ရေကူးသမားကို လူသေအလောင်းထင်လို့ ဝုန်းဒိုင်းကျဲသွားတဲ့ အုတ်ကလာဟိုးမားက မီးသတ်တွေ

ရေကူးသမားကို လူသေအလောင်းထင်လို့ ဝုန်းဒိုင်းကျဲသွားတဲ့ အုတ်ကလာဟိုးမားက မီးသတ်တွေ
International-news

ရေကူးသမားကို လူသေအလောင်းထင်လို့ ဝုန်းဒိုင်းကျဲသွားတဲ့ အုတ်ကလာဟိုးမားက မီးသတ်တွေ

မောင်ယဿ ( သြဂုတ် ၂၁ )

တခါတလေ ကျတော့ အသက်မွေးဝမ်းကြောင်းမှု ပုံစံမတူရင် အမြင်တွေကွဲပြီး ပဋိပက္ခအခြေအနေတွေဖြစ်ကာ ဝုန်းဒိုင်းကျဲတာတွေ ဖြစ်ခဲ့ရပါတယ်။ အမေရိကား က အုတ်ကလာဟိုးမားမှာ ဖြစ်သွားတဲ့ ကိစ္စလေးက ဆင်ခြင်စရာပါ။

ရေကူးသမားတွေ မှာအချို့ရေကူးသမားတွေက ရေထဲမျာ ပေါ်လောပေါပြီး အနားယူလို့ရပါတယ်။ အချို့ ကတော့ ရေထဲမှာ လှုတ်ကိုလှုတ်နေရပါတယ်။ ရေမနစ်ချင်ရင် ခြေထောက်လှုတ်ဆိုတဲ့ အဆိုတောင် ရှိပါတယ်။ ဒါပေမဲ့ အချို့ရေကူးသမားတွေက ရေထဲမှာ ပေါ်ကိုပေါ်နေတာပါ။

သူတို့ရေကူးလို့ မောသွားပြီးဆိုရင် ရေထဲမှာ ပက်လက်လှန်ပြီး အနားယူနေပါတယ်။ အဲ့ဒါကို ကမ်းပေါ်ကလူတွေ ကြည့်ရင် လူသေအလောင်းကြီး ရေထဲမျောနေတဲ့ ပုံစံမျိုးတွေ့ရတော့ တာပါပဲ။

အုတ်ကလာဟိုးမားက အာဏါပိုင်တွေဆီကို မြစ်ထဲမှာ လူသေအလောင်းတစ်လောင်းမျောနေတယ်ဆိုတဲ့ ဖုန်ခေါ်သံကိုလက်ခံ ရရှိလိုက်ပါတယ် ။ အာဏါပိုင်တွေက တက်ဆလာမီးသတ်ဌာနကို ချက်ခြင်းအကြောင်းကြားပြီး လူသေအလောင်းကို ဆယ်ဖို့အကြောင်းကြားလိုက်ပါတယ်။

မီးသတ်ဌာနက ကယ်ဆယ်ရေးတွေက ချက်ခြင်း ဆိုသလိုပဲ ကားတွေထွက်ပြီး သတင်းရတဲ့ နေရာကိုထွက်ခဲ့ကြပါတယ်။

ကမ်းခြေကနေ မြစ်ထဲကို ကြည့်တော့ ဟုတ်ပါတယ်။ လူသေအလောင်း တစ်လောင်း ရေထဲမှာ မျောနေတာကို တွေ့ကြလို့ ချက်ခြင်းဘဲ အလောင်းဆယ်ဖို့အတွက် ပြင်ကြဆင်ကြ ပါတယ်။

သူတို့တွေ ရေထဲကို စပြီး ဆင်းတဲ့ အချိန်မှာပဲ အဲ့ဒိအလောင်းက လှုတ်လာပြီး ရေကူးကာ ကမ်းစပ်ဖက်ကို ကူးလာတာကိုတွေ့ လိုက်ရပါတယ်။ အားလုံးက ကြက်သေသေသွားကြပါတယ်။

“ကျနော်တို့ အလောင်းကို ဆယ်ဖို့ မြစ်ထဲကို လှေချလိုက်တော့ အလောင်းက လှုတ်လာတယ်ဗျ ။ ကျနော်တို့ တောင် လန့်ပြီးလှေကို ချရမလားပြန်တင် ရမလားတောင်းဖြစ်ခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် ဆိုပြီး လှေကို ချပြီး အဲ့ဒိလူဆီကို သွားတော့ အဲ့ဒိလူက ကမ်းစပ်ကိုသွားပြီး ရေတိမ်ပိုင်းရောက်တော့ လမ်းလျှောက်ပြီး ကမ်းပေါ် တက်သွားပါတယ်။

အားလုံး အော်ဟစ် ပြီး ပြောကြဆိုကြနဲ့ မောကြ ဖြစ်ကုန်တာပေါ့။ ကမ်းစပ်မှာ လူတွေ အများကြီး အလုပ်ရှုတ်နေတာကို သူကိုယ်တိုင် ကလည်း အံ့အားသင့်နေတဲ့ ပုံပါပဲ။

အရေးထဲ မီးသတ်သမား တစ်ယောက်က သူ့ကို စောင်ခြုံပေးပြီး အရေးပေါ်ကားဆီကို ခေါ်သွားလို့ အားလုံး က ဝိုင်း တားလိုက်ရ သေးတယ်။ ဘေးလူတွေ ဝိုင်းရှင်းတော့ မှပဲ အဲ့ရေကူးသမားက အားနာတဲ့ ပုံပေါက်သွားပြီး တောင်း ပန်ပါတယ်” လို့ ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင်က ဆိုပါတယ်။

REF: UPI,Photo:Credit  UPI

Zawgyi


ရေကူးသမားကို လူသေအလောင်းထင်လို့ ဝုန်းဒိုင်းကျဲသွားတဲ့ အုတ်ကလာဟိုးမားက မီးသတ်တွေ
ရေကူးသမားကို လူသေအလောင်းထင်လို့ ဝုန်းဒိုင်းကျဲသွားတဲ့ အုတ်ကလာဟိုးမားက မီးသတ်တွေ

မောင်ယဿ ( သြဂုတ် ၂၁ )












REF: UPI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …