
”ရေစိမ်ချိုးခြင်းဟာ သင့်ကိုဘယ်လို အကျိုးပေးမယ်ဆိုတာ”
သင်သိပြီးပြီလား? သင်ရေချိုးတဲ့အခါ ရေကိုစိမ်ပြီး ချိုးခဲ့မယ်ဆိုရင် အံသြဖွယ်ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရနိုင်မယ်ဆိုတာ။ ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲမှာ ရေစိမ်ချိုးတာဟာ ပင်ပန်းမှုကို ပြေလျော့စေပြီး စိတ်ကို လန်းဆန်း သွားစေနိုင်ပါတယ်။
ချိုးမဲ့ရေထဲမှာ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးခြင်းအားဖြင့် စိတ်နဲ့ ခန္ဓာကိုယ်ကို အနားရစေပါတယ်။ ဆေးပညာကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ ဆိုရရင် စိတ်ပူပင်သောက များနေသူတွေဟာ နေ့စဉ် ကြက်သီးနွေးရေထဲမှာ စိမ်ပြီး ချိုးခဲ့မယ်ဆိုရင် ရှစ်ပတ်ကြာတဲ့အခါ ရရှိလာမဲ့ အာနိသင်ကတော့ ဆရာဝန်တို့ ညွှန်ကြားတဲ့ဆေးတွေ သောက်ခြင်းထက် ပိုမိုတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်တယ် ဆိုတာပါပဲ။
အရေပြား ခြောက်နွမ်းမှု။
သင့်အရေပြးတွေဟာ ခြောက်သွေ့ပြီး နွမ်းညစ်ညစ် ဖြစ်နေတယ် ဒါမှမဟုတ် ယားယံမှုတွေ ဖြစ်နေခဲ့တယ်ဆိုရင် သင်ချိုးမဲ့ ရေထဲမှာ ဂျုံမှုန့်အနည်းငယ် ထည့်ပြီး ချိုးပေးပါ။ ယားယံနေတဲ့ အရေပြားကို အနာကျက်စေပြီး အရေပြားခြောက်သွေ့ ညစ်နွမ်းမှုကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ ဂျုံမှုန့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းဟာ အနာကျက်စေတဲ့ အာနိသင်ရှိပါတယ်။
ဂျုံမှုန့်ကို သန့်ရှင်းခြောက်သွေ့တဲ့ ခြေအိတ်ထဲထည့်ပြီး အလုံပိတ်လိုက်ပါ။ ပြီးရင် အဲ့သည့်အိတ်ကို ရေနွေး သို့မဟုတ် ရေအေး ထည့်ထားတဲ့ ရေချိုးကန်ထဲ ထည့်လိုက်ပြီးနောက်မှာ သင့် ခန္ဓာကိုယ်ကို အချိန်ဆယ်မိနစ် ဆယ့်ငါးမိနစ် စိမ်ချိုးပေးရမှာ ဖြစ်ပါတယ်။
ဦးနှောက် အားပြည့်စေခြင်း…
သင်ချိုးစိမ်မဲ့ ရေကန်ထဲကို မရှိမဖြစ်ဆီ (Essential oil) ထည့်ပြီး နောက်မှာ စိမ်ချိုးပေးပါ။ မွှေးရနံ့ဆီတွေက မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန် စေနိုင်ပြီး စိတ်ဖိဆီးမှုတွေကို ပြေလျော့သွားစေမှာ ဖြစ်ပါတယ်။
အအေးမိဝေဒနာ မဖြစ်စေဖို့ ရေကို ကြက်သီးနွေးအနေအထား ထားရှိပြီး ချိုးပေးခြင်းအားဖြင့်
နှာခေါင်းပိတ်ရောဂါကို သက်သာစေ ပါတယ်။ ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှုကို လျှော့ပါးစေပါတယ်။
