ရဲကိစၥေတြကို ျပန္လည္ သုံးသပ္ဖို႔နဲ႔ ျပဳျပင္ ေျပာင္းလဲမႈ လုပ္ဖို႔ အိုဘားမား ေတာင္းဆို
- By : Kaung Khant
- Category : Uncategorized

ရဲကိစၥေတြကို ျပန္လည္ သုံးသပ္ဖို႔နဲ႔ ျပဳျပင္ ေျပာင္းလဲမႈ လုပ္ဖို႔ အိုဘားမား ေတာင္းဆို
ၿပီးခဲ့တဲ့ သီတင္းပတ္ က အေမရိကန္ႏိုင္ငံ မင္နီဆိုတာျပည္နယ္မွ ာျဖစ္ခဲ့တဲ့ လူမဲ ေဂ်ာ့ဖလြိဳက္ကို ရဲေတြ ဖမ္းစီးရင္နဲ႔ သတ္မိ သလိုျဖစ္သြားတဲ့ ကိစၥနဲ႔ ပတ္သတ္ၿပီး အေမရိကန္မွာ ဆႏၵျပပြဲေတြ မင္းမဲ့စ႐ိုက္ ဆန္ဆန္ လူထုအုံႂကြမႈေတြ ျဖစ္ေနတာကို သမၼတေဟာင္း အိုဘားမားက ရဲတပ္ဖြဲ႕ေတြရဲ႕ လုပ္ရပ္ကို ျပန္သုံးသပ္ဖို႔နဲ႔ ျပဳျပင္ေျပာင္းလဲ ေရးနည္းဗ်ဴဟာေတြကို စဥ္းစားဖို႔ အတြက္ ေဒသဆိုင္ရာ ေခါင္းေဆာင္ေတြကို မေန႔က အြန္လိုင္းကေန တစ္ဆင့္ ေတာင္းဆို လိုက္ပါတယ္ ။
“သမၼတ အိုဘာမားနဲ႔ စကားစျမည္ ေျပာဆိုျခင္း”ေခါင္းစဥ္နဲ႔ အြန္လိုင္း စကားဝိုင္းမွာ ရဲေတြရဲ႕ အၾကမ္းဖက္မႈနဲ႔ ပတ္သက္တဲ့ ေပၚလစီ ေတြကို ျပန္လည္ စဥ္းစားဖို႔အတြက္ အိုဘားမားက ၿမိဳ႕ေတာ္ဝန္တိုင္း ရဲအင္အားကို အသုံးျပဳတဲ့ ေနရာမွာ သတိထားဖို႔ေတာင္းဆို လိုက္ပါတယ္ ။ ပဋိပကၡ ေလွ်ာ့ခ်ဖို႔ အတြက္ အစီအစဥ္ေတြ ၊ေ႐ႊ႕လွ်ားေနတဲ့ ယာဥ္ေတြကို ပစ္ခတ္မႈ တားျမစ္ျခင္း ၊ အၾကမ္းဖက္မႈ ျဖစ္စဥ္အခ်ိန္မီ သတင္းပို႔ျခင္း ၊ တားျမစ္ဖမ္းဆီးမႈကို ကန႔္သတ္ျခင္း ေတြလို ရဲေတြရဲ႕ လုပ္ထုံးလုပ္နည္းေတြကို ျပန္လည္း သုံးသပ္ဖို႔ လိုအပ္ တယ္လို႔ ဆိုတယ္ ။
မြန္းၾကပ္ေအာင္ လုပ္ၿပီး ဖမ္းဆီးျခင္း ေတြနဲ႔ အားသုံး ညစ္ၿပီး ဖမ္းဆီးျခင္း ေတြကို က်ေနာ္တို႔ လုပ္ဖို႔ မလိုပါဘူး လို႔ ဆိုတယ္ ။ အိုဘားမားက စကားဝိုင္းကို နယူးေယာက္ခ္နဲ႔ ခ်ီကာဂို ၿမိဳ႕ အရာရွိေတြကို ဖိတ္ေခၚခဲ့ပါတယ္ ။ အတၱလန္တာ ၿမိဳ႕ေတာဝန္ ကီရွာလန႔္စ္ ေဘာ္တြန္ ကေတာ့ စကားဝိုင္းထဲကို ဝင္ေရာက္ ေဆြးေႏြးခဲ့ပါတယ္ ။
“ရဲ အင္အားကိုသုံးေတာ့မယ္ ဆိုရင္ ၿမိဳ႕ေတာ္ဝန္ အမိန႔္အျပင္ လႊတ္ေတာ္ အမတ္ေတြနဲ႔ အာဏါပိုင္ေတြကပါ တာဝန္ခံၿပီး အသုံးျပဳမယ့္ အင္အားကို တြက္ခ်က္ စစ္ေဆးသင့္တယ္”လို႔ သူမက ဆိုတယ္ ။ အိုဘားမားက ေတာ့ ရဲအရာရွိေတြကို အၾကမ္းမဖက္တတ္ေအာင္ က်ယ္က်ယ္ျပန႔္ ျပန႔္ ေလ့က်င့္ေပးသင့္တယ္လို႔ သူ႔ရဲ႕ အျမင္ကို ထုတ္ေဖာ္ခဲ့ပါတယ္ ။ လက္ရွိ မွာလည္း လူမဲေတြနဲ႔ လူနည္းစုေတြကို ရဲေတြက အၾကမ္းဖက္တယ္ ဆိုတာ အနည္းငယ္တဲ့ ရာခိုင္ႏႈန္းပဲ ရွိပါတယ္ ။
ဒါေပမဲ့ ဒီကေန႔ ျဖစ္ေနတဲ့ ဆႏၵျပမႈကိုေတာ့ သူ႔အေနနဲ႔ ေထာက္ခံပါတယ္လို႔ ဆိုတယ္ ။ “ႏိုင္ငံ တိုင္းရဲ႕တိုးတက္တယ္ဆိုတဲ့ ျဖစ္စဥ္မွာ လြတ္လပ္မႈေတြ တျဖည္းျဖည္းရလာတာပါပဲ ။ က်ေနာ္တို႔ ရင္ထဲက အေတြးအေခၚေတြ အယူအဆေတြ အသိအျမင္ ေတြကို လြတ္လပ္စြာ တင္ျပႏိုင္ခြင့္ရွိတာက က်ေနာ္တို႔ရဲ႕အႏၲိမ ရည္မွန္းခ်က္ ပါပဲ”လို႔ဆိုပါတယ္ ။
ေမာင္ယႆ
REF: upi / Photo; upi
Unicode
ရဲကိစ္စတွေကို ပြန်လည် သုံးသပ်ဖို့နဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ဖို့ အိုဘားမား တောင်းဆို
ပြီးခဲ့တဲ့ သီတင်းပတ် က အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်မှ ာဖြစ်ခဲ့တဲ့ လူမဲ ဂျော့ဖလွိုက်ကို ရဲတွေ ဖမ်းစီးရင်နဲ့ သတ်မိ သလိုဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်မှာ ဆန္ဒပြပွဲတွေ မင်းမဲ့စရိုက် ဆန်ဆန် လူထုအုံကြွမှုတွေ ဖြစ်နေတာကို သမ္မတဟောင်း အိုဘားမားက ရဲတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကို ပြန်သုံးသပ်ဖို့နဲ့ ပြုပြင်ပြောင်းလဲ ရေးနည်းဗျူဟာတွေကို စဉ်းစားဖို့ အတွက် ဒေသဆိုင်ရာ ခေါင်းဆောင်တွေကို မနေ့က အွန်လိုင်းကနေ တစ်ဆင့် တောင်းဆို လိုက်ပါတယ် ။
“သမ္မတ အိုဘာမားနဲ့ စကားစမြည် ပြောဆိုခြင်း”ခေါင်းစဉ်နဲ့ အွန်လိုင်း စကားဝိုင်းမှာ ရဲတွေရဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ပေါ်လစီ တွေကို ပြန်လည် စဉ်းစားဖို့အတွက် အိုဘားမားက မြို့တော်ဝန်တိုင်း ရဲအင်အားကို အသုံးပြုတဲ့ နေရာမှာ သတိထားဖို့တောင်းဆို လိုက်ပါတယ် ။ ပဋိပက္ခ လျှော့ချဖို့ အတွက် အစီအစဉ်တွေ ၊ရွှေ့လျှားနေတဲ့ ယာဉ်တွေကို ပစ်ခတ်မှု တားမြစ်ခြင်း ၊ အကြမ်းဖက်မှု ဖြစ်စဉ်အချိန်မီ သတင်းပို့ခြင်း ၊ တားမြစ်ဖမ်းဆီးမှုကို ကန့်သတ်ခြင်း တွေလို ရဲတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်း သုံးသပ်ဖို့ လိုအပ် တယ်လို့ ဆိုတယ် ။
မွန်းကြပ်အောင် လုပ်ပြီး ဖမ်းဆီးခြင်း တွေနဲ့ အားသုံး ညစ်ပြီး ဖမ်းဆီးခြင်း တွေကို ကျနော်တို့ လုပ်ဖို့ မလိုပါဘူး လို့ ဆိုတယ် ။ အိုဘားမားက စကားဝိုင်းကို နယူးယောက်ခ်နဲ့ ချီကာဂို မြို့ အရာရှိတွေကို ဖိတ်ခေါ်ခဲ့ပါတယ် ။ အတ္တလန်တာ မြို့တောဝန် ကီရှာလန့်စ် ဘော်တွန် ကတော့ စကားဝိုင်းထဲကို ဝင်ရောက် ဆွေးနွေးခဲ့ပါတယ် ။
“ရဲ အင်အားကိုသုံးတော့မယ် ဆိုရင် မြို့တော်ဝန် အမိန့်အပြင် လွှတ်တော် အမတ်တွေနဲ့ အာဏါပိုင်တွေကပါ တာဝန်ခံပြီး အသုံးပြုမယ့် အင်အားကို တွက်ချက် စစ်ဆေးသင့်တယ်”လို့ သူမက ဆိုတယ် ။ အိုဘားမားက တော့ ရဲအရာရှိတွေကို အကြမ်းမဖက်တတ်အောင် ကျယ်ကျယ်ပြန့် ပြန့် လေ့ကျင့်ပေးသင့်တယ်လို့ သူ့ရဲ့ အမြင်ကို ထုတ်ဖော်ခဲ့ပါတယ် ။ လက်ရှိ မှာလည်း လူမဲတွေနဲ့ လူနည်းစုတွေကို ရဲတွေက အကြမ်းဖက်တယ် ဆိုတာ အနည်းငယ်တဲ့ ရာခိုင်နှုန်းပဲ ရှိပါတယ် ။
ဒါပေမဲ့ ဒီကနေ့ ဖြစ်နေတဲ့ ဆန္ဒပြမှုကိုတော့ သူ့အနေနဲ့ ထောက်ခံပါတယ်လို့ ဆိုတယ် ။ “နိုင်ငံ တိုင်းရဲ့တိုးတက်တယ်ဆိုတဲ့ ဖြစ်စဉ်မှာ လွတ်လပ်မှုတွေ တဖြည်းဖြည်းရလာတာပါပဲ ။ ကျနော်တို့ ရင်ထဲက အတွေးအခေါ်တွေ အယူအဆတွေ အသိအမြင် တွေကို လွတ်လပ်စွာ တင်ပြနိုင်ခွင့်ရှိတာက ကျနော်တို့ရဲ့အန္တိမ ရည်မှန်းချက် ပါပဲ”လို့ဆိုပါတယ် ။
မောင်ယဿ
REF: upi / Photo; upi
No Comments