လကမာၻခရီးသြားဖို႔ လက္တြဲေဖာ္အမ်ိဳးသမီးရွာေနတဲ့ ဘီလီယံနာ

International-news

လကမာၻခရီးသြားဖို႔ လက္တြဲေဖာ္အမ်ိဳးသမီးရွာေနတဲ့ ဘီလီယံနာ

ဂ်ပန္ဘီလီယံနာ လကမာၻခရီးသြားဖို႔ လက္တြဲေဖာ္ အမ်ိဳးသမီး ရွာ

စေပ့အိတ္စ္ရဲ႕ ပထမဆုံး အာကာသ ခရီးစဥ္မွာ လိုက္ပါမယ့္ ဂ်ပန္ဘီလီယံနာ သူေဌး ယာဇာကူမဲ့ဇဝါက အာကာသထဲကို သြားဖို႔ လက္တြဲေဖာ္ အမ်ိဳးသမီး တစ္ဦးကို အပူတျပင္း ရွာေဖြ ေနတယ္လို႔ သတင္းရ ပါတယ္ ။ အာကာသ ထဲကို အလည္ သြားမယ့္ ခရီးစဥ္ အတြက္ ဖက္ရွင္လုပ္ငန္း ပိုင္ရွင္ျဖစ္သူ ယာဇာကူ ( ၄၄ႏွစ္ ) က အရပ္သား ခရီးသည္ အျဖစ္ လိုက္ပါမွာပါ ။

၁၉၇၂ ခုႏွစ္ ကတည္းက လကမာၻကို လူေတြ သြားလည္လို႔ ရႏိုင္တယ္ ဆိုတဲ့ စီမံကိန္းက ၂၀၂၃ မွာ စတင္ ျဖစ္ေတာ့မွာပါ ။ လိုင္းေပၚမွာ ယာဇာကူက သူ႔အတြက္ အထူး အမ်ိဳးသမီးတစ္ေယာက္ လိုေနပါတယ္ ။ အဲ့ဒိ အတြက္ မည္သူ မဆို ေလွ်ာက္ထား ႏိုင္ပါတယ္လို႔ ေရးတင္ ထားပါတယ္ ။ သူက လက္ရွိ တြဲေနတဲ့ ႐ုပ္ရွင္ မင္းသမီး ေအယာမီဂိုရီကီနဲ႔ ဇယားရွင္း သြားပါၿပီး ။ ဘာေႏွာင္ ႀကိဳးမွ မရွိေတာ့ပါဘူး ။ အခုေတာ့ သူ႔မွာ အထီးက်န္ ဆန္တဲ့ ေဝဒနာက လႊမ္းမိုးလို႔ ေနတယ္ဆိုၿပီး ခြၽဲခြၽဲ ျပစ္ျပစ္ေတာင္ ေရးတင္ ထားပါေသးတယ္ ။

“ အေရးႀကီးဆုံး တစ္ခ်က္က က်ေနာ္ ခ်စ္ဖို႔အတြက္ အမ်ိဳးသမီး တစ္ေယာက္ အေရးေပၚ လိုေနတယ္ဗ် ာ။ ေနာက္ၿပီး က်ေနာ္ ကိုလည္း ခ်စ္ေပါ့ဗ် ာ။ တဖက္သက္ ခ်ည္းဆိုေတာ့လည္း သိပ္မမိုက္ဘူးေပါ့ဗ် ာ။ က်ေနာ့္ ခ်စ္သူက အာကာသထဲကို လိုက္ႏိုင္ ရမွာဗ် ။

အာကာသထဲကို ေရာက္ရင္ ခ်စ္သူ လက္ကိုဆြဲၿပီး က်ေနာ့္မွာ ၿပီးျပည့္စုံတဲ့ အခ်စ္ေတြ ရွိတယ္ဗ်လို႔ ေအာ္ခ်င္တာ ” လို႔ သူက လိုင္းေပၚ ေရးတင္ထား ပါတယ္ ။ ေလွ်ာက္ထားလိုတဲ့ အမ်ိဳးသမီးမ်ား အေနနဲ႔ အသက္ ၂၀ ေက်ာ္ရမယ္ ။ အာကာသထဲကို သူနဲ႔ အတူလိုက္ပါ ရဲရမယ္ ။ အပ်ိဳ ( သို႔ ) အိမ္ေထာင္ မရွိသူျဖစ္ရမယ္ ။ အျပဳသေဘာေဆာင္တဲ့ အေကာင္းျမင္စိတ္ ရွိရမယ္ ။ ဇန္နဝါရီလ ၁၇ ရက္ေန႔ ေနာက္ဆုံး ထားၿပီး ေလွ်ာက္ထား ရပါမယ္ ။

ရလဒ္ေတြကိုေတာ့ မတ္လထဲမွာ ေၾကညာ ပါမယ္ ။ လူေတြ႕ စစ္ေဆးမႈ မလုပ္ခင္ လူခ်င္း ေတြ႕မယ့္ စားရိတ္ အခေတြကို ယာဇာကူက သူ အကုန္က် ခံပါမယ္ ။ ယာဇာကူက သူေ႐ြးခ်ယ္တဲ့ အမ်ိဳးသမီးက လကမာၻခရီးစဥ္ အတြက္ သက္သက္ မဟုတ္ဘဲ ဘ၀ လက္တြဲေဖာ္ အျဖစ္လည္း ရည္႐ြယ္ထားပါတယ္ ။ ဒီလိုမွ မဟုတ္ဘဲ အမ်ိဳးသမီးဘက္က ဆႏၵမရွိရင္ ခရီးစဥ္အၿပီးထိ အႀကဳံးဝင္တယ္လို႔ ဆိုတယ္ ။

