Entertainment
Unicode
လင်မယားပြဿနာ လိုင်းပေါ် တက်ရှင်းရတဲ့ အက်ရှေးကူမား
ဘောလီးဝုဒ်က နာမည်ကျော် စုံတွဲ တစ်တွဲဖြစ်တဲ့ အက်ရှေး ကူမားနဲ့ တွင်ကယ်ခန်နာ တို့စုံတွဲက သူတို့လင်မယားပြဿနာကို လိုင်ပေါ်တင်ပြီးရှင်းနေပါတယ်။ တွင်ကယ်က အက်ရှေးရဲ့ အိုင်ပတ် ကို ကုတ်နံပါတ် (ပတ်စ်ဝတ်) ပြောင်းလိုက်တဲ့အတွက် အက်ရှေးက ဖုန်းသုံးလို့မရတဲ့အတွက်ကြောင့် လိုင်းပေါ်မှာ သူ ကို ဝိုင်း ကူ ညီ ကြ ဖို့ အတွက် တောင်း ပန် နေ ပါ တယ်။ ။
စာရေးဆရာမဖြစ်တဲ့ တွင်ကယ်က သူမယောက်ျားကို ဘယ်လိုထိန်းချုပ်ရမယ် ဆိုတာကို ကောင်းကောင်းသိပုံရပါတယ်။ သူမယောက်ျားရဲ့ ဖုန်းကို ပတ်စ်မပြောင်းခင်မှာကတည်းက လိုင်းပေါ်တက်ပြီး အက်ရှေး ကူမားဖုန်းကို ပက်စ်ဝက်ပြောင်းလိုက်မယ် ။ သူ အကူအညီတောင်းတဲ့ အခါမှာ ကူညီချင်လည်း ကူညီပါ။ မကူညီချင်လည်းရပါတယ်ဆိုပြီး အက်ရှေးကူမားရဲ့ အိုင်ပတ်နဲ့ တင်ပြီးမှ ပက်စ်ဝက်ကိုပြောင်းလိုက် တာပါ။ တွင်ကယ်ကသူမရဲ့တွစ်တာမှာ “ရှင်တို့ စဉ်းစားကြည့်လေ။ သမီး နီတာရာက ကရာတေး သင် တန်း တက် နေ ပြီ။ ။
အိမ်အလုပ်တွေနဲ့ ကျမက လိုက်ပို့နေရတယ်။ သူကတော့ အိုင်ပတ်တစ်လုံးရယ် ခရစ်ကတ် ဂိမ်းရယ်နဲ့ တစ်ချိန်လုံး ထမင်းမေ့ ဟင်းမေ့ဖြစ်နေတယ်။ အဲ့လို ဧည့်ခန်းထဲမှာ မှောက်လိုက်လှန်လိုက်လုပ်နေပြီး ကျမကိုလည်း စိတ်မဝင်စားတော့ဘူးဆိုတော့ ဒီအတိုင်းထားလို့ ဘယ်ရတော့မလဲ။ သူ့အလစ်မှာ သူ့ အိုင်ဖုန်းက ပက်စ် ဝက် ကို ပြောင်း လိုက် တာ ပေါ့” လို့ ရေး တင် လိုက် ပါ တယ်။ ။
ဘောလီးဝုဒ် စတား အက်ရှေး ကူမားက နောက်ဖုန်းတစ်လုံးနဲ့ လိုင်ပေါ်တက်ပြီး သူ့အခက်အခဲကို ဖြေရှင်းပေးနိုင်ရင် ဖြေရှင်းပေးဖို့အတွက် တောင်းဆိုမှုတွေတင်ပေမဲ့ ဘယ်သူကမှ သူ့ကိုမတုံ့ပြန်ကြပါဘူး။ သူ့ဖန်တစ်ယောက်ကတော့ လိုင်းပေါ်မှာ ဗီဒေးမှာ မိန်းမနဲ့ နှပ်မနေဘဲ ဂိမ်းဆော့ဖို့လုပ်နေတော့ ဟိုက ပညာပြတာကိုခံလိုက်ရမှာပေါ့လို့ တဟား ဟား ရီး သံ နဲ့ ပြန် ရေး ထား ပါ တယ်။ ။
အ ခု တော့ အက် ရှေး ကူ မား တစ် ယောက် တွင်ကယ် ရဲ့ လက် ချက် နဲ့ လှုတ် မ ရ ဘူး ဖြစ် နေ ပါ တယ်။ ။
မောင်ယဿ REF: Bollywood life photo; twitter
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း
Entertainment
