International-news
Unicode
လက်မထပ်ဘဲ လိင်ဆက်ဆံတာကို ဒဏ်ရိုက်တဲ့ ဥပဒေ ပယ်ဖျက်ဖို့ လွှတ်တော်မှာတင်သွင်း
လက်မထပ်ဘဲ လိင်ဆက်ဆံတာကို ဥပဒေထဲမှာ တားမြစ်ထားတာရှိရဲ့နဲ့ ဥပဒေက စာအုပ်ထဲမှာပဲရှိပြီး မြေပြင်မှာ လက်တွေ့ကျင့်ကြံနိုင် ခြင်း မရှိတဲ့အပေါ် ဆက်လက်မထားရှိဘဲ ဖျက်သိမ်းဖို့အတွက် ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဗာဂျီးနီးယား ပြည်နယ်လွှတ်တော်မှာ ဒီမိုကရက်တစ် လွှတ်တော်အမတ် က လက်မထပ်ဘဲလိင်ဆက်ဆံမှုဟာ ရာဇဝတ်မှုမြောက်တယ်လို့ ဥပဒေပြဌန်းချက်ရှိတာကို ထောက်ပြပြီး ဥပဒေကျင့်သုံမှုထိရောက်ခြင်းရှိမရှိ မေးခွန်းထုတ်ခဲ့ပါတယ်။ နိုင်ငံတကာခရီးသည်တွေကို ဆွဲဆောင်ဖို့ အတွက် နှစ်ပေါင်းများစွာ ကြာအောင်သုံးလာတဲ့ ဗာဂျီးနီးယားက ချစ်သူတွေအတွက်ပါ ဆိုတဲ့စကားက ပြည်နယ်အထိမ်းအမှတ်လို ဖြစ်နေတဲ့ အတွက် ဥပဒေနဲ့ ဥပဒေလိုက်နာကျင့်သုံးမှု က စံလွဲနေတာကို သူက ထောက်ပြ ဆွေးနွေး မေးခွန်းထုတ်ခဲ့တာပါလို့ FOX40 သတင်းဌာနက တင်ပြခဲ့ပါတယ်။
လက်ရှိမှာက လက်မထပ်ဘဲ လိင်ဆက်ဆံရင် အဆင့်၄ မတော်တရော်နေထိုင်မှု ရာဇဝတ်မှုမြောက်တဲ့အတွက် ဒဏ်ငွေ ဒေါ်လာ ၂၅၀ ဒဏ်ရိုက်ပါတယ်။ အဲ့ဒိအတွက် ဒီမိုကရက်တစ်လွှတ်တော်အမတ် မက်လီဗိုင်းက “ ဒီဥပဒေကပေါကြောင်ကြောင်နဲ့ပါဗျာ။ တော်တော်ရှုး တာပဲ။ အများက လိုက်နာမှုမရှိတဲ့ လူမှုရေးဆိုင်ရာကိစ္စ တစ်ခုကို အပြစ်ရှိတယ် ၊ ဒဏ်ကြေးပေးရမယ်လို့ဆိုတာက တော်တော်ကို မဆီလျော်တော့တဲ့အပြင် ခောတ်နဲ့လည်း မကိုက်တော့ပါဘူး”လို့ သူက ဆိုတယ်။ ဗာဂျီးနီးယားဗဟိုတရားရုံးကတော့ အဲ့ဒိဥပဒေက အခြေခံဥပဒေပါ ဥပဒေတစ်ရပ်မဟုတ်ဘဲ ၂၀၀၅ ခုနှစ်က ပြည်နယ်အစိုးရက ပြဌန်းထားတဲ့ ဗာဂျီးနီးယားပြည်နယ်ဥပဒေ တစ်ရပ်ပါလို့ဆိုတယ်။ (စကားချပ်။။ရန်ကုန်စည်ပင်သာယာနယ်နိမိတ်မှာ ဆိုင်ကယ်မစီးရ ဆိုတဲ့ ဥပဒေနဲ့ အတူတူပါပဲ။) အခုတော့ သူတင်တဲ့အဆိုကို အထက်လွှတ်တော်တင်ပြီးဆွေးနွေးနေပါတယ်။ လီဗိုင်းကတော့ ကျနော်တို့ ဒီမိုကရက်တွေသာ လက်ရှိ အာဏါရှိကြည့် ၊ အဲ့ဒိဥပဒေကိုစာအုပ်ထဲကနေ ထုတ်ပစ် လိုက်ပါမယ် လို့ဆိုတယ်။
