ရႈံးသြားတဲ့ လီဗာပူးကို မခံခ်ိ မခံသာျဖစ္ေအာင္ အက္သလက္တီကို ေအာင္ပြဲခံျပ

ရႈံးသြားတဲ့ လီဗာပူးကို မခံခ်ိ မခံသာျဖစ္ေအာင္ အက္သလက္တီကို ေအာင္ပြဲခံျပ
Sport

ရႈံးသြားတဲ့ လီဗာပူးကို မခံခ်ိ မခံသာျဖစ္ေအာင္ အက္သလက္တီကို ေအာင္ပြဲခံျပ

“ ခင္ဗ်ားတို႔ စဥ္းစားၾကည့္ဗ်ာ ။ သူတို႔ ေအာင္ပြဲခံေနတာက ဖလားပဲ အခု ရေတာ့မယ့္ပုံစံမ်ိဳးနဲ႔ ေအာင္ပြဲခံ ေနၾကတယ္ ။ တကြင္းလုံး ပတ္ေျပးၿပီးေတာ့ လုပ္ျပ ေနၾကတယ္ ။ ေနာက္လမွာ က်ေနာ္တို႔ အန္းဖီးကြင္းမွာ ျပန္ေတြ႕ ၾကမယ့္ ဟာကို “လို႔ မေက်မခ်မ္းနဲ႔ ေျပာသြား သူကေတာ့ လီဗာပူးကစား သမား စေကာ္တလန္သား အန္ဒီေရာဘတ္ဆန္ပဲ ျဖစ္ပါတယ္ ။

မေန႔ညက စကစားတဲ့ ခ်ိန္ပီယံလိဂ္ ၁၆ သင္း အဆင့္ ရႈံးထြက္ပြဲမွာ လီဗာပူး အသင္းက အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ဝမ္းဒါး မက္ထ႐ိုပိုလီတာႏို ကြင္းမွာ ကစားခဲ့ၾကပါတယ္ ။ ပြဲစစခ်င္း၄မိနစ္မွာ သြင္းတဲ့စူအယ္နီဂတ္ ရဲ႕ဂိုးနဲ႔ပဲပြဲသိမ္းသြားခဲ့ပါတယ္။

ကစားကြက္အသာ လူအသာနဲ႔ လီဗာပူးက ဖိအားေပးကစားႏိုင္ေပမဲ့ လီဗာပူးရဲ႕ တိုက္စစ္မႉးေတြျဖစ္တဲ့ ဆာလတ္ ဆာဒီယိုမိန္းနဲ႔ ေရာဘတ္တို ဖာမီႏိုတို႔က ဂိုးအျဖစ္မဖန္တီးႏိုင္ခဲ့ပါဘူး။

၁ဂိုးအသြင္းခံရၿပီးကတည္းက လီဗာပူးက ဖိအားေပးကစားခဲ့ေပမဲ့ အက္သလက္တီကိုရဲ႕ ခံစစ္ေထာင္ေခ်ာက္ထဲမွာ မိသြားတာပါ။ အစကတည္းက လီဗာပူးကို ပိတ္ကစားဖို႔အတြက္ နည္းျပ ဆီႁမြန္နီက စီစဥ္ထားၿပီးသာပါ။ လီဗာပူး ကံဆိုးသြားတာက စစခ်င္းဂိုးေပးလိုက္ရတာပါပဲ။

၁ဂိုးရၿပီးမွေတာ့ ခံစစ္ပိတ္ကစားမယ့္သူေတြအႀကိဳက္ျဖစ္ခဲ့ရပါတယ္။ လီဗာပူးက သေရက်ဖို႔အတြက္ အခြင့္အေရး ၂ခါရခဲ့ပါတယ္။ ဆာလတ္ရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ဟန္ဒါဆင္တို႔ရဲ႕ ကန္ခ်က္တို႔က ပစ္မွတ္ဆီကို တည့္ခဲ့ပါတယ္။

ေဒါသေတြျဖစ္ေနတဲ့ မန္ေနဂ်ာလည္း အဝါကတ္ထိသြားခဲ့ရတယ္။ လီဗာပူး အန္းဖီးလ္မွာ ကစားပြဲမွာ ပြဲၾကည့္စင္မွာပဲ ထိုင္ၿပီး ၾကည့္ရေတာ့မွာပါ။

ဆာဒီယိုမိန္းကို ပထမပိုင္းမွာ အက္သလက္တီကိုကစားသမားေတြ ဝိုင္းလုပ္ေနတာကို ဒိုင္ကမျမင္ဘဲ မိန္းျပန္လုပ္မွ အဝါကတ္ျပတဲ့ဒိုင္ကို ေရာဘတ္ဆန္က အစာမေက်ျဖစ္ေနပါတယ္။

“ေထာင့္ကန္ေဘာကရလိုက္တဲ့ ဂိုးနဲ႔ သူတို႔က အထြက္လွသြားတာ။က်ေနာ္တို႔အေကာင္းဆုံးကစားခဲ့တာပဲ။ တကယ္လည္းေကာင္းခဲ့တာပါပဲ။ က်ေနာ္တို႔မိနစ္၉၀ လုံးလုံးသူတို႔ကို ထိန္ခ်ဳပ္ကစားသြားႏိုင္တာပဲေလ။

ဒါေပမဲ့ သူတို႔ႏိုင္သြားပါတယ္။ ဒီလိုကစားတာကိုက သူတို႔စပိန္ကစားဟန္ လို႔ေျပာရမွာပါပဲ။ သူတို႔ ေအာင္ပြဲခံေနတာက ဖလားပဲ ယူေတာ့မယ့္အတိုင္းဘဲ”လို႔ ေရာဘတ္ဆန္က ဆိုသြားပါတယ္။

ေမာင္ယႆ REF: daily mail photo ; angel martinez

ေနာက္ဆက္တြဲ

မေန႔က ကစားတဲ့ ေနာက္ထပ္ပြဲတစ္ပြဲျဖစ္တဲ့ ေဒါ့မြန္နဲ႔ ပီအက္စ္ဂ်ီပြဲမွာ ၂-၁ ဂိုးနဲ႔ ေဒါ့မြန္က ႏိုင္သြားၿပီး ေဒါ့မြန္က ဆြီဒင္သားေလး ဟာအာလန္က ဂိုးေတြသြင္းခဲ့ၿပီး ေနမာက အေဝးကြင္း အဖိုးတန္ တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီေန႔ ညကေတာ့ အတၱလန္တာနဲ႔ဗလင္စီယာ ပြဲရယ္ စပါးနဲ႔ အာဘီလစ္ပ္ဇစ္ ပြဲတို႔ကစားမွာျဖစ္ပါတယ္။

Unicode

ရှုံးသွားတဲ့ လီဗာပူးကို မခံချိ မခံသာဖြစ်အောင် အက်သလက်တီကို အောင်ပွဲခံပြ

“ ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ ။ သူတို့ အောင်ပွဲခံနေတာက ဖလားပဲ အခု ရတော့မယ့်ပုံစံမျိုးနဲ့ အောင်ပွဲခံ နေကြတယ် ။ တကွင်းလုံး ပတ်ပြေးပြီးတော့ လုပ်ပြ နေကြတယ် ။ နောက်လမှာ ကျနော်တို့ အန်းဖီးကွင်းမှာ ပြန်တွေ့ ကြမယ့် ဟာကို “လို့ မကျေမချမ်းနဲ့ ပြောသွား သူကတော့ လီဗာပူးကစား သမား စကော်တလန်သား အန်ဒီရောဘတ်ဆန်ပဲ ဖြစ်ပါတယ် ။

မနေ့ညက စကစားတဲ့ ချိန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက်ပွဲမှာ လီဗာပူး အသင်းက အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဝမ်းဒါး မက်ထရိုပိုလီတာနို ကွင်းမှာ ကစားခဲ့ကြပါတယ် ။ ပွဲစစချင်း၄မိနစ်မှာ သွင်းတဲ့စူအယ်နီဂတ် ရဲ့ဂိုးနဲ့ပဲပွဲသိမ်းသွားခဲ့ပါတယ်။

