ရုရှားမှာ အစိုးရဆန့်ကျင်ရေး ရက်ဆက်ဖြစ်နေ … … …

ရုရှားမှာ အစိုးရဆန့်ကျင်ရေး ရက်ဆက်ဖြစ်နေ ... ... ...
International-news

unicode

ရုရှားမှာ အစိုးရဆန့်ကျင်ရေး ရက်ဆက်ဖြစ်နေ … … … ။ ။

ရုရှားနိုင်ငံအရှေ့ပိုင်းက ခါဗာရော့ဗ်မှာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုတိုး လာပြီး ရက်ဆက် ဖြစ်ပေါ်နေပါတယ် ။

ခါဗာရော့ဗ် မြို့တော်ဝန် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဝင် ဖြစ်တဲ့ ဆာဂျီဖာဂယ်ကို လူသတ်မှု နဲ့ ဗဟိုအစိုးရက ပြီးခဲ့တဲ့ ၂ပတ်က ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး မြို့ခံပြည်သူ တွေက မကျေမနပ်ဖြစ်ကာ ဆန္ဒ ပြနေကြတာပါ ဖြစ်ပါတယ် ။

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ၂၀၀၄ ၊၂၀၀၅ တုန်းက စီးပွားရေးသမား အမြောက်အများ သတ်ဖြတ်ခံရ တာနဲ့ပတ်သက်ပြီး ဆာဂျီဖာဂယ်ကို သံသယရှိလို့ ဖမ်းဆီးထားတာပါလို့ ဆိုတယ် ။

လွန်ခဲ့တဲ့ ၂လလောက်ကတည်းက မော်စကိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဖာဂယ်( ၅၀နှစ် )က အဲ့ဒီလူသတ်မှုနဲ့ သူနဲ့ လုံး၀ သက်ဆိုင်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ် ။ ဆန္ဒပြသူတွေကတော့ ဖာဂယ်ကို မြို့တော် မော်စကို မှာ အမှုရင်မဆိုင်စေဘဲ သူ့မြို့ခါဗာရော့ဗ်မှာပဲ အမှုရင်ဆိုင်စေဖို့အတွက်တောင်းဆိုနေကြပါတယ် ။

ခါဗာရော့ဗ် မြို့တော်ဝန်အသစ်ဖြစ်တဲ့ မစ်ခေး ဒက်ရာယော့ ကတော့ မြို့ကို တည်ငြိမ်မှုရှိအောင်အမြန်ဆုံး အကောင်းအထည်ဖော်နေပါတယ်လို့ ဆိုပါတယ် ။ သူက ဖမ်းဆီးခံထားရတဲ့ ဖာဂယ်နဲ့ တစ်ပါတီတည်းအဖွဲ့ ဝင်တွေပဲဖြစ်ပါတယ် ။

သမ္မတပူတင်ကတော့ လက်ရှိဖြစ်နေတဲ့ အစိုးရဆန့်ကျင်မှု ဆန္ဒပြပွဲ တွေက ဒေသတွင်း က ပြဿနာဖြစ်လို့ နိုင်ငံအဆင့်အထိ ဖြစ်မလာအောင် တားဆီးကြဖို့ အတွက် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကို အမိန့်ပေးထားပါတယ် ။

ဖာဂယ်က ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ခါဗာရော့ဗ် မြို့တော်ဝန် ရာထူးကို ၂၀၁၈ က လက်ခံရရှိခဲ့ တာဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲမှာ ပူတင်ရဲ့ ပါတီက မရှု့မလှ ရှုံးခဲ့ရပါတယ် ။ မြို့တော်ဝန်ရာထူးကို နှစ်ပေါင်းများစွာ အနိုင်ရရှိခဲ့တဲ့ သမ္မတပူတင်ရဲ့ ပါတီက ကျိန်းသေနိုင်မှာကို သေချာပေါက်တွက်ထားချိန်မှာ ဖာဂယ်က တောင်ပြိုကမ်းပြို နိုင်ခဲ့တာပါ ။

မော်စကိုမြို့နဲ့ မိုင် ၃၈၀၀ အကွာမှာရှိတဲ့ ခါဗာရော့ဗ်မှာ ဇူလိုင်လ ၁၈ရက်နေ့ကတည်းက ဆန္ဒပြမှုတွေဖြစ်ပေါ်နေခဲ့တာပါ ။ အစပထမပိုင်းက ရာဂဏန်းလောက်သာ ဆန္ဒပြခဲ့ပေမဲ့ ၂ပတ်အတွင်းမှာပဲ တစ်ရက်ကို လူ ၃၅၀၀၀ကျော် ဆန္ဒပြနေကြပါတယ် ။

