ရႈးေပါက္တာ အရက္ေတြခ်ည္း ထြက္ေနလို႔ ဆရာဝန္ေတြ ေခါင္းကိုက္ေန
- By : Kaung Khant
- Category : International-news

ရႈးေပါက္တာ အရက္ေတြခ်ည္း ထြက္ေနလို႔ ဆရာဝန္ေတြ ေခါင္းကိုက္ေန
အသက္၆၁ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္က ရႈးေပါက္တိုင္း အရက္ေတြခ်ည္းထြက္ေနလို႔ ဆရာဝန္ေတြက သူမရဲ႕ဆီးကို အႀကိမ္ႀကိမ္ စစ္ေဆးေနပါတယ္။ သူမက အရက္တစ္စက္မွ မေသာက္ဘဲ ဆီးေတြက အရက္ေတြ ျဖစ္ေနတဲ့ ျဖစ္စဥ္က ကမာၻေပၚမွာ ပထမဆုံးအႀကိမ္ ထူးျခားျဖစ္စဥ္အျဖစ္ ေဆးေလာကမွာ မွတ္တမ္းတင္ခဲ့ပါတယ္။
သူမရဲ႕ဆီးအိတ္ထဲမွာ ဆီးေတြကို အရက္ခ်က္သလို ကေစာ္ေဖါက္တဲ့ လုပ္ငန္းစဥ္ တစ္ခုရွိေနပါတယ္။ ဘီယာစက္႐ုံေတြ အရက္စက္႐ုံ ေတြမွာလုပ္တဲ့ ျဖစ္စဥ္က သူမရဲ႕ ကိုယ္ထဲမွာ ရွိေနပါတယ္။ အစပထမက သူမရဲ႕ဆီးကို စစ္တိုင္း အယ္ကိုေဟာေတြခ်ည္းကိုပဲ ေတြ႕ ေတြ႕ ေနရလို႔ ဆရာဝန္ေတြက သူမက အရက္ခိုးေသာက္တယ္လို႔ ထင္ေနၾကပါတယ္။
သူမကို အရက္ျဖတ္ေဆးေတြ တိုက္ဖို႔ ဆရာဝန္ေတြကေျပာေတာ့ သူမက အရက္ကို လုံး၀ မေသာက္ပါဘူးလို႔ အႀကိမ္ႀကိမ္ျငင္းလို႔ ေသြးစစ္ၾကည့္တဲ့အခါမွာ ေသြးထဲမွာ အယ္လကိုေဟာ လုံးဝမေတြ႕ ရလို႔ ယုံ ၾကည့္သြားၾကကာ သူမရဲ႕ လကၡဏါကို ဆီးမွအရက္ျဖစ္ျခင္းလကၡဏါလို႔ နာမည္တပ္ လိုက္ၾကပါတယ္။
ျဖစ္စဥ္ကအေမရိကန္ပန္ဆယ္ေဗးနီးယားက UPMC ေဆး႐ုံမွာ ျဖစ္ပ်က္ေနတာပါ။ အမည္မေဖာ္လိုတဲ့ အမ်ိဳးသမီးက ဆီးခ်ိဳ ေရာဂါ ျဖစ္ၿပီး အသည္းေကာင္းေကာင္း အလုပ္မလုပ္ လို႔ ေဆး႐ုံလာတက္တာပါ။ အသည္းအစားထိုးဖို႔အတြက္ အလႉရွင္ကိုေစာင့္ဆိုင္း ေနတာပါ။ အဲ့ဒိမွာဆီးစစ္ရင္ အဲ့ဒီျဖစ္စဥ္ကို စေတြ႕တာပါ။ ေဆး႐ုံအထူးကုဆရာဝန္ေတြက သူမကိုေလ့လာဖို႔အတြက္ အထူး ဂ႐ုစိုက္ၾကပါတယ္။ သူမရဲ႕ ဆီးေတြကိုလည္း စုေဆာင္းထား ၾကပါတယ္။
ကေစာ္ေဖာက္တယ္ဆိုတာ တေစးကို အေျချပဳၿပီးမွ ေဖာက္တာျဖစ္လို႔ သူမရဲ႕ဆီးအိမ္ထဲမွာ တေစးေတြရွိေနႏိုင္ ပါတယ္လို႔ သုံးသပ္ၾကၿပီး အေသးစိတ္စစ္ေဆးဖို႔အတြက္ကို ျပင္ဆင္ေနၾကပါတယ္။ တေစးေတြရဲ႕ျဖစ္စဥ္မွန္ကို သိရွိဖို႔ ရာကေတာ့ လြယ္ကူမွာမဟုတ္ပါ။ “က်ေနာ္တို႔ သိရွိထားတဲ့ေဘာင္ကို ေက်ာ္သြားပါၿပီ။
ဒီျဖစ္စဥ္မွာ ရႈတ္ေထြးမႈေတြ မ်ားလြန္းလို႔ ဘယ္က စလို႔ စရမွန္းေတာင္ မသိေတာ့ပါဘူး။ က်ေနာ္တို႔က သူ႔ရဲ႕ အသည္းကို စၿပီးကုရမွာလား။ ဆီးကေန အရက္ျဖစ္ေနတဲ့ ျဖစ္စဥ္ကိုေလ့လာရမွာလား။ ေလာေလာဆယ္ေတာ့ သူမ အသက္ရွင္ဖို႔ အတြက္ အရင္ လုပ္မယ္လို႔ ဆုံးျဖတ္ ထားၾကပါတယ္။
အကယ္၍ အသည္းေကာင္းသြားလို႔ ဆီးေတြက အရက္မျဖစ္ေတာ့ရင္လည္း က်ေနာ္တို႔ကံေပါ့ လို႔ပဲ ေျပာရမွာပါ”လို႔ ဆရာဝန္ေတြ ကေျပာပါတယ္။
