ရုရှား ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှု ဖြစ် ၁၆ ဦးသေဆုံး
- By : Kaung Khant
- Category : International-news

ရုရှား ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှု ဖြစ် ၁၆ ဦးသေဆုံး
မောင်ယဿ ( အောက်တိုဘာ ၂၂ )
ဒီနေ့ မနက်ပိုင်း မှာ ရုရှား နိုင်ငံအနောက်ပိုင်း ရာဇန်ပြည်နယ်က ဓာတုဗေဒစက်ရုံတစ်ခုပေါက်ကွဲမှုဖြစ်ခဲ့ လို့ လူ ၁၆ ဦး သေဆုံးကာ ၁ဦးကိုတော့ ဆေးရုံမှာ အရေးပေါ်ကုသမှု ပေးနေရပါတယ်။
အလုပ်ခွင်ထဲမှာ ရှိတဲ့ အလုပ်သမား ၁၇ ယောက်မှာ ၁၆ ဦးသေဆုံးစေတဲ့ ပေါက်ကွဲမှုကြီးက ယမ်းမှုန်ကတွေကြောင့်လို့ ယာယီသက်မှတ်ထားပါတယ်။ သေဆုံးသူတွေရဲ့ နာမည်တွေကို ရုရှား ဆိုရှယ်မီဒီယာတွေ မှာ ဖော်ပြနေကြပါတယ်။
စက်ရုံတစ်ခုလုံးပျက်စီးသွားတဲ့ ပေါက်ကွဲမှု ကြီးမှာ အဝါရောင် မီတောက်ကြီး တစ်ခုက စူးကနဲ့ပေါ်ထွက်ခဲ့ တယ်လို့ ဒေသခံ မျက်မြင်သက်သေတွေက ဆိုပါတယ်။
ပေါက်ကွဲမှု ပြီးနောက် ထွက်ပေါ်လာတဲ့ မီးခိုလုံးတွေ က ပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး အလွန်စူးရှတဲ့ အနံ့ကြောင့် အသက်ရှုရတာ အခက်အခဲဖြစ်ခဲ့ရပါတယ် လို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အာဏါပိုင်တွေက တစ်စုံတစ်ရာ ထုတ်ပြန်ချက် မပြုလုပ်သေးပါဘူး ။ အများစုကတော့ နည်းပညာအမှား တစ်ခုခုကြောင့် အခုလိုဖြစ်ရတာလို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
REF; reuter,Photo:Credit devdiscourse
Zawgyi
႐ုရွား ဓာတုေဗဒစက္႐ုံ ေပါက္ကြဲမႈ ျဖစ္ ၁၆ ဦးေသဆုံး
ေမာင္ယႆ ( ေအာက္တိုဘာ ၂၂ )
ဒီေန႔ မနက္ပိုင္း မွာ ႐ုရွား ႏိုင္ငံအေနာက္ပိုင္း ရာဇန္ျပည္နယ္က ဓာတုေဗဒစက္႐ုံတစ္ခုေပါက္ကြဲမႈျဖစ္ခဲ့ လို႔ လူ ၁၆ ဦး ေသဆုံးကာ ၁ဦးကိုေတာ့ ေဆး႐ုံမွာ အေရးေပၚကုသမႈ ေပးေနရပါတယ္။
အလုပ္ခြင္ထဲမွာ ရွိတဲ့ အလုပ္သမား ၁၇ ေယာက္မွာ ၁၆ ဦးေသဆုံးေစတဲ့ ေပါက္ကြဲမႈႀကီးက ယမ္းမႈန္ကေတြေၾကာင့္လို႔ ယာယီသက္မွတ္ထားပါတယ္။ ေသဆုံးသူေတြရဲ႕ နာမည္ေတြကို ႐ုရွား ဆိုရွယ္မီဒီယာေတြ မွာ ေဖာ္ျပေနၾကပါတယ္။
စက္႐ုံတစ္ခုလုံးပ်က္စီးသြားတဲ့ ေပါက္ကြဲမႈ ႀကီးမွာ အဝါေရာင္ မီေတာက္ႀကီး တစ္ခုက စူးကနဲ႔ေပၚထြက္ခဲ့ တယ္လို႔ ေဒသခံ မ်က္ျမင္သက္ေသေတြက ဆိုပါတယ္။
ေပါက္ကြဲမႈ ၿပီးေနာက္ ထြက္ေပၚလာတဲ့ မီးခိုလုံးေတြ က ပတ္ဝန္းက်င္တစ္ခုလုံးကိုဖုံးလႊမ္းသြားၿပီး အလြန္စူးရွတဲ့ အနံ႔ေၾကာင့္ အသက္ရႈရတာ အခက္အခဲျဖစ္ခဲ့ရပါတယ္ လို႔ ဆိုပါတယ္။
ေပါက္ကြဲမႈျဖစ္ရတဲ့ အေၾကာင္းအရင္းနဲ႔ ပတ္သက္ၿပီး အာဏါပိုင္ေတြက တစ္စုံတစ္ရာ ထုတ္ျပန္ခ်က္ မျပဳလုပ္ေသးပါဘူး ။ အမ်ားစုကေတာ့ နည္းပညာအမွား တစ္ခုခုေၾကာင့္ အခုလိုျဖစ္ရတာလို႔ ခန႔္မွန္းေျပာဆိုေနၾကပါတယ္။
REF; reuter
Photo: devdiscourse
No Comments