လက္ေတြ႕ျဖစ္စဥ္ေတြက စိတ္ကူးယဥ္ေနလို႔ မရဘူး (သို႔) ကမာၻမီးေလာင္ သားေကာင္ခ်နင္း
- By : Phoe Linn
- Category : International-news
- Tags: international news

လက္ေတြ႕ျဖစ္စဥ္ေတြက စိတ္ကူးယဥ္ေနလို႔ မရဘူး (သို႔) ကမာၻမီးေလာင္ သားေကာင္ခ်နင္း
က်ေနာ္တို႔ ၾသစေတးလွ် ေတာမီး အေၾကာင္းကို ဖတ္ရတယ္ ၾကည့္ရတယ္ ျမင္ရ ပါတယ္ ။ ေၾကကြဲစရာေတြ အမ်ားႀကီးပါ ။ အကူအညီေတြ ေပးတာ ေတြကို ေတြ႕ရေတာ့လည္း ဝမ္းေျမာက္ ဝမ္းသာျဖစ္ရ ပါတယ္ ။ အခု သတင္း ကေတာ့ ဘာေျပာလို႔ ေျပာရမွန္းကို မသိေအာင္ ျဖစ္ခဲ့ ရတယ္ ။
အန္ဂ်ီအို အုပ္စု တစ္စုက ထြက္လာတဲ့ အသံပါ ။ သူတို႔က ေတာမီးေလာင္ ေနစဥ္အတြင္း အကူ အညီေတြကို အမ်ားႀကီး ေပးခဲ့ ပါတယ္ ။ ေငြအား လူအား မနားမေန ကူညီခဲ့ သူေတြပါ ။ တကယ့္ေစတနာ့ ဝန္ထမ္းေတြပါ ။ သူတို႔ ေျပာလာတာက ၾသဇီ အစိုးရက ေတာမီး ေလာင္ေနစဥ္ ကာလ တုန္းက မေ႐ြ႕ေျပာင္းႏိုင္ ေတာ့တဲ့ ေတာ႐ိုင္း တိရစာၦန္ေတြကို ေနရာ မွာပဲ ပစ္သတ္လိုက္ဖို႔ အတြက္ အမိန႔္ ေပးခဲ့တယ္တဲ့ ။
အဲ့ဒါေၾကာင့္ ကိုအာလာ လို မာခ႐ိုေပါ့ လို အလြန္ ေႏွးေကြးတဲ့ အေကာင္ေလး ေတြရယ္ အျခား မိခင္ေတြ စြန႔္ပစ္ ခဲ့တဲ့ အေကာင္ေပါက္ေလး ေတြကို မ်ိဳးတုန္းသြား ေလာက္တဲ့အထိ အသတ္ခံ လိုက္ရပါတယ္ ။ ဘာေျပာလို႔ ရမလဲ ။
ေတာမီးကို ၿငိမ္းဖို႔က တစ္ဖက္ အေကာင္ငယ္ ကေလးေတြကို ကယ္ဆယ္ဖို႔က တစ္ဖက္နဲ႔ ရွိတဲ့ လူအင္အားနဲ႔ က မေလာက္ေတာ့ အေကာင္ေလး ေတြကို ေခါင္းကိုခ်ိန္ၿပီး ေသနတ္နဲ႔ အဆုံးစီရင္ လိုက္တာက သူတို႔ အတြက္ အသက္သာဆုံး ျဖစ္မယ္လို႔ အစိုးရက ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္ ။
ရက္စက္လြန္းရာ က်ေပမဲ့ သန္းေပါင္းမ်ားစြာ ေသာ အေကာင္ေတြကို ကယ္ဆယ္ေရး လုပ္ေနရင္ ေတာမီးကို လက္လြတ္ ရလိမ့္မယ္ ။ ၿပီးရင္ အေကာင္ေလးေတြကို ေတာထဲကို ျပန္လႊတ္ႏိုင္ဖို႔ ႏွစ္ရွည္ လမ်ား ျပဳစု ေစာင့္ေရွာက္ ရမယ္ ။ ကုန္က် စားရိတ္ လူအင္အားက ဘယ္လိုမွ မျဖစ္ႏိုင္ဘူး ။ ဒါေၾကာင့္ သတ္ပစ္ ဖို႔ကို အမိန႔္ေပး ထားတာပါ ။
အဲ့ဒါက တကယ့္ လက္ေတြ႕ ျဖစ္စဥ္ပါ ။ အစိုးရက ရက္စက္ လြန္းရာ က်တယ္ ။ အေကာင္ေလးေတြမွာလည္း အသက္ရွိတယ္ ။ ကိုယ္ခ်င္းစာ တရားမရွိဘူး ။ သူတို႔ကို အသက္ရွင္ခြင့္ ေပးရမယ္ ဆိုတဲ့ စကားေတြ ကလည္း လူ႔ယဥ္ေက်းမႈ စံႏႈန္းနဲ႔ ေျပာတာ ။ အဲ့ဒါက စိတ္ကူးယဥ္ ဝါဒ။ အဲ့ဒိ ၂ ခုၾကားမွာ က်ေနာ္တို႔ အေတြးေတြ စုန္ဆန္ ကူးေနရတယ္ ။
မီးေလာင္ျပင္မွာ မီးေလာင္ခံ ေနရတဲ့ အေကာင္ ေတာ္ေတာ္ မ်ားမ်ားက ပစ္သက္ခံ လိုက္ရတယ္ ဆိုတာက ေတာမီး ေနာက္ကြယ္က တစ္ကယ့္ ျဖစ္ရပ္ပါ ။ အျမန္ဆုံး ေသေအာင္ လုပ္ေပးလိုက္ ရတာကိုပဲ ေက်းဇူးတင္ ရမလား ။ ရက္စက္လြန္းအား ႀကီးတယ္လို႔ပဲ စြတ္စြဲရမလား ဆိုတဲ့ သို႔ေလာ သို႔ေလာ အေတြးမ်ားနဲ႔ ေဝခြဲရ ခက္ေနပါတယ္ ။
ေမာင္ယႆ REF: world of buzz
Unicode
လက်တွေ့ဖြစ်စဉ်တွေက စိတ်ကူးယဉ်နေလို့ မရဘူး (သို့) ကမ္ဘာမီးလောင် သားကောင်ချနင်း
ကျနော်တို့ သြစတေးလျှ တောမီး အကြောင်းကို ဖတ်ရတယ် ကြည့်ရတယ် မြင်ရ ပါတယ် ။ ကြေကွဲစရာတွေ အများကြီးပါ ။ အကူအညီတွေ ပေးတာ တွေကို တွေ့ရတော့လည်း ဝမ်းမြောက် ဝမ်းသာဖြစ်ရ ပါတယ် ။ အခု သတင်း ကတော့ ဘာပြောလို့ ပြောရမှန်းကို မသိအောင် ဖြစ်ခဲ့ ရတယ် ။
အန်ဂျီအို အုပ်စု တစ်စုက ထွက်လာတဲ့ အသံပါ ။ သူတို့က တောမီးလောင် နေစဉ်အတွင်း အကူ အညီတွေကို အများကြီး ပေးခဲ့ ပါတယ် ။ ငွေအား လူအား မနားမနေ ကူညီခဲ့ သူတွေပါ ။ တကယ့်စေတနာ့ ဝန်ထမ်းတွေပါ ။ သူတို့ ပြောလာတာက သြဇီ အစိုးရက တောမီး လောင်နေစဉ် ကာလ တုန်းက မရွေ့ပြောင်းနိုင် တော့တဲ့ တောရိုင်း တိရစ္ဆာန်တွေကို နေရာ မှာပဲ ပစ်သတ်လိုက်ဖို့ အတွက် အမိန့် ပေးခဲ့တယ်တဲ့ ။
အဲ့ဒါကြောင့် ကိုအာလာ လို မာခရိုပေါ့ လို အလွန် နှေးကွေးတဲ့ အကောင်လေး တွေရယ် အခြား မိခင်တွေ စွန့်ပစ် ခဲ့တဲ့ အကောင်ပေါက်လေး တွေကို မျိုးတုန်းသွား လောက်တဲ့အထိ အသတ်ခံ လိုက်ရပါတယ် ။ ဘာပြောလို့ ရမလဲ ။
တောမီးကို ငြိမ်းဖို့က တစ်ဖက် အကောင်ငယ် ကလေးတွေကို ကယ်ဆယ်ဖို့က တစ်ဖက်နဲ့ ရှိတဲ့ လူအင်အားနဲ့ က မလောက်တော့ အကောင်လေး တွေကို ခေါင်းကိုချိန်ပြီး သေနတ်နဲ့ အဆုံးစီရင် လိုက်တာက သူတို့ အတွက် အသက်သာဆုံး ဖြစ်မယ်လို့ အစိုးရက ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။
ရက်စက်လွန်းရာ ကျပေမဲ့ သန်းပေါင်းများစွာ သော အကောင်တွေကို ကယ်ဆယ်ရေး လုပ်နေရင် တောမီးကို လက်လွတ် ရလိမ့်မယ် ။ ပြီးရင် အကောင်လေးတွေကို တောထဲကို ပြန်လွှတ်နိုင်ဖို့ နှစ်ရှည် လများ ပြုစု စောင့်ရှောက် ရမယ် ။ ကုန်ကျ စားရိတ် လူအင်အားက ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဒါကြောင့် သတ်ပစ် ဖို့ကို အမိန့်ပေး ထားတာပါ ။
အဲ့ဒါက တကယ့် လက်တွေ့ ဖြစ်စဉ်ပါ ။ အစိုးရက ရက်စက် လွန်းရာ ကျတယ် ။ အကောင်လေးတွေမှာလည်း အသက်ရှိတယ် ။ ကိုယ်ချင်းစာ တရားမရှိဘူး ။ သူတို့ကို အသက်ရှင်ခွင့် ပေးရမယ် ဆိုတဲ့ စကားတွေ ကလည်း လူ့ယဉ်ကျေးမှု စံနှုန်းနဲ့ ပြောတာ ။ အဲ့ဒါက စိတ်ကူးယဉ် ဝါဒ။ အဲ့ဒိ ၂ ခုကြားမှာ ကျနော်တို့ အတွေးတွေ စုန်ဆန် ကူးနေရတယ် ။
မီးလောင်ပြင်မှာ မီးလောင်ခံ နေရတဲ့ အကောင် တော်တော် များများက ပစ်သက်ခံ လိုက်ရတယ် ဆိုတာက တောမီး နောက်ကွယ်က တစ်ကယ့် ဖြစ်ရပ်ပါ ။ အမြန်ဆုံး သေအောင် လုပ်ပေးလိုက် ရတာကိုပဲ ကျေးဇူးတင် ရမလား ။ ရက်စက်လွန်းအား ကြီးတယ်လို့ပဲ စွတ်စွဲရမလား ဆိုတဲ့ သို့လော သို့လော အတွေးများနဲ့ ဝေခွဲရ ခက်နေပါတယ် ။
မောင်ယဿ REF: world of buzz
No Comments