ရေခဲပြင် အင်ဒီယာနာဂျုံးလို့ အမည်ရတဲ့ သူရေခဲပြင် အက်ကွဲကြောင်းထဲ ကျပြီး ကွယ်လွန်
- By : Phoe Linn
- Category : Health, International-news
- Tags: international news

ရေခဲပြင် အင်ဒီယာနာဂျုံးလို့ အမည်ရတဲ့ သူရေခဲပြင် အက်ကွဲကြောင်းထဲ ကျပြီး ကွယ်လွန်
ကိုနာဒ် စတက်ဖင် ဆိုသူက ဂရင်းလန်း ရေခဲပြင်ပေါ်မှာ အနှစ် ၃၀ ကျော်ကြာ နေထိုင်ခဲ့ပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို လေ့လာကာ သုတေသန ပြုနေသူ ဟာ မနေ့က ရေခဲပြင် အက်ကွဲကြောင်းထဲကို ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။
အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိုနာဒ်က ဂရင်းလန်းကျွန်းက ရေခဲတွေ အရည်ပျော်မှုကို မှတ်တမ်းပြုနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်တမ်းအရ နှစ်စဉ် ရေခဲတွေ အရည်ပျော်နှုန်းကို မှတ်တမ်း ပြုကာ ပင်လယ်ရေ မြင့်တက်လာမှုနဲ့ ပင်လယ်ကမ်းစပ်နေ လူအဖွဲ့အစည်းတွေ ဘယ်လောက် ထိခိုက် သွားနိုင်တယ် ဆိုတာကို သုတေသနပြု နေတာပါ။
စနေနေ့က သူဟာ ရေခဲပြင် အက်ကွဲကြောင်းထဲက ရေပြင်ထဲကို ထိုးကျသွားခဲ့ ပါတယ်။ သူက ရေခဲနံရံ တစ်လျှောက်မှာ ရှိတဲ့ အက်ကွဲကြောင်းတွေကို လေ့လာဖို့အတွက် ရေခဲ နံရံထဲကို တွယ်ဆင်းရင် ပြုတ်ကျ ခဲ့တာပါ။ သူရဲ့ အဖွဲ့ သားတွေက သူ့ရဲ့အသုံးအဆောင်တွေကို ရေခဲပြင် အက်ကွဲကြောင်း ထဲမှာ တွေခဲ့ရပြီး သူ့ရဲ့အလောင်းကိုတော့ ရှာဖွေ မတွေ့ခဲ့ပါဘူး။
“ဂရင်းလန်း က ရေခဲတုံးတွေက ကျမတို့ရဲ့ မိတ်ဆွေကြီးကို ကျမတို့ရဲ့ လက်ထဲကနေ လုယူသွားပါပြီ။ သူက တစ်ခေတ်တစ်ယောက် ပေါ်ထွန်းတဲ့ သိပ္ပံ ပညာရှင် တစ်ယောက်ပါ။ ကိုနီက သူနှစ်သက်တဲ့ ရေခဲတုံးတွေ ကြားထဲမှာ ထာဝရ အနားယူသွားပါပြီ။
ကျမတို့ရဲ့ ကမ္ဘာရဲ့ ရာသီဥတု ပြောင်းလဲမှုက သတိပေးရင်းနဲ့ပေါ့” လို့ တက္ကဆတ် ရာသီဥတု နည်းပညာ ဌာန အကြီးအကဲ ကတ်သရင်း ဟေးဟိုက ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။
ကမ္ဘာ့ အကြီးမြတ်ဆုံးသော ရေခဲပြင်ပညာရှင်တစ်ဦး ဆုံးရှုံးမှု ဖြစ်ခဲ့တဲ့အတွက် သူ့ကို ရေခဲပြင် အင်ဒီယာနာဂျုံး လို့ တင်စားပါတယ်လို့ ရာသီဥတုဆိုင်ရာ သတင်းအဖွဲ့ က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ “ကိုနာဒ်က ကျနော်တို့ရဲ့ ကမ္ဘာကြီးရဲ့ ရာသီဥတုဖောက်ပြန်မှု ကို သတိပေးရင်း ကွယ်လွန်သွားခဲ့ရတာပါ” လို့ သူတို့က ဆိုပါတယ်။
ကိုနာဒ်က သူ့ဘဝတစ်လျှောက်လုံး ဂရင်းလန်း ရေခဲပြင်ပေါ်က ဆွစ်ဇာလန် တဲအိမ်နဲ့ နေခဲ့တာပါ။၂၀၁၈ တုန်းကလည်း ရေခဲပြင်တွေ အရည်ပျော်ပြီး သူတို့ တဲပြိုကာ အသက်အန္တရာယ် ဖြစ်ခဲ့ဖူး ပါတယ်။ ၁၉၇၇ ခုနှစ်မှာ ဇူးရစ် တက္ကသိုလ်မှာ ဘွဲ့ရပြီးကတည်းက ရေခဲပြင်ဆိုင်ရာ သုတေသနကို ဒီနေ့အထိ အလုပ်လုပ်ခဲ့တာပဲ။
၂၀၀၈ က သူ့ရဲ့ စာတမ်းကြောင့် ကမ္ဘာက ရာသီဥတုပြောင်းလဲမှု ကို သတိထားမိ သွားကြတာပါ။ကမ္ဘာခေါင်းဆောင်တွေကို ထိပ်လန့် သွားစေခဲ့ပါတယ်။ သူ့ကြောင့် လူရာသွင်း မခံရတဲ့ သဘာဝပတ်ဝန်းကျင် လှုံ့ဆော်ရေးသမားတွေ ထိပ်တန်းကို ရောက်ခဲ့ရတာပါ။
မောင်ယဿ, REF: business insider, Photo: carbon brief
No Comments