
International-news








မောင်ယဿ


Unicode

လက်ကီး ဖစ်ရှ် ငါးကို ကြော်စားတဲ့ အဖေကို သားက အပြစ်တင်

တစ်ခါတစ်လေ မြို့ပြ လူတန်းစားတွေနဲ့ တောနေ လူတန်းစား က အတူ နေရင် လူလူချင်း တူပေမဲ့ အတွေး အမြင်ချင်းမတူတော့ ပြဿနာတတ် တတ်ပါတယ် ။ မြို့ပြမှာ စားပါဦး လို့ လှမ်းဖိတ်ရင် ဆာဆာ မဆာဆာ ဒါက ပဋိသန္ဓေ စကားအရ ဖိတ်ကြားတယ် ဆိုတာကို အလိုလို နားလည်ပြီးဖြစ်လို့ ဟုတ်ကဲ့ စားပါခင်ဗျား ဆိုပြီး ငြင်းကြရပါတယ် ။ စားစေချင်လို့ ပြောတာမဟုတ်ဘဲ ကိုယ်စားနေချိန်မှာ ဧည့်သည် ရောက်လာလို့ မကောင်းတတ်လို့ ဖိတ်ခေါ်တဲ့ သဘေ ာဆိုတာကို လူတိုင်းသိပါတယ် ။

တောပိုင်းမှာကတော့ စားပါဦးလို့ ဖိတ်ရင် ဗိုက်ဆာနေလို့ ကတော့ ဝင်သာဆွဲပေတော့ ။ ကိုယ့် တစ်ဝမ်းတစ်ခါး အတွက်လည်း ကျွေးတဲ့သူက အပန်း မကြီးတော့ ရှိတာနဲ့သာ စားလိုက် ။ ဘာမှာ ဖြစ်စရာ အကြောင်း မရှိပါဘူး ။ အဲ့လို လူနေမှု စနစ်ကကွဲနေတော့ တောသားမြို့ရောက် ဆိုတဲ့ စကားလုံးက သိပ်ကို တာသွား ပါတယ် ။

အခုလည်း အင်ဒိုနီးရှားက တောပိုင်းမှာနေတဲ့အဖေကို မြို့ပေါ်က အိမ်ကိုခေါ်ထားတဲ့ သား အဖေရောက်ပြီး ၂ရက်အကြာမှာပဲ ပြဿနာတက်လို့ တောကို ပြန်ပို့လိုက်ရပါတယ် ။ ငါးမွေးတဲ့ သူတွေ တော်တော်များများ က လက်ကီးဖစ်ရှ် ငါးကို မွေးနိုင်ဖို့ဆိုတော် တော်တော် စိတ်ကူးယဉ်ရပါတယ် ။ ငါးတန်ဖိုးကြီးသလို နေရာအကျယ် အဝန်း နဲ့ ဂရုစိုက်မှု အရမ်းလိုတဲ့ အိမ်မွေးငါးမျိုးပါ ။ လက်ကီးဖစ်ရှ် ကိုမွေးလို့ စီးပွားတက်မတက်တော့ မသိ အဲ့ဒိ ငါးအတွက် ကရိကထက အလွန်များပါတယ် ။

အင်ဒိုနီးရှားမြို့တော် ဂျာကာတာ မြို့လယ်မှာနေတဲ့ ဘာယူဆိုတဲ့အမျိုးသားက ဇွန်လ ၁၃ ရက်နေ့က သူ့အတွေ့အကြုံကို အင်စတာဂရမ်မှာ တင်လိုက်ပါတယ် ။ သူက ၄ နှစ်သား လက်ကီးဖစ်ရှ် တစ်ကောင်ကို အင်ဒိုနီးရှားငွေ ၈သန်း နဲ့ ဝယ်ယူပြီး အိမ်မှာ မွေးထားတာပါ ။ အိမ်မှာ ထားထားတာ ၂ နှစ် ရှိနေပါပြီ။ အရင်ငါးမွေးကန်က ကျဉ်းလို့ လက်ကီးဖစ်ရှ် ထားဖို့ ကန်ကြီးကြီး ပြန်လုပ်ရတာနဲ့ ဆိုတော့ ၁၅ သန်း လောက် ကုန်သွားပါတယ် ။

တစ်ရက်တော့ တောပိုင်းက သူ့အဖေကို အိမ်ကို လှမ်းဖိတ်ပြီး မြို့ထဲကို လိုက်ပြဖို့ ခေါ်ခဲ့ပါတယ် ။ မြို့ ကို သူ့အဖေ ရောက်ရောက်ချင်းမှာပဲ သူ့မှာ အလုပ်ကိစ္စ ပေါ်လာလို့ အဖေ့ကို အိမ်မှာ ခဏနေပေးပါ ဆိုပြီး စားချင်ရာစားဖို့ ငွေ အလုံအလောက်နဲ့ အခြောက်အခြမ်းတွေ ထားပေးခဲ့ ပါတယ် ။ သူရုံးမှာ ညအိပ်ပြီး ပြန်လာတော့ ငါးကန်ထဲမှာ လက်ကီးဖစ်ရှ်က မရှိတော့ပါဘူး ။

အဲ့ဒါနဲ့သူ့အဖေကိုမေးတော့ သူအဖေက သူပြန်လာရင် စားဖို့ဆိုပြီး အဲ့ဒိငါးကို ဖမ်းပြီး ကြော်ထားတယ်လို့ ဆိုပါတယ် ။ ပြီး တော့ ငါးကြော်နှပ်ကို ထမင်းစားပွဲပေါ်မှာ ပြင်ထားတာကို ပြပါတယ် ။ အဲ့ဒိမှာ သားအတွက် စားစေချင်တဲ့ အဖေစေတနာကိုလည်း နားလည် သူ့ရဲ့ တန်ဖိုးကြီး ငါးကိုလည်း နှမြော အဖေကို အပြစ်တင်စကားပြောပြီး တော့ တောက အိမ်ကိုချက်ခြင်းပဲ ပြန်ပို့လိုက်ရပါတော့တယ် ။

မောင်ယဿ

REF: world of buzz Photo; instargram

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …