
International-news










မောင်ယဿ Ref; upi

Unicode

ရှင်ချီအွန်ဂျီ ဘာသာရေးရုံးချုပ်ကို ကိုရီးယားအာဏါပိုင်တွေ ဝင်ရောက်စီးနင်း

ကိုရီးယားနိုင်ငံအတွင်းမှာ ကိုဗစ် -၁၉ ဗိုင်းရက် ကူးစက်မှု ပိုမိုဖြစ်ပွားအောင် လုပ်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ကိုရီးယားအာဏါပိုင်တွေကို ဘာသာရေးဆိုင်ရာ လှို့ဝှက် အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ ရှင်ချီအွန်ဂျီ ရုံးချုပ် စီးနင်းခွင့်အား ကိုရီးယား တရားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပါတယ်။

ကိုရီးယား တရားရေးဝန်ကြီးဌာန ထိပ်တန်း အကြီးအကဲ ချိုမင်အေ က ရှင်ချီအွန်ဂျီ ရုံးချုပ်လို့ခေါ်တဲ့ အဲ့ဒိ ဘုရားရှိခိုးကျောင်းထဲမှာ ကိုရီးယားရဲတွေ သက်သေခံ အထောက်အထားတွေ ဝင်ရောက် စီးနင်း ရှာဖွေ ဖမ်းဆီးဖို့ သူမကိုယ်တိုင် အမိန့်ပေးလိုက်တာလို့ ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

တောင်ကိုရီးယားမှာ ကိုဗစ် -၁၉ အဓိက ပြန့်နှံ့နေတဲ့ နေရာက ဒေဂူးမြို့ ဖြစ်ပါတယ်။ အဲ့ဒိမြို့က ရှင်ချီအွန်ဂျီ ဌာနခွဲ ဘုရားရှိခိုး ကျောင်းမှာ ဝတ်ပြုသူတွေနဲ့ မြို့သူမြို့သားတွေဆီကို ရောဂါပိုးဖြန့်ဝေမှုကို ဖြစ်စေတတ်တဲ့ ကိစ္စတွေ ဖြစ်ပေါ်နေတယ်လို့ ပြစ်တင် ပြောဆိုမှုတွေ ရှိနေပါတယ်။

အဲ့ဒိဝတ်ပြုကျောင်းက အုပ်စုတစ်စုက ကိုဗစ် -၁၉ ရောဂါတားဆီးရေးနဲ့ ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခြင်းအပေါ် အာဏါပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု လုံးဝမလုပ်ဘူး ဖြစ်နေတယ်။

ဒေသခံ MBC သတင်းဌာန အဆိုအရ ရှင်ချီအွန်ဂျီ ဘုရာရှိခိုးကျောင်းက အဖွဲ့ဝင်အချို့ က အစိုးရက ဘုရားရှိခိုကျောင်းကို ပိတ်ပစ်ဖို့ ပြောထားတာတောင် အဲ့ဒိနေရာမှာ ဆက်လက် ရှိနေတုန်းပဲလို့ သိရပါတယ်။

တရားရေးဝန်ကြီးကတော့ ဘုရားရှိခိုးကျောင်းတွေကို ယာယီ ပိတ်ထားခိုင်းပါတယ်။ မပိတ်တဲ့ ဘုရားရှိခိုးကျောင်းတွေကို ဝင်ရောက်စီနင်းဖို့လည်း အမိန့်ပေး ထားပါတယ်။

ဗုဒ္ဓဟူးနေ့က လုပ်တဲ့ အမျိုးသားညီလာခံ တရားရေး ဆိုင်ရာ အစည်းအဝေးမှာ ချို က တောင်ကိုရီးယား ဥပဒေပြုလွှတ်တော်အမတ်တွေကို ရှင်ချီအွန်ဂျီ ဘုရားရှိခိုး ကျောင်းတွေကို ပိတ်ဆို့ ရှာဖွေဖမ်းဆီး ဖို့ အတွက် စစ်တမ်းကောက် ယူထားတာ ၈၆% ရထားပြီးပြီလို့ ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ တောင်ကိုရီးယားအစိုးရရဲ့ ကိုဗစ် -၁၉ ရောဂါပိုး မပြန့်နှံ့အောင်လုပ်တဲ့ အစီအစဉ်တွေကို နိုင်ငံတကာက ထောက်ခံအားပေးမှု ပြုထားပါတယ်။

မောင်ယဿ Ref; upi
Photo; nikkie Asian preview

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
International-news
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန် ဆန္ဒပြ မှုများကို မနိမ်နှင်းခင်မှာ နယူးယောက်ခ် ရဲတွေက ဆန္ဒပြသူ တွေနဲ့ တစ်သားထဲ ရှိကြောင်း ဆန္ဒပြသူ တွေရဲ့ ရှေ့မှာ ရဲအချို့က ဒူးထောက်ပြီး နေပြတဲ့ပုံတွေရယ် ဆန္ဒပြသူတွေကို အကြမ်း ဖက်နေ တဲ့ပုံတွေက လိုင်းပေါ်မှာ ပလူပျံလာတော့ ရဲတွေက ငြိမ်းချမ်းရေးကို အလိုရှိတယ် ။ ရဲတွေက အကြမ်းဖက်တယ် ဆိုတဲ့ သဘောထားတွေ ကွဲလွဲမှု ဖြစ်လာပါတယ် ။ တစ်ဘက်နဲ့ တစ်ဘက် မင်းတို့ ပုံတွေက သက်သက် ဝါဒဖြန့် တာဆိုပြီး အငြင်းပွားမှု တွေဖြစ်ကာ စကားလုံးတွေနဲ့ ရန်ဖြစ် ကုန်ကြပါတယ် ။ ပုံမှာပါတာက …

ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ
International-news
ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ

ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ အမေရိကန် အဆိုတော် ကချေသည် စမန်သာဂျိမ်းကို လိုင်းပေါ်မှာ စကားလုံးတွေနဲ ညှင်းပန်းနှိပ်စက်မှုက သူသိများ ကျော်ကြားခဲ့ သလို အခုလည်း ကေပေါ့ပ်က နာမည်ကြီး အဆိုတော် ဘာဘီကို မလေးရှား ဖန်တွေက လိုင်းပေါ်ကနေဝိုင်းပြီး လှောင်ပြောင် သရော်နေပါတယ် ။ ဘာဘီနဲ့ မလေးရှား လိုင်းသုံးသူများ ကြားက အခြေအတင် ဖြစ်မှုက တစ်စစ လူသိများလာပြီး ဘာဘီ တင်တဲ့ပို့စ်ကို ဝိုင်းရှယ် ကြတော့တာပါပဲ ။ တောင်ကိုရီးယား FLY WITH ME အမျိုးသမီးဝိုင်းက အဆိုတော် ဆိုယောင်းကို ဘာဘီလို့ လူသိများပါတယ် ။ …