ေမာင္ယႆ, REF: mirror .uk, Photo; tech exploist
Unicode
ရှုးပေါက်တာ အရက်တွေချည်း ထွက်နေလို့ ဆရာဝန်တွေ ခေါင်းကိုက်နေ
အသက်၆၁နှစ် အရွယ် အမျိုးသမီးတစ်ယောက်က ရှုးပေါက်တိုင်း အရက်တွေချည်းထွက်နေလို့ ဆရာဝန်တွေက သူမရဲ့ဆီးကို အကြိမ်ကြိမ် စစ်ဆေးနေပါတယ်။ သူမက အရက်တစ်စက်မှ မသောက်ဘဲ ဆီးတွေက အရက်တွေ ဖြစ်နေတဲ့ ဖြစ်စဉ်က ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ထူးခြားဖြစ်စဉ်အဖြစ် ဆေးလောကမှာ မှတ်တမ်းတင်ခဲ့ပါတယ်။
သူမရဲ့ဆီးအိတ်ထဲမှာ ဆီးတွေကို အရက်ချက်သလို ကစော်ဖေါက်တဲ့ လုပ်ငန်းစဉ် တစ်ခုရှိနေပါတယ်။ ဘီယာစက်ရုံတွေ အရက်စက်ရုံ တွေမှာလုပ်တဲ့ ဖြစ်စဉ်က သူမရဲ့ ကိုယ်ထဲမှာ ရှိနေပါတယ်။ အစပထမက သူမရဲ့ဆီးကို စစ်တိုင်း အယ်ကိုဟောတွေချည်းကိုပဲ တွေ့ တွေ့ နေရလို့ ဆရာဝန်တွေက သူမက အရက်ခိုးသောက်တယ်လို့ ထင်နေကြပါတယ်။
သူမကို အရက်ဖြတ်ဆေးတွေ တိုက်ဖို့ ဆရာဝန်တွေကပြောတော့ သူမက အရက်ကို လုံး၀ မသောက်ပါဘူးလို့ အကြိမ်ကြိမ်ငြင်းလို့ သွေးစစ်ကြည့်တဲ့အခါမှာ သွေးထဲမှာ အယ်လကိုဟော လုံးဝမတွေ့ ရလို့ ယုံ ကြည့်သွားကြကာ သူမရဲ့ လက္ခဏါကို ဆီးမှအရက်ဖြစ်ခြင်းလက္ခဏါလို့ နာမည်တပ် လိုက်ကြပါတယ်။
ဖြစ်စဉ်ကအမေရိကန်ပန်ဆယ်ဗေးနီးယားက UPMC ဆေးရုံမှာ ဖြစ်ပျက်နေတာပါ။ အမည်မဖော်လိုတဲ့ အမျိုးသမီးက ဆီးချို ရောဂါ ဖြစ်ပြီး အသည်းကောင်းကောင်း အလုပ်မလုပ် လို့ ဆေးရုံလာတက်တာပါ။ အသည်းအစားထိုးဖို့အတွက် အလှူရှင်ကိုစောင့်ဆိုင်း နေတာပါ။ အဲ့ဒိမှာဆီးစစ်ရင် အဲ့ဒီဖြစ်စဉ်ကို စတွေ့တာပါ။ ဆေးရုံအထူးကုဆရာဝန်တွေက သူမကိုလေ့လာဖို့အတွက် အထူး ဂရုစိုက်ကြပါတယ်။ သူမရဲ့ ဆီးတွေကိုလည်း စုဆောင်းထား ကြပါတယ်။
ကစော်ဖောက်တယ်ဆိုတာ တစေးကို အခြေပြုပြီးမှ ဖောက်တာဖြစ်လို့ သူမရဲ့ဆီးအိမ်ထဲမှာ တစေးတွေရှိနေနိုင် ပါတယ်လို့ သုံးသပ်ကြပြီး အသေးစိတ်စစ်ဆေးဖို့အတွက်ကို ပြင်ဆင်နေကြပါတယ်။ တစေးတွေရဲ့ဖြစ်စဉ်မှန်ကို သိရှိဖို့ ရာကတော့ လွယ်ကူမှာမဟုတ်ပါ။ “ကျနော်တို့ သိရှိထားတဲ့ဘောင်ကို ကျော်သွားပါပြီ။
ဒီဖြစ်စဉ်မှာ ရှုတ်ထွေးမှုတွေ များလွန်းလို့ ဘယ်က စလို့ စရမှန်းတောင် မသိတော့ပါဘူး။ ကျနော်တို့က သူ့ရဲ့ အသည်းကို စပြီးကုရမှာလား။ ဆီးကနေ အရက်ဖြစ်နေတဲ့ ဖြစ်စဉ်ကိုလေ့လာရမှာလား။ လောလောဆယ်တော့ သူမ အသက်ရှင်ဖို့ အတွက် အရင် လုပ်မယ်လို့ ဆုံးဖြတ် ထားကြပါတယ်။
အကယ်၍ အသည်းကောင်းသွားလို့ ဆီးတွေက အရက်မဖြစ်တော့ရင်လည်း ကျနော်တို့ကံပေါ့ လို့ပဲ ပြောရမှာပါ”လို့ ဆရာဝန်တွေ ကပြောပါတယ်။
မောင်ယဿ, REF:mirror .uk, Photo; tech exploist
No Comments