ေမာင္ယႆ REF: in short

Unicode

လကမ္ဘာခရီးသွားဖို့ လက်တွဲဖော်အမျိုးသမီးရှာနေတဲ့ ဘီလီယံနာ

ဂျပန်ဘီလီယံနာ လကမ္ဘာခရီးသွားဖို့ လက်တွဲဖော် အမျိုးသမီး ရှာ

စပေ့အိတ်စ်ရဲ့ ပထမဆုံး အာကာသ ခရီးစဉ်မှာ လိုက်ပါမယ့် ဂျပန်ဘီလီယံနာ သူဌေး ယာဇာကူမဲ့ဇဝါက အာကာသထဲကို သွားဖို့ လက်တွဲဖော် အမျိုးသမီး တစ်ဦးကို အပူတပြင်း ရှာဖွေ နေတယ်လို့ သတင်းရ ပါတယ် ။ အာကာသ ထဲကို အလည် သွားမယ့် ခရီးစဉ် အတွက် ဖက်ရှင်လုပ်ငန်း ပိုင်ရှင်ဖြစ်သူ ယာဇာကူ ( ၄၄နှစ် ) က အရပ်သား ခရီးသည် အဖြစ် လိုက်ပါမှာပါ ။

၁၉၇၂ ခုနှစ် ကတည်းက လကမ္ဘာကို လူတွေ သွားလည်လို့ ရနိုင်တယ် ဆိုတဲ့ စီမံကိန်းက ၂၀၂၃ မှာ စတင် ဖြစ်တော့မှာပါ ။ လိုင်းပေါ်မှာ ယာဇာကူက သူ့အတွက် အထူး အမျိုးသမီးတစ်ယောက် လိုနေပါတယ် ။ အဲ့ဒိ အတွက် မည်သူ မဆို လျှောက်ထား နိုင်ပါတယ်လို့ ရေးတင် ထားပါတယ် ။ သူက လက်ရှိ တွဲနေတဲ့ ရုပ်ရှင် မင်းသမီး အေယာမီဂိုရီကီနဲ့ ဇယားရှင်း သွားပါပြီး ။ ဘာနှောင် ကြိုးမှ မရှိတော့ပါဘူး ။ အခုတော့ သူ့မှာ အထီးကျန် ဆန်တဲ့ ဝေဒနာက လွှမ်းမိုးလို့ နေတယ်ဆိုပြီး ချွဲချွဲ ပြစ်ပြစ်တောင် ရေးတင် ထားပါသေးတယ် ။

“ အရေးကြီးဆုံး တစ်ချက်က ကျနော် ချစ်ဖို့အတွက် အမျိုးသမီး တစ်ယောက် အရေးပေါ် လိုနေတယ်ဗျ ာ။ နောက်ပြီး ကျနော် ကိုလည်း ချစ်ပေါ့ဗျ ာ။ တဖက်သက် ချည်းဆိုတော့လည်း သိပ်မမိုက်ဘူးပေါ့ဗျ ာ။ ကျနော့် ချစ်သူက အာကာသထဲကို လိုက်နိုင် ရမှာဗျ ။

အာကာသထဲကို ရောက်ရင် ချစ်သူ လက်ကိုဆွဲပြီး ကျနော့်မှာ ပြီးပြည့်စုံတဲ့ အချစ်တွေ ရှိတယ်ဗျလို့ အော်ချင်တာ ” လို့ သူက လိုင်းပေါ် ရေးတင်ထား ပါတယ် ။ လျှောက်ထားလိုတဲ့ အမျိုးသမီးများ အနေနဲ့ အသက် ၂၀ ကျော်ရမယ် ။ အာကာသထဲကို သူနဲ့ အတူလိုက်ပါ ရဲရမယ် ။ အပျို ( သို့ ) အိမ်ထောင် မရှိသူဖြစ်ရမယ် ။ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ် ရှိရမယ် ။ ဇန်နဝါရီလ ၁၇ ရက်နေ့ နောက်ဆုံး ထားပြီး လျှောက်ထား ရပါမယ် ။

ရလဒ်တွေကိုတော့ မတ်လထဲမှာ ကြေညာ ပါမယ် ။ လူတွေ့ စစ်ဆေးမှု မလုပ်ခင် လူချင်း တွေ့မယ့် စားရိတ် အခတွေကို ယာဇာကူက သူ အကုန်ကျ ခံပါမယ် ။ ယာဇာကူက သူရွေးချယ်တဲ့ အမျိုးသမီးက လကမ္ဘာခရီးစဉ် အတွက် သက်သက် မဟုတ်ဘဲ ဘ၀ လက်တွဲဖော် အဖြစ်လည်း ရည်ရွယ်ထားပါတယ် ။ ဒီလိုမှ မဟုတ်ဘဲ အမျိုးသမီးဘက်က ဆန္ဒမရှိရင် ခရီးစဉ်အပြီးထိ အကြုံးဝင်တယ်လို့ ဆိုတယ် ။

မောင်ယဿ REF: in short

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …