
ရွားေစာင္းပင္က လယ္သာ ထုတ္ႏိုင္လို႔ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈ နည္းလာ
လယ္သာအိတ္ေတြ လယ္သာဂ်က္ကပ္ေတြဆိုရင္ လူေတြက သိပ္ႀကိဳက္ၾကတာ ။ ဒါေပမဲ့ အဲ့ဒီ လယ္သာေတြကို ထုတ္လုပ္ဖို႔အတြက္ ေနာက္ကြယ္မွာက တစ္ႏွစ္ တစ္ႏွစ္ကို တိရစာၦန္ေတြ သန္းကို ေထာင္နဲ႔ခ်ီ ၿပီး အသတ္ခံေနရတဲ့အျပင္ လယ္သာလုပ္ငန္းသုံး ဓာတုေဆးရည္ေတြက သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ ပ်က္စီးေစပါတယ္။
အဲ့ဒိဓာတုေဆးရည္ တန္သန္းနဲ႔ခ်ီၿပီး ထိေတြ႕မိတဲ့ ေျမႀကီးေတြက ဘာပင္မွ စိုက္ပ်ိဳးလို႔မရေအာင္ကို ပ်က္စီးသြားေတာ့တာပါပဲ။ ကမာၻက သဘာဝပါတ္ဝန္းက်င္ကိုထိန္သိမ္းရာလည္းေရာက္ လူေတြရဲ႕ အာသီသကိုလည္း ေျပေစမဲ့ နည္းလမ္းေတြကို ရွာေနၾကပါတယ္။
အပင္ထြက္ ပစၥည္းနဲ႔ လုပ္တဲ့ ဖက္ရွင္ လုပ္ငန္းေတြမွာ က်ေတာ့ ပလက္စတစ္ကို အားျပဳထားတာကို ေတြ႕ ရပါတယ္။ အပင္ထြက္ စစ္စစ္ကို ရဖို႔ကေတာ့မလြယ္ပါဘူး ။
အခုေတာ့ မကၠဆီကိုက စီးပြားေရး လုပ္ငန္းရွင္ ၂ဦးက ရွားေစာင္းပင္ကေန လယ္သာထုတ္လို႔ ရတဲ့နည္း ပညာကို ေတြ႕လို႔ အိတ္ေတြ ဂ်က္ကပ္ေတြကို ထုတ္ဖို႔ ႀကိဳးစားေနပါတယ္။ ဒက္ဆာတို လို႔ေခၚတဲ့ လယ္သာေတြ ကေတာ့ ရွာေစာင္းပင္ကေန ရတဲ့လယ္သာေတြပါ။
အန္ဒရီယန္လိုပက္ဇ္ ဗယ္လာဒီနဲ႔ မာတီကဇာရက္ဇ္ တို႔က ၂၀၁၉ လိုင္းအက္ပဲ လယ္သာျပပြဲမွာ သူတို႔ရဲ႕ စြန႔္ဦးတီထြင္မႈကို ျပခဲ့တာပါ။ သူတို႔က ရွားေစာင္း လယ္သာ ကုန္ၾကမ္း ထုတ္ယူပုံကိုလည္း ၾသစေတးလွ်မွာ ျပသခဲ့ပါတယ္။
ၾသစေတးလွ် ဖက္ရွင္ ေဗာက္ မဂၢဇင္းကေတာ့ သူတို႔ရဲ႕ တီထြင္မႈနဲ႔ ပတ္သက္ၿပီး အေရးတယူလုပ္ေပးၾကဖို႔အတြက္ ကို လႈံ႕ေဆာ္ေပးေနပါတယ္။ ဖက္ရွင္ေလာကမွာလည္း ဒက္ဆာတို ရွားေစာင္းလယ္သာက ၾသဂဲနစ္စစ္စစ္ျဖစ္လို႔ လူႀကိဳက္ မ်ားလာတဲ့ အျပင္ အိမ္သုံးပစၥည္းေတြ ကားအတြင္းအလွဆင္ တာေတြ ကိုသုံးလာၾကပါတယ္။
“က်ေနာ္တို႔ အဲ့လိုလုပ္ႏိုင္ဖို႔ အတြက္ ၂ႏွစ္ေက်ာ္ၾကာေအာင္ သုေတသနလုပ္ခဲ့ရပါတယ္။ အစကေတာ့ အေကာင္သားေရ ေတြကို စုေပါင္းစပ္ေပါင္း နည္းပညာစမ္းသပ္တာပါ။ ဒါေပမဲ့ တကယ္လုပ္ျဖစ္သြားေတာ့ ၾသဂဲနစ္ သားေရ ျဖစ္သြားပါတယ္”လို႔ ဖက္ရွင္ ယူႏိုက္တက္မဂၢဇင္းနဲ႔ လုပ္တဲ့ အင္တာဗ်ဴးမွာ သူတို႔က ေျပာခဲ့ပါတယ္။
သူတို႔က မကၠဆီကိုႏိုင္ငံအႏွံ႔ ေပါက္တဲ့ ရွားေစာင္ပင္ေတြကို ဘယ္လိုအသုံးခ်ရမလဲဆိုတာကို စၿပီးစဥ္းစားခဲ့ၾကတယ္။ အဓီက သူတို႔ စဥ္းစားခဲ့ ၾကတာက ပလက္စတစ္ အစားထိုးဖို႔ ကိစၥကိုပါ။ ေနာက္ပိုင္းမွာ ရွားေစာင္းကေန လယ္သာထုတ္လို႔ရတဲ့ နည္းပညာကိုရခဲ့တာပါ။
ေမာင္ယႆ REF: world of buzz
Photo; desserto
Unicode
ရှားစောင်းပင်က လယ်သာ ထုတ်နိုင်လို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းလာ
လယ်သာအိတ်တွေ လယ်သာဂျက်ကပ်တွေဆိုရင် လူတွေက သိပ်ကြိုက်ကြတာ ။ ဒါပေမဲ့ အဲ့ဒီ လယ်သာတွေကို ထုတ်လုပ်ဖို့အတွက် နောက်ကွယ်မှာက တစ်နှစ် တစ်နှစ်ကို တိရစ္ဆာန်တွေ သန်းကို ထောင်နဲ့ချီ ပြီး အသတ်ခံနေရတဲ့အပြင် လယ်သာလုပ်ငန်းသုံး ဓာတုဆေးရည်တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေပါတယ်။
အဲ့ဒိဓာတုဆေးရည် တန်သန်းနဲ့ချီပြီး ထိတွေ့မိတဲ့ မြေကြီးတွေက ဘာပင်မှ စိုက်ပျိုးလို့မရအောင်ကို ပျက်စီးသွားတော့တာပါပဲ။ ကမ္ဘာက သဘာဝပါတ်ဝန်းကျင်ကိုထိန်သိမ်းရာလည်းရောက် လူတွေရဲ့ အာသီသကိုလည်း ပြေစေမဲ့ နည်းလမ်းတွေကို ရှာနေကြပါတယ်။
အပင်ထွက် ပစ္စည်းနဲ့ လုပ်တဲ့ ဖက်ရှင် လုပ်ငန်းတွေမှာ ကျတော့ ပလက်စတစ်ကို အားပြုထားတာကို တွေ့ ရပါတယ်။ အပင်ထွက် စစ်စစ်ကို ရဖို့ကတော့မလွယ်ပါဘူး ။
အခုတော့ မက္ကဆီကိုက စီးပွားရေး လုပ်ငန်းရှင် ၂ဦးက ရှားစောင်းပင်ကနေ လယ်သာထုတ်လို့ ရတဲ့နည်း ပညာကို တွေ့လို့ အိတ်တွေ ဂျက်ကပ်တွေကို ထုတ်ဖို့ ကြိုးစားနေပါတယ်။ ဒက်ဆာတို လို့ခေါ်တဲ့ လယ်သာတွေ ကတော့ ရှာစောင်းပင်ကနေ ရတဲ့လယ်သာတွေပါ။
အန်ဒရီယန်လိုပက်ဇ် ဗယ်လာဒီနဲ့ မာတီကဇာရက်ဇ် တို့က ၂၀၁၉ လိုင်းအက်ပဲ လယ်သာပြပွဲမှာ သူတို့ရဲ့ စွန့်ဦးတီထွင်မှုကို ပြခဲ့တာပါ။ သူတို့က ရှားစောင်း လယ်သာ ကုန်ကြမ်း ထုတ်ယူပုံကိုလည်း သြစတေးလျှမှာ ပြသခဲ့ပါတယ်။
သြစတေးလျှ ဖက်ရှင် ဗောက် မဂ္ဂဇင်းကတော့ သူတို့ရဲ့ တီထွင်မှုနဲ့ ပတ်သက်ပြီး အရေးတယူလုပ်ပေးကြဖို့အတွက် ကို လှုံ့ဆော်ပေးနေပါတယ်။ ဖက်ရှင်လောကမှာလည်း ဒက်ဆာတို ရှားစောင်းလယ်သာက သြဂဲနစ်စစ်စစ်ဖြစ်လို့ လူကြိုက် များလာတဲ့ အပြင် အိမ်သုံးပစ္စည်းတွေ ကားအတွင်းအလှဆင် တာတွေ ကိုသုံးလာကြပါတယ်။
“ကျနော်တို့ အဲ့လိုလုပ်နိုင်ဖို့ အတွက် ၂နှစ်ကျော်ကြာအောင် သုတေသနလုပ်ခဲ့ရပါတယ်။ အစကတော့ အကောင်သားရေ တွေကို စုပေါင်းစပ်ပေါင်း နည်းပညာစမ်းသပ်တာပါ။ ဒါပေမဲ့ တကယ်လုပ်ဖြစ်သွားတော့ သြဂဲနစ် သားရေ ဖြစ်သွားပါတယ်”လို့ ဖက်ရှင် ယူနိုက်တက်မဂ္ဂဇင်းနဲ့ လုပ်တဲ့ အင်တာဗျူးမှာ သူတို့က ပြောခဲ့ပါတယ်။
သူတို့က မက္ကဆီကိုနိုင်ငံအနှံ့ ပေါက်တဲ့ ရှားစောင်ပင်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို စပြီးစဉ်းစားခဲ့ကြတယ်။ အဓီက သူတို့ စဉ်းစားခဲ့ ကြတာက ပလက်စတစ် အစားထိုးဖို့ ကိစ္စကိုပါ။ နောက်ပိုင်းမှာ ရှားစောင်းကနေ လယ်သာထုတ်လို့ရတဲ့ နည်းပညာကိုရခဲ့တာပါ။
မောင်ယဿ REF: world of buzz
Photo; desserto
No Comments