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း ဝူဗာရိန်းဆိုတာ အမေရိကန် ကာတွန်းစာအုပ်ထဲက လူထူးလူဆန်း တစ်ယောက်ပါ ။ တကယ့်စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး သိပ္ပံ ဓာတ်ခွဲခန်း ထဲက ထွက်လာတဲ့ ပါဝါမန်းတွေပါ ။ X-man နဲ့ ဆက်နွယ် နေတဲ့ သိပ္ပံဝတ္ထု ဇာတ်လမ်းတွဲ တွေပါ ။ သူ့ရဲ့ အဓိက ပါဝါက တိုက်ခိုက်ရည် ကောင်းတဲ့ အပြင် ဒဏ်ရာရ လာပါက အလိုအလျောက် ကုသနိုင်တဲ့ စွမ်းရည်ပါပဲ ။ လိုဂန် ဖြစ်တဲ့ ဟတ်ဂျက်မန်းက X-man ဇာတ်လမ်းတွဲ ကို ဆက်မရိုက်နိုင် တော့လို့ မာဘယ်ရုပ်ရှင် ကုမ္ပဏီက ဒူဂါရေး စကော့ကို …
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXOအဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ
Entertainment
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXO အဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXO အဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ လွန်ခဲ့တဲ့ ၂လလောက်က တောင်ကိုရီးယား နဲ့ ကမ္ဘာကျော် ကေပေါ့ ဝိုင်းတစ်ဝိုင်း ဖြစ်တဲ့ EXO အဖွဲ့ဝင် ချန် က သူ့ရည်းစားမှာ ကိုယ်ဝန်ရ နေပြီလို့ ကြေညာပြီးနောက် မှာတော့ ပရိသက်က သူ့ကို တော်တော် ဒေါသထွက်နေပါတယ်။ ချန်ဆိုတာက EXO အဖွဲ့မှာ အချမ်းသာဆုံး ရပ်ပါ သီချင်းရေးသူ ထုတ်လုပ်သူ သရုပ်ဆောင် မော်ဒယ် တစ်ယောက်ပါ။ ၂၀၀၈ က မော်ဒယ်ပြိုင်ပွဲတစ်ခုမှာ ဒုတိယရခဲ့စဉ်က SM ဖျော်ဖြေရေး ကုမ္ပဏီ က သူကိုသဘောကျပြီး လေ့ကျင့်ပေးခဲ့ရင်းက သူက …
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို
Entertainment
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို အိန္ဒိယမှာ တောင်ပိုင်းရုပ်ရှင် ဖျော်ဖြေရေးလုပ်ငန်းတွေက ဘောလီးဝုဒ်လောက် အရေးမပါဘူးလို့ လူတွေက ဘာကြောင့် ပြောနေရလဲဆိုတာကို ကျမဖြင့် စဉ်းစားလို့ မရပါဘူး လို့ ရှရူတီဟာဆန်က ပြောပါတယ်။ သူမကတော့ ဘောလီဝုဒ်ကို မရောက်ခင် ကတည်းက တမီးလ် တလူဂူး ဟင်ဒီ စကားပြောရုပ်ရှင် လောကမှာ နောက်ခံတေးသီးချင်း အဆိုတော် ရုပ်ရှင်မင်းသမီး အဖြစ်နဲ့ ကျင်လည်ခဲ့သူပါ။ သူမက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင် လောကတွေ ကျင်လည်လာပြီး နောက်မှာတော့ တောင်ပိုင်းရုပ်ရှင်လုပ်ငန်းတွေနဲ့ ဘောလီးဝုဒ်က ရုပ်ရှင်လုပ်ငန်းတွေက ဘာမှ ကွာခြားချက် မရှိ ပါဘူးလို့ ဆိုပါတယ်။ “အနုပညာရှင်တစ်ယောက်အနေနဲ့ …