ကစားကွက်အသာ လူအသာနဲ့ လီဗာပူးက ဖိအားပေးကစားနိုင်ပေမဲ့ လီဗာပူးရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလတ် ဆာဒီယိုမိန်းနဲ့ ရောဘတ်တို ဖာမီနိုတို့က ဂိုးအဖြစ်မဖန်တီးနိုင်ခဲ့ပါဘူး။

၁ဂိုးအသွင်းခံရပြီးကတည်းက လီဗာပူးက ဖိအားပေးကစားခဲ့ပေမဲ့ အက်သလက်တီကိုရဲ့ ခံစစ်ထောင်ချောက်ထဲမှာ မိသွားတာပါ။ အစကတည်းက လီဗာပူးကို ပိတ်ကစားဖို့အတွက် နည်းပြ ဆီမြွန်နီက စီစဉ်ထားပြီးသာပါ။ လီဗာပူး ကံဆိုးသွားတာက စစချင်းဂိုးပေးလိုက်ရတာပါပဲ။

၁ဂိုးရပြီးမှတော့ ခံစစ်ပိတ်ကစားမယ့်သူတွေအကြိုက်ဖြစ်ခဲ့ရပါတယ်။ လီဗာပူးက သရေကျဖို့အတွက် အခွင့်အရေး ၂ခါရခဲ့ပါတယ်။ ဆာလတ်ရဲ့ ခေါင်းတိုက်ချက်နဲ့ ဟန်ဒါဆင်တို့ရဲ့ ကန်ချက်တို့က ပစ်မှတ်ဆီကို တည့်ခဲ့ပါတယ်။

ဒေါသတွေဖြစ်နေတဲ့ မန်နေဂျာလည်း အဝါကတ်ထိသွားခဲ့ရတယ်။ လီဗာပူး အန်းဖီးလ်မှာ ကစားပွဲမှာ ပွဲကြည့်စင်မှာပဲ ထိုင်ပြီး ကြည့်ရတော့မှာပါ။

ဆာဒီယိုမိန်းကို ပထမပိုင်းမှာ အက်သလက်တီကိုကစားသမားတွေ ဝိုင်းလုပ်နေတာကို ဒိုင်ကမမြင်ဘဲ မိန်းပြန်လုပ်မှ အဝါကတ်ပြတဲ့ဒိုင်ကို ရောဘတ်ဆန်က အစာမကျေဖြစ်နေပါတယ်။

“ထောင့်ကန်ဘောကရလိုက်တဲ့ ဂိုးနဲ့ သူတို့က အထွက်လှသွားတာ။ကျနော်တို့အကောင်းဆုံးကစားခဲ့တာပဲ။ တကယ်လည်းကောင်းခဲ့တာပါပဲ။ ကျနော်တို့မိနစ်၉၀ လုံးလုံးသူတို့ကို ထိန်ချုပ်ကစားသွားနိုင်တာပဲလေ။

ဒါပေမဲ့ သူတို့နိုင်သွားပါတယ်။ ဒီလိုကစားတာကိုက သူတို့စပိန်ကစားဟန် လို့ပြောရမှာပါပဲ။ သူတို့ အောင်ပွဲခံနေတာက ဖလားပဲ ယူတော့မယ့်အတိုင်းဘဲ”လို့ ရောဘတ်ဆန်က ဆိုသွားပါတယ်။

မောင်ယဿ REF: daily mail photo ; angel martinez

နောက်ဆက်တွဲ

မနေ့က ကစားတဲ့ နောက်ထပ်ပွဲတစ်ပွဲဖြစ်တဲ့ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီပွဲမှာ ၂-၁ ဂိုးနဲ့ ဒေါ့မွန်က နိုင်သွားပြီး ဒေါ့မွန်က ဆွီဒင်သားလေး ဟာအာလန်က ဂိုးတွေသွင်းခဲ့ပြီး နေမာက အဝေးကွင်း အဖိုးတန် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနေ့ ညကတော့ အတ္တလန်တာနဲ့ဗလင်စီယာ ပွဲရယ် စပါးနဲ့ အာဘီလစ်ပ်ဇစ် ပွဲတို့ကစားမှာဖြစ်ပါတယ်။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …