ရဲယိုသီးရဲ႕ ေကာင္းျခင္း

ရဲယိုသီးရဲ႕ ေကာင္းျခင္း
Health

ရဲယိုသီးရဲ႕ ေကာင္းျခင္း

ရဲယိုသီးကို မ်ားေသာ အားျဖင့္ က်န္းမာေရး ဆိုင္ရာ အက်ိဳးမ်ားစြာ ရွိေၾကာင္း သိေသာ္လည္း အလွ အပနဲ႔ ပတ္သက္လို႔ ဘယ္လို အက်ိဳးေတြ ရွိေၾကာင္း သိသူလည္း ရွိႏိုင္သလို မသိသူလည္း ရွိႏိုင္ပါတယ္ ။ ရဲယိုသီးဟာ အေရျပား အတြက္အက်ိဳးမ်ားစြာ ရရွိေစသလို ဆံပင္အတြက္ လာ္းအကိုး ရွိေစပါတယ္ ။ ပုံ သ႑ာန္ မလွ အနံ ဆိုးေသာ္လည္း အလွအပ အတြက္ အက်ိဳးရွိေစတာမို႔ သိေစခ်င္ပါတယ္ ။

ဝက္ၿခံနဲ႔ရဲယို

ရဲယိုသီးမွာ ပါဝင္တဲ့ အင္တီေအာက္ဒင့္ ျဖစ္တဲ့ ဗီတာမင္ မ်ားစြာဟာ ေရာင္ရမ္းမူွကို ေလ်႕ာခ်ေပးပါတယ္ ။ ဘက္တီးရီးယား ပိုးသတ္အာနိသင္နဲ႔ ဗိုင္းရပ္ပိုးသတ္ အာနိသင္တို႔ မ်ားစြာ ပါဝင္ပါတယ္ ။ ေလ့လာ ေတြ႕ရွိခ်က္ အရ ရဲယိုသီးကို မ်က္ႏွာ ေပၚမွာ လိမ္းေပးပါက ဝက္ၿခံနဲ႔ အမဲစက္ေတြ ေလ်ာ့ပါးေပ်ာက္ကင္း သက္သာ ေစမွာ ျဖစ္ပါတယ္ ။

အိုမင္းမူွနဲ႔ရဲယို

ရဲယိုသီးမွာ အင္တီေအာက္ဆီဒင့္ ေတြ မ်ားစြာ ပါဝင္တာေၾကာင့္ ခနဓာကိုယ္တြင္း အဂၤါမ်ား ၊ ဆဲလ္မ်ား၊ တစ္သ်ဳးမ်ားကို ဓာတ္တိုး ပစၥည္းတို႔ ေၾကာင့္လည္းေကာင္း ပတ္ဝန္းက်င္ ညစ္ညမ္းမူွေၾကာင့္ လည္းေကာင္း ထိခိုက္မူွ မရွိေစရန္ ကာကြယ္ ေပးပါတယ္ ။ ဆီလီနီယမ္ ပါဝင္တာေၾကာင့္ အိုမင္းမူွကို တားဆီးေပးၿပီး ႏုပ်ိဳမူွကို အားျဖည့္ေပးပါတယ္ ။

အေရျပားနဲ႔ရဲယို

ရဲယိုသီးမွာ အေရျပားအတြက္ မ်ားစြာအက်ိဳးေပးတဲ့ ဗီတာမင္စီ မ်ားစြာပါဝင္ပါတယ္ ။ေန႔စဥ္ ရဲယိုသီး ေဖ်ာ္ရည္ကို ေသာက္သုံးေပးပါက အေရျပား ႏုညံ့ေစၿပီး ဝက္ၿခံတင္းတိတ္ကို ကာကြယ္ပါတယ္ ။ အမဲစက္နဲ႔ အေရျပား ေျခာက္ေသြ႕မူွကို ကင္းစင္ ေစပါတယ္ ။ အ်ရျပား ေတာက္ပမူွအတြက္ ရဲယိုသီးကိုယုံ ၾကည္လိုက္ပါ ။

ဆံပင္ ျပႆနာနဲ႔ ရဲယို

အသက္အ႐ြယ့ ႀကီးရင့္ျခင္း အာဟာခ်ိဳ႕တဲ့ျခင္း၊ မ်ိဳ႐ိုးလိုက္ျခင္း၊ ဦးေရျပား ျပႆနာ အခ်ိဳ႕ ရွိျခင္းတို႔ေၾကာင့္ ဆံပင္မ်ား ကြၽတ္တာ ျဖစ္ပါတယ္ ။ ရဲယိုသီး ေဖ်ာ္ရည္ဟာ ခႏၶာကိုယ္ ခုခံအားကိုေကာင္းေစၿပီး ဆံပင္ကြၽတ္ျခင္းကို ကာကြယ္ႏိုင္ ပါတယ္ ။ ဦးေရျပား ေသြးလည္ပတ္မူွ ေကာင္းေစၿပီး အာဟာရ ဓာတ္ေတြ ဆံပင္ရင္းထိ ေရာက္ေအာင္ ပို႔ေဆာင္ေပး ႏိုင္တာမို႔ ဆံပင္ကြၽတ္ သက္သာေစပါတယ္ ။

ဦးေရျပား ပိုးဝင္ၾထင္းေၾကာင့္ ျဖစ္ေပၚတတ္ေသာ သန္းတြယ္ျခင္း ေဗာက္ထ ျခင္းမ်ားကို ရဲယိုသီးရဲ႕ ပိုးသတ္ အာနိသင္ကေန ဗိုင္းရပ္ပိုးေတြကို ဖယ္ရွားေပးတာမို႔ သန္းနဲ႔ ေဗာက္ထျခင္းကို ကင္းစင္ေစ ပါတယ္ ။

ရဲယိုသီးဟာ သင္တို႔ အတြက္အလွအပျဖည့္တင္းေသာ သဘာဝ သစ္သီးတစ္မ်ိဳးဆိုတာ သိၿပီေနာ္ ……..

က်န္းမာေပ်ာ္႐ႊင္စြာ လွပႏိုင္ၾကပါေစ…

စႏၵီျမင့္မိုရ္#

Unicode

ရဲယိုသီးရဲ့ ကောင်းခြင်း

ရဲယိုသီးကို များသော အားဖြင့် ကျန်းမာရေး ဆိုင်ရာ အကျိုးများစွာ ရှိကြောင်း သိသော်လည်း အလှ အပနဲ့ ပတ်သက်လို့ ဘယ်လို အကျိုးတွေ ရှိကြောင်း သိသူလည်း ရှိနိုင်သလို မသိသူလည်း ရှိနိုင်ပါတယ် ။ ရဲယိုသီးဟာ အရေပြား အတွက်အကျိုးများစွာ ရရှိစေသလို ဆံပင်အတွက် လာ်းအကိုး ရှိစေပါတယ် ။ ပုံ သဏ္ဍာန် မလှ အနံ ဆိုးသော်လည်း အလှအပ အတွက် အကျိုးရှိစေတာမို့ သိစေချင်ပါတယ် ။

ဝက်ခြံနဲ့ရဲယို

ရဲယိုသီးမှာ ပါဝင်တဲ့ အင်တီအောက်ဒင့် ဖြစ်တဲ့ ဗီတာမင် များစွာဟာ ရောင်ရမ်းမူှကို လျေ့ာချပေးပါတယ် ။ ဘက်တီးရီးယား ပိုးသတ်အာနိသင်နဲ့ ဗိုင်းရပ်ပိုးသတ် အာနိသင်တို့ များစွာ ပါဝင်ပါတယ် ။ လေ့လာ တွေ့ရှိချက် အရ ရဲယိုသီးကို မျက်နှာ ပေါ်မှာ လိမ်းပေးပါက ဝက်ခြံနဲ့ အမဲစက်တွေ လျော့ပါးပျောက်ကင်း သက်သာ စေမှာ ဖြစ်ပါတယ် ။

အိုမင်းမူှနဲ့ရဲယို

ရဲယိုသီးမှာ အင်တီအောက်ဆီဒင့် တွေ များစွာ ပါဝင်တာကြောင့် ခနဓာကိုယ်တွင်း အင်္ဂါများ ၊ ဆဲလ်များ၊ တစ်သျုးများကို ဓာတ်တိုး ပစ္စည်းတို့ ကြောင့်လည်းကောင်း ပတ်ဝန်းကျင် ညစ်ညမ်းမူှကြောင့် လည်းကောင်း ထိခိုက်မူှ မရှိစေရန် ကာကွယ် ပေးပါတယ် ။ ဆီလီနီယမ် ပါဝင်တာကြောင့် အိုမင်းမူှကို တားဆီးပေးပြီး နုပျိုမူှကို အားဖြည့်ပေးပါတယ် ။

အရေပြားနဲ့ရဲယို

ရဲယိုသီးမှာ အရေပြားအတွက် များစွာအကျိုးပေးတဲ့ ဗီတာမင်စီ များစွာပါဝင်ပါတယ် ။နေ့စဉ် ရဲယိုသီး ဖျော်ရည်ကို သောက်သုံးပေးပါက အရေပြား နုညံ့စေပြီး ဝက်ခြံတင်းတိတ်ကို ကာကွယ်ပါတယ် ။ အမဲစက်နဲ့ အရေပြား ခြောက်သွေ့မူှကို ကင်းစင် စေပါတယ် ။ အျရပြား တောက်ပမူှအတွက် ရဲယိုသီးကိုယုံ ကြည်လိုက်ပါ ။

ဆံပင် ပြဿနာနဲ့ ရဲယို

အသက်အရွယ့ ကြီးရင့်ခြင်း အာဟာချို့တဲ့ခြင်း၊ မျိုရိုးလိုက်ခြင်း၊ ဦးရေပြား ပြဿနာ အချို့ ရှိခြင်းတို့ကြောင့် ဆံပင်များ ကျွတ်တာ ဖြစ်ပါတယ် ။ ရဲယိုသီး ဖျော်ရည်ဟာ ခန္ဓာကိုယ် ခုခံအားကိုကောင်းစေပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင် ပါတယ် ။ ဦးရေပြား သွေးလည်ပတ်မူှ ကောင်းစေပြီး အာဟာရ ဓာတ်တွေ ဆံပင်ရင်းထိ ရောက်အောင် ပို့ဆောင်ပေး နိုင်တာမို့ ဆံပင်ကျွတ် သက်သာစေပါတယ် ။

ဦးရေပြား ပိုးဝင်ထြင်းကြောင့် ဖြစ်ပေါ်တတ်သော သန်းတွယ်ခြင်း ဗောက်ထ ခြင်းများကို ရဲယိုသီးရဲ့ ပိုးသတ် အာနိသင်ကနေ ဗိုင်းရပ်ပိုးတွေကို ဖယ်ရှားပေးတာမို့ သန်းနဲ့ ဗောက်ထခြင်းကို ကင်းစင်စေ ပါတယ် ။

ရဲယိုသီးဟာ သင်တို့ အတွက်အလှအပဖြည့်တင်းသော သဘာဝ သစ်သီးတစ်မျိုးဆိုတာ သိပြီနော် ……..

ကျန်းမာပျော်ရွှင်စွာ လှပနိုင်ကြပါစေ…

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …