်တဲ့ စနစ်က လူသားတွေရဲ့ စကားသံအစ ကို ပြန်ပြီး လေ့လာလို့ ရပါတယ်။ ကျနော်တို့ သိပ္ပံပညာရှင်တွေ က ဘာလို့ ဒီကိစ္စကို စိတ်ဝင်စား နေတာလဲဆိုတော့ လူသားတွေရဲ့ အစတစ်ခုကို ဆွဲထုတ်နိုင် တဲ့အတွက် ကြောင့် ဖြစ်ပါတယ်။

လူသားတွေ ဘယ်လို စကားစပြောသလဲ ဆိုတာကို အယူအဆတစ်ရပ်အနေနဲ့ပဲပြော နိုင်ပါတယ်။ သိပ္ပံနည်းကျ အချက်တစ်ချက်လိုအပ်နေပါတယ်။ လက်ရှိ လေ့လာမှုက ပြတ်တောက်နေတဲ့ ကွင်း ဆက်က်ကို ချိတ်ပေးနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဘာသာ စကားရဲ့ မှုလရင်းမြစ်ကို လေ့လာနိုင်သလို တိရစ္ဆာန်တွေ နဲ့ ဆက်သွယ်လို့ရ နိုင်တဲ့ ဘာသာစကားတွေကို ရှာဖွေလို့ ရနိုင်တဲ့ ရင်းမြစ်ဖြစ်နေလို့ပါပဲ” လို့ ဆိုပါတယ်။

REF: UPI,Photo:Credit  UPI

Zawgyi


လင်နို့မျိုးစိတ်အချို့ က ကလေးရီသံတွေကို ထုတ်လွှတ် နိုင်တယ်လို့ တွေ့ ရှိ
လင်နို့မျိုးစိတ်အချို့ က ကလေးရီသံတွေကို ထုတ်လွှတ် နိုင်တယ်လို့ တွေ့ ရှိ

မောင်ယဿ ( သြဂုတ် ၂၁ )



လင်နို့မျိုးစိတ်အချို့ က ကလေးရီသံတွေကို ထုတ်လွှတ် နိုင်တယ်လို့ တွေ့ ရှိ 1





လင်နို့မျိုးစိတ်အချို့ က ကလေးရီသံတွေကို ထုတ်လွှတ် နိုင်တယ်လို့ တွေ့ ရှိ 2




REF: UPI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …