လက်တော့ခိုးသွားတဲ့ တောဝက်ကို ကိုယ်လုံးတီး လိုက်ဖမ်းပြီး ပြန်လုခဲ့ရတဲ့ ရယ်မောဖွယ်အဖြစ်

လက်တော့ခိုးသွားတဲ့ တောဝက်ကို ကိုယ်လုံးတီး လိုက်ဖမ်းပြီး ပြန်လုခဲ့ရတဲ့ ရယ်မောဖွယ်အဖြစ်
Funny

လက်တော့ခိုးသွားတဲ့ တောဝက်ကို ကိုယ်လုံးတီး လိုက်ဖမ်းပြီး ပြန်လုခဲ့ရတဲ့ ရယ်မောဖွယ်အဖြစ်

ဂျာမဏီ နိုင်ငံက ဘာလင်ရေကန်မှာ ရေကူးပြီး ကိုယ်လုံးတီး အနားယူနေတဲ့ လူတစ်ယောက်ရဲ့ လက်တော့ပါတဲ့ အိတ်ကို တောဝက်မ တစ်ကောင်နဲ့ ကလေး၂ကောင်က ခိုးယူပြီး ထွက်ပြေး သွားလို့ ပိုင်ရှင်က ကိုယ်လုံးတီးနဲ့ လိုက်ဖမ်းတာကို မြင်ရတဲ့ သူတွေက ဝိုင်းပြီးရယ်မော ကြရပါတယ်။

ဒါ့အပြင် အမျိုးသမီးတစ်ဦးက အဲ့ဒိဖြစ်စဉ်ကို ဗီဒီယိုရိုက်ပြီး ခွင့်ပြုချက်တောင်းကာ လိုင်းပေါ် တင်လိုက်တော့ လိုင်းပေါ်မှာ ဝက်ဝက်ကွဲ သွားပါတယ်။

လက်တော့ခိုးသွားတဲ့ တောဝက်ကို ကိုယ်လုံးတီး လိုက်ဖမ်းပြီး ပြန်လုခဲ့ရတဲ့ ရယ်မောဖွယ်အဖြစ်1

အဲ့ဒိဇာတ်လမ်းကို ဗီဒီယိုရိုက်တဲ့ အမျိုးသမီးက လိုင်းပေါ် မတင်ခင်မှာ အဲ့ဒိလူကို သွားတွေ့ကာ ဒီဖြစ်ရပ်ကို လိုင်ပေါ် တင်ချင်တယ်ပြောတော့ အဲ့ဒိလူက ရယ်မောပြီး တင်လို့ရကြောင်းနဲ့ ဟာသဖြစ်ရပ်ကို အားလုံး ရယ်မောနိုင်ဖို့ရယ် ၊ သူ့ဟာသူတောင် တွေးတွေးပြီး ရယ်မိကြောင်း နဲ့ အခုလိုမှတ်တမ်းလေးရှိတော့ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ကြည့်ပြီး ရယ်ရတာပေါ့ လို့ ဆိုတယ်။

ဗီဒီယိုဖိုင်တင်တဲ့ အမျိုးသမီးက သူ့ကို ဘာဖြစ်လို့ အိတ်ကို အသည်းအသန် လိုက်လုရတာလို့ မေးတော့ အိတ်ပိုင်ရှင်က အဲ့ဒိအိတ်ထဲမှာ ကျနော်လက်တော့နဲ့ မွေးနေ့ မှာ ဝတ်ဖို့အတွက် ဝယ်ထားတဲ့ ဝတ်စုံသစ်တစ်စုံ ပါသွားလို့ မနည်းပြန်လိုက် လုရတာပါလို့ ပြောပါတယ်။

လက်တော့ခိုးသွားတဲ့ တောဝက်ကို ကိုယ်လုံးတီး လိုက်ဖမ်းပြီး ပြန်လုခဲ့ရတဲ့ ရယ်မောဖွယ်အဖြစ်2

ဘာလင်မြို့ အနောက်ပိုင်းက တူဖောဆီး ဆိုတဲ့ ရေကန်က ကိုယ်လုံးတီး အပန်းဖြေလိုသူတွေ အတွက် အလွန်နာမည်ကြီး ပါတယ်။ အဲ့ဒီမှာ ရေကူးပြီး အခင်းခင်းကာ လုံးတီးချွတ်ပြီး နေပူစာလှုံကာ အနားယူကြ တာပါ။

ပတ်ဝန်းကျင်က သဘာဝ ဘေးမဲ့တောရှိလို့ တောရိုင်း တိရစ္ဆာန်တွေက လူတွေ နားကို လာလေ့ရှိပါတယ်။ လူတွေကလည်း သူတို့မှာပါတဲ့ အစားအစာတွေကို တောရိုင်း တိရစ္ဆာန် ကလေးတွေကို အစာကျွေးကြပါတယ်။

တောဝက်မမိသားစုက လူတွေကျွေးတဲ့ ပီဇာတွေကို လာစားကြရင်းက အဲ့ဒိလူရဲ့ အိတ်အဝါရောင်ကို အစာထည့်တဲ့ အိတ်မှတ်ပြီး ခိုးယူထွက်ပြေးသွားတာပါ။ တောဝက်မက အိတ်ကိုဆွဲသွား ချင်းချင်းပဲ အဲ့ဒိလူက ကိုယ်လုံတီးနဲ့ လိုက်ဖမ်းရတော့ တာပါပဲ။

တောဝက်မတို့မိသားစုက တောအုပ်ထဲကို ဝင်ပြေးသွားတော့ အဲ့ဒိလူက အတင်းထိုးလိုက်ပြီး မောင်းထုတ်လိုက်လို့ တောဝက်မက အိတ်ကိုချကာ ကလေးတွေနဲ့ တောထဲကို ပြေးဝင် သွားပါတယ်။ အဲ့ဒိလူ အိတ်ကို ပြန်ပြီးယူလာတော့ အားလုံးက ဝိုင်းပြီး လက်ခုတ်တီး သြဘာ ပေးခဲ့ကြပါတယ်။

ဘာလင်သစ်တောဌာနကတော့ ဒါမျိုးက ဖြစ်တောင့်ဖြစ်ခဲပါ ကျနော်တို့က လူတွေနားကို လာတတ်တဲ့ အကောင်တွေကို မှတ်တမ်း ပြုထားပါတယ်။ မြေခွေးလို ကောင်မျိုးတွေကိုတော့ လာလို့မရအောင် စည်းရိုးတွေနဲ့ အလုံအခြုံ ကာထားပါတယ်။ အခုဟာက လူရောတိရစ္ဆာန်တွေပါ ထိခိုက်ဒဏ်ရာ မရတာကိုပဲ ကျေနပ်ရပါပြီလို့ ဆိုတယ်။

မောင်ယဿ, REF: the guardian, photo; adele landure

Zawgyi












No Comments

Leave a Reply

Your email address will not be published.

သင့်သက်တမ်းမှာ''''''
Funny
သင့်သက်တမ်းမှာ”””

သင့်သက်တမ်းမှာ””” လူတိုင်း လူတိုင်းဟာ မိမိတို့ နေထိုင်ခွင့် ရှိနေသမျှ သက်တမ်းမှာ ကျန်းမာခြင်း ပျော်ရွှင်ခြင်းတွေ နဲ့ သာ တည်ဆောက် နေထိုင်ချင်ကြတာ သဘာဝပါ။ သို့သော်လည်း မိမိတို့ရဲ့ စားသောက်နေထိုင် မှူကို ဆင်ချင်ဖို့ ဂရုပြုဖို့ ကိုတော့ မေ့လျော့ နေကြ သူချည့်ပင် မဟုတ်ပါလား။ သင့်အနေနဲ့ နေထိုင်သမျှ သက်တမ်းတစ်လျှောက်မှာ ကျန်းမာ ပျော်ရွှင်စွာ ရှိနေဖို့ အများကြီး ကျင့်ကြံဖို့ မလိုပါ ။ ကြည့် ကြည့် ကြ ပါ စို့….။ ဟင်းသီး ဟင်းရွက် စားပါ””’ ဟင်းသီး ဟင်းရွက်များမှာ အမျှင်ဓာတ်ဗီတာမင် နဲ့သတ္ထုဓာတ်တွေ များစွာပါဝင်တာမို့နာတာရှည်ရောဂါများ မဖြစ်ပွားအောင် ကာကွယ် …

ကမ်းခြေက ၄ မိုင်အကွာ ပင်လယ်ထဲမှာ ရေကူးနေတဲ့ သားပိုက်ကောင်
Entertainment
ကမ်းခြေက ၄ မိုင်အကွာ ပင်လယ်ထဲမှာ ရေကူးနေတဲ့ သားပိုက်ကောင်

ကမ်းခြေက ၄ မိုင်အကွာ ပင်လယ်ထဲမှာ ရေကူးနေတဲ့ သားပိုက်ကောင် သားပိုက်ကောင်ဆိုတာ ခြေလက်တွေ အားသန်လွန်တယ် ဆိုတာကို လူတိုင်း သိ ကြ ပါ တယ်။ သူတို့ရဲ့ ရှေ့ လက်တိုလေး ၂ ချောင်းက ပြင်းပြင်း ထန်ထန် တိုက်ခိုက် နိုင်သလို နောက်ခြေ ၂ ချောင်း ကလည်း အားနဲ့ အင်နဲ့ ခုန် နိုင် ပါ တယ်။ အဲ့လို အားကောင်းတဲ့ သားပိုက် ကောင် အမ တစ်ကောင်က ပင်လယ်ထဲကို ကမ်ခြေက ၄ မိုင်အကွာထိ ရေကူး နိုင် ခဲ့ ပါ တယ်။ ပင်လယ်ထဲ …