ဒီလို ရေချိုးရင်းနဲ့ အပန်းဖြေတာဟာ ဦးဏှောက်ထဲက နာကျင်ကိုက်ခဲမှု တွေကို လျော့ကျစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းကို အထွက်တိုးစေလို့ပဲ ဖြစ်ပါတယ်။
ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း…
ညဘက်ကို ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် အိပ်ယာမဝင်ခင် ညဦးပိုင်းမှာ ကြက်သီးနွေးရေလေးကို ချိုးပေးဖို့ လိုပါတယ်။ ညဘက် အဲ့သည့်လို ရေချိုးလိုက်တဲ့ အခါမှာ ခန္ဓာကိုယ်ဟာ အပူချိန်လျော့ကျသွားပြီး ခန္ဓာကိုယ်ကနေ မယ်လ်တိုနင်လို့ ခေါ်တဲ့ ဟော်မုန်းတွေ အထွက်တိုးစေပါတယ်။
အိပ်ယာမဝင်မှီ ရေကြက်သီးနွေး ချိုးပေးခြင်းကြောင့် စိတ်နဲ့ခန္ဓာကို လန်းဆန်းအနားရစေပြီး
ကောင်းမွန်နှစ်ခြိုက်စွာ အိပ်မောကျသွား စေနိုင်ပါတယ်။
ပင်ပန်းမှုကင်းပြီး လန်းဆန်းဖို့…
သင့်ရဲ့တစ်နေ့တာ လှုပ်ရှားသွားလာ အလုပ်များမှုတွေကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်ပေါ်နေတာ အမှန်ပါ။ တစ်နေကုန် ပင်ပန်းနွမ်းနယ်နေမှုကို ရေစိမ်ချိုးလိုက်တာနဲ့ ဦးနှောက်ထဲမှာ စိတ်ခံစားမှုတွေ ကောင်းမွန်လာပြီး အပန်းပြေ လန်းဆန်းစေတဲ့ ဟော်မုန်းတွေ ထွက်လာတာမို့ သင့်ကို ကောင်းမွန်စွာ အနားရစေမှာ ဖြစ်ပါတယ်။ ရေစိမ်ချိုးခြင်းရဲ့ ကောင်းကျိုးများကို သိရပြီဆိုတော့ လိုက်လုပ်ကြည့်ဖို့က မိမိတာဝန်ပဲပေါ့။
# စန္ဒီမြင့်မိုရ်
Zawgyi
”ေရစိမ္ခ်ိဳးျခင္းဟာ သင့္ကိုဘယ္လို အက်ိဳးေပးမယ္ဆိုတာ”
သင္သိၿပီးၿပီလား? သင္ေရခ်ိဳးတဲ့အခါ ေရကိုစိမ္ၿပီး ခ်ိဳးခဲ့မယ္ဆိုရင္ အံၾသဖြယ္ေကာင္းတဲ့ အက်ိဳးေက်းဇူးေတြ ရႏိုင္မယ္ဆိုတာ။ ပင္ပန္းႏြမ္းနယ္ ေနခ်ိန္မွာ ေရစိမ္ကန္ထဲမွာ ေရစိမ္ခ်ိဳးတာဟာ ပင္ပန္းမႈကို ေျပေလ်ာ့ေစၿပီး စိတ္ကို လန္းဆန္း သြားေစႏိုင္ပါတယ္။
ခ်ိဳးမဲ့ေရထဲမွာ ေရခ်ိဳးေပါင္ဒါမႈန႔္ ဒါမွမဟုတ္ ေရခ်ိဳးဆီ ထည့္ေပးျခင္းအားျဖင့္ စိတ္နဲ႔ ခႏၶာကိုယ္ကို အနားရေစပါတယ္။ ေဆးပညာကုထုံးဂ်ာနယ္ရဲ႕ ေလ့လာမႈအရ ဆိုရရင္ စိတ္ပူပင္ေသာက မ်ားေနသူေတြဟာ ေန႔စဥ္ ၾကက္သီးေႏြးေရထဲမွာ စိမ္ၿပီး ခ်ိဳးခဲ့မယ္ဆိုရင္ ရွစ္ပတ္ၾကာတဲ့အခါ ရရွိလာမဲ့ အာနိသင္ကေတာ့ ဆရာဝန္တို႔ ၫႊန္ၾကားတဲ့ေဆးေတြ ေသာက္ျခင္းထက္ ပိုမိုတဲ့ အက်ိဳးေက်းဇူးကို ရရွိႏိုင္တယ္ ဆိုတာပါပဲ။
အေရျပား ေျခာက္ႏြမ္းမႈ။
သင့္အေရျပးေတြဟာ ေျခာက္ေသြ႕ၿပီး ႏြမ္းညစ္ညစ္ ျဖစ္ေနတယ္ ဒါမွမဟုတ္ ယားယံမႈေတြ ျဖစ္ေနခဲ့တယ္ဆိုရင္ သင္ခ်ိဳးမဲ့ ေရထဲမွာ ဂ်ဳံမႈန႔္အနည္းငယ္ ထည့္ၿပီး ခ်ိဳးေပးပါ။ ယားယံေနတဲ့ အေရျပားကို အနာက်က္ေစၿပီး အေရျပားေျခာက္ေသြ႕ ညစ္ႏြမ္းမႈကေန ကင္းေဝးေစမွာ ျဖစ္ပါတယ္။ ဂ်ဳံမႈန႔္ထဲမွာ ပါဝင္တဲ့ ဓာတ္ေပါင္းဟာ အနာက်က္ေစတဲ့ အာနိသင္ရွိပါတယ္။
ဂ်ဳံမႈန႔္ကို သန႔္ရွင္းေျခာက္ေသြ႕တဲ့ ေျခအိတ္ထဲထည့္ၿပီး အလုံပိတ္လိုက္ပါ။ ၿပီးရင္ အဲ့သည့္အိတ္ကို ေရေႏြး သို႔မဟုတ္ ေရေအး ထည့္ထားတဲ့ ေရခ်ိဳးကန္ထဲ ထည့္လိုက္ၿပီးေနာက္မွာ သင့္ ခႏၶာကိုယ္ကို အခ်ိန္ဆယ္မိနစ္ ဆယ့္ငါးမိနစ္ စိမ္ခ်ိဳးေပးရမွာ ျဖစ္ပါတယ္။
ဦးေႏွာက္ အားျပည့္ေစျခင္း…
သင္ခ်ိဳးစိမ္မဲ့ ေရကန္ထဲကို မရွိမျဖစ္ဆီ (Essential oil) ထည့္ၿပီး ေနာက္မွာ စိမ္ခ်ိဳးေပးပါ။ ေမႊးရနံ႔ဆီေတြက မွတ္ဉာဏ္ကို တိုးတက္ေကာင္းမြန္ ေစႏိုင္ၿပီး စိတ္ဖိဆီးမႈေတြကို ေျပေလ်ာ့သြားေစမွာ ျဖစ္ပါတယ္။
အေအးမိေဝဒနာ မျဖစ္ေစဖို႔ ေရကို ၾကက္သီးေႏြးအေနအထား ထားရွိၿပီး ခ်ိဳးေပးျခင္းအားျဖင့္
ႏွာေခါင္းပိတ္ေရာဂါကို သက္သာေစ ပါတယ္။ ခႏၶာကိုယ္ ကိုက္ခဲနာက်င္မႈကို ေလွ်ာ့ပါးေစပါတယ္။
ဒီလို ေရခ်ိဳးရင္းနဲ႔ အပန္းေျဖတာဟာ ဦးေဏွာက္ထဲက နာက်င္ကိုက္ခဲမႈ ေတြကို ေလ်ာ့က်ေစတဲ့ အန္ေဒၚဖင္ေဟာ္မုန္းကို အထြက္တိုးေစလို႔ပဲ ျဖစ္ပါတယ္။
ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစျခင္း…
ညဘက္ကို ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစဖို႔အတြက္ အိပ္ယာမဝင္ခင္ ညဦးပိုင္းမွာ ၾကက္သီးေႏြးေရေလးကို ခ်ိဳးေပးဖို႔ လိုပါတယ္။ ညဘက္ အဲ့သည့္လို ေရခ်ိဳးလိုက္တဲ့ အခါမွာ ခႏၶာကိုယ္ဟာ အပူခ်ိန္ေလ်ာ့က်သြားၿပီး ခႏၶာကိုယ္ကေန မယ္လ္တိုနင္လို႔ ေခၚတဲ့ ေဟာ္မုန္းေတြ အထြက္တိုးေစပါတယ္။
အိပ္ယာမဝင္မွီ ေရၾကက္သီးေႏြး ခ်ိဳးေပးျခင္းေၾကာင့္ စိတ္နဲ႔ခႏၶာကို လန္းဆန္းအနားရေစၿပီး
ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္ေမာက်သြား ေစႏိုင္ပါတယ္။
ပင္ပန္းမႈကင္းၿပီး လန္းဆန္းဖို႔…
သင့္ရဲ႕တစ္ေန႔တာ လႈပ္ရွားသြားလာ အလုပ္မ်ားမႈေတြေၾကာင့္ စိတ္ေရာကိုယ္ပါ ပင္ပန္းႏြမ္းနယ္ျခင္းေတြ ျဖစ္ေပၚေနတာ အမွန္ပါ။ တစ္ေနကုန္ ပင္ပန္းႏြမ္းနယ္ေနမႈကို ေရစိမ္ခ်ိဳးလိုက္တာနဲ႔ ဦးေႏွာက္ထဲမွာ စိတ္ခံစားမႈေတြ ေကာင္းမြန္လာၿပီး အပန္းေျပ လန္းဆန္းေစတဲ့ ေဟာ္မုန္းေတြ ထြက္လာတာမို႔ သင့္ကို ေကာင္းမြန္စြာ အနားရေစမွာ ျဖစ္ပါတယ္။ ေရစိမ္ခ်ိဳးျခင္းရဲ႕ ေကာင္းက်ိဳးမ်ားကို သိရၿပီဆိုေတာ့ လိုက္လုပ္ၾကည့္ဖို႔က မိမိတာဝန္ပဲေပါ့။
# စႏၵီျမင့္မိုရ္
No Comments