ရုရှား အရှေ့ဖက်ကမ်း မှာ အယ်ဘီနို ဖျံတစ်ကောင်တွေ့ရှိ

International-news

ရုရှား အရှေ့ဖက်ကမ်း မှာ အယ်ဘီနို ဖျံတစ်ကောင်တွေ့ရှိ

မကြာသေးခင်က ရုရှားနိုင်ငံ အရှေ့ဖက်ကမ်းခြေမှာ တွေ့ခဲ့ရတဲ့ အလွန်ရှားပါးတဲ့ မျက်လုံး အပြာရောင်နဲ့ လိမ္မော်ရောင် သားမွေးရှိတဲ့ ပင်လယ်ဖျံ တစ်ကောင်ကို တွေ့ရှိခဲ့ရာမှာ သူတို့က အဲ့ဒိအကောင်လေး ပျောက်ကွယ်သွားမှာကို အလွန်ပဲ စိုးရိမ်နေကြပါတယ်။

ရုရှား အရှေ့ဖက်ကမ်း မှာ အယ်ဘီနို ဖျံတစ်ကောင်တွေ့ရှိ1

ဇီဝဗေဒ သဘောအရ အယ်ဘီနိုလို့ ခေါ်တဲ့အကောင်တွေက အလွန်ပဲ ရှားပါး ပါတယ်။ တစ်သန်းမှာ တစ်ကောင်တွေ့ရခဲပါတယ်။ အနက်ရောင် ဆင်ထီးနဲ့ ဆင်မက နေမွေးတဲ့ ဆင်ဖြူလိုမျိုး အကောင်တွေက ဇီဝဗေဒသဘောအရ ဆိုရင် အယ်ဘီနိုတွေပါ။ ဖျံတွေမှာလည်း ဖျံဖြူ တွေ ဖျံနက်တွေ က အများကြီး ရှိပေမဲ့ လိမ္မော် အမွေးနဲ့ မျက်လုံးအပြာ ဖျံ မျိုးဆိုတာ လုံးဝ မရှိပါဘူး။

အခုလို ရှားရှားပါးပါး တွေရတဲ့ ဖျံမျိုး တွေကို မျိုးစပ်ရင် အခြား အသွေးအရောင်တွေ ရနိုင်တဲ့အတွက် ဇီဝဗေဒ အမြင်မှာတော့ ၎င်းတို့က အလွန် တန်ဖိုးကြီးတဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။

ရုရှား အရှေ့ဖက်ကမ်း မှာ အယ်ဘီနို ဖျံတစ်ကောင်တွေ့ရှိ2

လက်ရှိ တွေ့ရတဲ့ အကောင်လေးက ဖျံကောင်ရေ တစ်သန်းကျော်မှာ တစ်ကောင် တွေ့ရဖို့ ခက်ခဲလွန်းတဲ့ အနေအထား ဖြစ်ပါတယ်။ ရုရှား ဇီဝဗေဒပညာရှင်တွေကတော့ ဘဲရုပ်ဆိုးလေးလို့ နာမည် ပေးထားပါတယ်။ အဲ့ဒိအကောင်လေးကို တွေ့နေရတာ နည်းနည်း ကြာနေပါပြီ။

တစ်ယောက်နဲ့ တစ်ယောက် စကားမစပ်မိတဲ့အတွက် ပညာရှင်တွေ အသိနောက်ကျ သွားတာပါလို့ ဒေသခံ တူလန်နီကျွန်းသားတွေက ပြောပါတယ်။ ဘဲရုပ်ဆိုးလေး ကံကောင်းတာက သူ့ကို အခြား ဖျံတွေ က သတိ မထားမိတာပဲ ဖြစ်ပါတယ်။ နောက်ပြီး အခြား ဖျံထီး ကြီးတွေက လည်း ဒီလောက် အရောင်ကွဲထွက် နေတာကို လုံး၀ သတိမထားမိဘူး ဖြစ်နေပါတယ်။

ရုရှား အရှေ့ဖက်ကမ်း မှာ အယ်ဘီနို ဖျံတစ်ကောင်တွေ့ရှိ4

 

သူ့ကို လူတွေက လုံးဝ မဖမ်းသလို ဖျံအချင်းချင်း ကိုက်သတ်တဲ့ ဘေးကလည်း လွတ်ကင်းနေပါတယ်။ အခုတော့ ရုရှား ဇီဝဗေဒ ပညာရှင်တွေက သူ့ကို ဖမ်းပြီး လင်းပိုင်တွေ ထားတဲ့ ရေပန်းဥယျာဉ်ထဲမှာ ထားဖို့အတွက် စီစဉ်နေပါတယ်။

မောင်ယဿ, REF: world of buzz, Photo;india times

Zawgyi



ရုရှား အရှေ့ဖက်ကမ်း မှာ အယ်ဘီနို ဖျံတစ်ကောင်တွေ့ရှိ3







No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …