ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

မောင်ယဿ ( စက်တင်ဘာ ၁၄ )

အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။

ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ သူတို့ အသားတစ်ရူးထဲမှာ ပြဒါးဓာတ်တွေ ပိုပါလေ ပဲလို့ဆိုပါတယ်။ သူတို့အသားထဲမှာ မီသိုင်းမာကျူရီတွေ ပါတဲ့အတွက် အသားကို အများကြီးစားမိရင် အာရုံကြောပိုင်ဆိုင်ရာထိခိုက်မှုတွေ ရှိတတ်ပါတယ်။

ခန္တာကိုယ်ထဲမှာ မီသိုင်းမာကျူရီတွေ စုပုံလာရင်တော့ လူကြီးတွေအတွက် ကင်ဆာဖြစ်နိုင်သလို ကလေးတွေအတွက် မှတ်သဏ်ချို့ယွင်းမှုဖြစ်ပေါ်လာနိုင်ပါတယ်။

တူနာငါးတွေထဲမှာ ရေယက်ပြာတူနာငါးတွေက ပြဒါစုဆောင်းမှုပိုများတဲ့အတွက် လူတွေအနေနဲ့ စားသုံးရန် မသင့်တဲ့ ပင်လယ်စာ စာရင်းထဲကို ထည့်ဖို့လိုလာပြီလိုက ပညာရှင်တွေ က ထောက်ပြကြပါတယ်။

ဒါပေမဲ့ ပြဒါးအဆိပ်သင့်မှုပြဿနာကို ရှင်းရှင်းလင်းလင်းဖော်ထုတ်ပြဖို့အတွက်က တစ်မ္ဘာလုံးဆိုင်ရာ စစ်တမ်းတစ်ရပ်ကောက်ယူရဦးမှာပါ။

ပြီးရင် အသက်အရွယ်နဲ့ဆိုင်တဲ့ စားသောက်မှုအလေ့အထ လိင် ၊ပတ်ဝန်းကျင်ရာသီဥတု နဲ့ ခန္တာကိုယ်အရွယ် အစားကို လိုက်ပြီး ပြဒါပါဝင်မှု ဘယ်လောက်ရှိရမယ်ဆိုတဲ့စံ သက်မှတ်ချက် ကို လုပ်ရဦးမှာပါ။

လေ့လာမှုအရတော့ အတ္တလန်တစ် သမုဒ္ဒရာနဲ့ အရှေ့ အလယ်ပိုင်း ပင်လယ်တွေက ဘလူးဖင်းတူနာတွေ က ပြဒါးပါဝင်မှုအများ ဆုံး ဖြစ်တာကိုတွေ့ ရပါတယ်။

လေ့လာမှုကို ၁၉၉၈ ခုနှစ်ကတည်းက လုပ်ခဲ့တာပါ။ မနေ့က ထုတ်တဲ့ PNAS သတင်း စာထဲမှာ အဲ့ဒိအကြောင်းကို အသေးစိတ်ရေးသားဖော်ပြပြီးအများပြည်သူကို အသိပေးထားပါတယ်။

REF: UPI,Photo :Credit  UPI

Zawgyi


မောင်ယဿ ( စက်တင်ဘာ ၁၄ )




ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို







REF: UPI
Photo : UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ
International-news
အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) အမေရိကန်စစ်ဌာနချုပ် (ပင်တာဂွန် ) အကြီးအကဲ ကာကွယ်ရေးဝန်ကြီး လွိုက် သြစတင် နဲ့ ပူးပေါင်းစစ်ဆင်ရေး စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ် မီလေးတို့ကို အာဖဂန်နိုင်ငံကနေ ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်မှာပဲ အထက်လွှတ်တော်က လူတွေ့ မေးမြန်းမှုတွေ လုပ်နေပါတယ်။ အမေရိကန် အထက်လွှတ်တော် စစ်ရေးဝန်ဆောင်မှု ကော်မတီက လွိုက်သြစတင် ၊ မာ့ခ် မီလေး နဲ့ ဗိုလ်ချုပ်ကြီး ကဲနတ် မက်ကင်ဇီ တို့ ကို ဒီမနက် …

ပြီသိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြော
International-news
သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ

သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) တိုင်းပြည်အကျိုးစီးပွား ကာကွယ်ဖို့နဲ့ ကိုယ်တိုင်းပြည်လုံခြုံရေးအတွက် စစ်တပ်တွေကို တည်ဆောက်တဲ့ နေရာ သိပ်ပြီး ရိုးသားပြနေစရာ မလိုဘူးလို့ ဥရောပနိုင်ငံတွေကို ပြင်သစ်သမ္မတက ဒီကနေ့ ပြောလိုက်ပါတယ်။ သူက ဂရိနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၅၀၀ ကျော်ဖိုး စစ်သင်္ဘော ၃စင်းကို ရောင်းချဖို့ အတွက်ဒီနေ့မနက် လက်မှတ်ထိုးပြီးနောက်မှာ အထက်ပါစကားကိုပြောလိုက်တာပါပဲ ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက သြစတေးလျှကို ရေငုတ်သင်္ဘောရောင်းဖို့ အတွက် ပြော ပြီးဆိုပြီးမှာ အမေရိကန်နဲ့ ဗြိတိန်တို့ က ဖြတ်ခုတ်သွားလို့ မကျေမနပ်ဖြစ်ကာ အမေရိကန်နဲ့ …