ဗာဂျီးနီးယားပြည်သူတွေက လူ့သဘာ၀ အတိုင်းနေတာကို နေရင်းထိုင်ရင်း အပြစ်ဖြစ်ရတယ် ရာဇဝတ်မှုမြောက်တယ်လို့ ခံစားနေရတာက ဒီမိုကရေစီစံနှုန်းပါ ပြည်သူ့ရ ပိုင်ခွင့်တွေ ဆုံးရှုံးနေတာပါပဲ။ “ဗာဂျီနီးယားက ချစ်သူတွေအတွက်ပါလို့ ဘယ်လိူဆိုလိုက်တာလဲ။ ချစ်သူတွေက အချင်းချင်း မချစ်ရတော့ ဘူးလား”လို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။ မက်ဆာချူးဆက်နဲ့ ယူတက်ပြည်နယ်တွေကတော့ အဲ့ဒိဥပဒေကို ဆန့်ကျင်နေကြပြီး အိုင်ဒါဟိုနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေကတော့ ဥပဒေကို ဆက် လက် ကျင့် သုံး နေ ပါ တယ်။
မောင်ယဿ REF: UPI photo;eternal perspective ministries
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
International-news
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန် ဆန္ဒပြ မှုများကို မနိမ်နှင်းခင်မှာ နယူးယောက်ခ် ရဲတွေက ဆန္ဒပြသူ တွေနဲ့ တစ်သားထဲ ရှိကြောင်း ဆန္ဒပြသူ တွေရဲ့ ရှေ့မှာ ရဲအချို့က ဒူးထောက်ပြီး နေပြတဲ့ပုံတွေရယ် ဆန္ဒပြသူတွေကို အကြမ်း ဖက်နေ တဲ့ပုံတွေက လိုင်းပေါ်မှာ ပလူပျံလာတော့ ရဲတွေက ငြိမ်းချမ်းရေးကို အလိုရှိတယ် ။ ရဲတွေက အကြမ်းဖက်တယ် ဆိုတဲ့ သဘောထားတွေ ကွဲလွဲမှု ဖြစ်လာပါတယ် ။ တစ်ဘက်နဲ့ တစ်ဘက် မင်းတို့ ပုံတွေက သက်သက် ဝါဒဖြန့် တာဆိုပြီး အငြင်းပွားမှု တွေဖြစ်ကာ စကားလုံးတွေနဲ့ ရန်ဖြစ် ကုန်ကြပါတယ် ။ ပုံမှာပါတာက …
ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ
International-news
ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ
ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ အမေရိကန် အဆိုတော် ကချေသည် စမန်သာဂျိမ်းကို လိုင်းပေါ်မှာ စကားလုံးတွေနဲ ညှင်းပန်းနှိပ်စက်မှုက သူသိများ ကျော်ကြားခဲ့ သလို အခုလည်း ကေပေါ့ပ်က နာမည်ကြီး အဆိုတော် ဘာဘီကို မလေးရှား ဖန်တွေက လိုင်းပေါ်ကနေဝိုင်းပြီး လှောင်ပြောင် သရော်နေပါတယ် ။ ဘာဘီနဲ့ မလေးရှား လိုင်းသုံးသူများ ကြားက အခြေအတင် ဖြစ်မှုက တစ်စစ လူသိများလာပြီး ဘာဘီ တင်တဲ့ပို့စ်ကို ဝိုင်းရှယ် ကြတော့တာပါပဲ ။ တောင်ကိုရီးယား FLY WITH ME အမျိုးသမီးဝိုင်းက အဆိုတော် ဆိုယောင်းကို ဘာဘီလို့ လူသိများပါတယ် ။ …