မောင်ယဿ
REF: euronews, Photo; today headline

zawgyi

႐ုရွားမွာ အစိုးရဆန႔္က်င္ေရး ရက္ဆက္ျဖစ္ေန … … … ။ ။

႐ုရွားႏိုင္ငံအေရွ႕ပိုင္းက ခါဗာေရာ့ဗ္မွာ အစိုးရဆန႔္က်င္ေရး လႈပ္ရွားမႈေတြက တစ္ေန႔ထက္တစ္ေန႔ ပိုပိုတိုး လာၿပီး ရက္ဆက္ ျဖစ္ေပၚေနပါတယ္ ။

ခါဗာေရာ့ဗ္ ၿမိဳ႕ေတာ္ဝန္ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီဝင္ ျဖစ္တဲ့ ဆာဂ်ီဖာဂယ္ကို လူသတ္မႈ နဲ႔ ဗဟိုအစိုးရက ၿပီးခဲ့တဲ့ ၂ပတ္က ဖမ္းဆီးခဲ့တာနဲ႔ ပတ္သက္ၿပီး ၿမိဳ႕ခံျပည္သူ ေတြက မေက်မနပ္ျဖစ္ကာ ဆႏၵ ျပေနၾကတာပါ ျဖစ္ပါတယ္ ။

႐ုရွားစုံစမ္းစစ္ေဆးေရးေကာ္မတီက ၂၀၀၄ ၊၂၀၀၅ တုန္းက စီးပြားေရးသမား အေျမာက္အမ်ား သတ္ျဖတ္ခံရ တာနဲ႔ပတ္သက္ၿပီး ဆာဂ်ီဖာဂယ္ကို သံသယရွိလို႔ ဖမ္းဆီးထားတာပါလို႔ ဆိုတယ္ ။

လြန္ခဲ့တဲ့ ၂လေလာက္ကတည္းက ေမာ္စကိုေထာင္မွာ ဖမ္းဆီးခံထားရတဲ့ ဖာဂယ္( ၅၀ႏွစ္ )က အဲ့ဒီလူသတ္မႈနဲ႔ သူနဲ႔ လုံး၀ သက္ဆိုင္မႈမရွိဘူးလို႔ ျငင္းဆိုထားပါတယ္ ။ ဆႏၵျပသူေတြကေတာ့ ဖာဂယ္ကို ၿမိဳ႕ေတာ္ ေမာ္စကို မွာ အမႈရင္မဆိုင္ေစဘဲ သူ႔ၿမိဳ႕ခါဗာေရာ့ဗ္မွာပဲ အမႈရင္ဆိုင္ေစဖို႔အတြက္ေတာင္းဆိုေနၾကပါတယ္ ။

ခါဗာေရာ့ဗ္ ၿမိဳ႕ေတာ္ဝန္အသစ္ျဖစ္တဲ့ မစ္ေခး ဒက္ရာေယာ့ ကေတာ့ ၿမိဳ႕ကို တည္ၿငိမ္မႈရွိေအာင္အျမန္ဆုံး အေကာင္းအထည္ေဖာ္ေနပါတယ္လို႔ ဆိုပါတယ္ ။ သူက ဖမ္းဆီးခံထားရတဲ့ ဖာဂယ္နဲ႔ တစ္ပါတီတည္းအဖြဲ႕ ဝင္ေတြပဲျဖစ္ပါတယ္ ။

သမၼတပူတင္ကေတာ့ လက္ရွိျဖစ္ေနတဲ့ အစိုးရဆန႔္က်င္မႈ ဆႏၵျပပြဲ ေတြက ေဒသတြင္း က ျပႆနာျဖစ္လို႔ ႏိုင္ငံအဆင့္အထိ ျဖစ္မလာေအာင္ တားဆီးၾကဖို႔ အတြက္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေတြကို အမိန႔္ေပးထားပါတယ္ ။

ဖာဂယ္က ျပည္သူေတြရဲ႕ ေထာက္ခံမႈနဲ႔ ခါဗာေရာ့ဗ္ ၿမိဳ႕ေတာ္ဝန္ ရာထူးကို ၂၀၁၈ က လက္ခံရရွိခဲ့ တာျဖစ္ၿပီး အဲ့ဒီေ႐ြးေကာက္ပြဲမွာ ပူတင္ရဲ႕ ပါတီက မရႈ႕မလွ ရႈံးခဲ့ရပါတယ္ ။ ၿမိဳ႕ေတာ္ဝန္ရာထူးကို ႏွစ္ေပါင္းမ်ားစြာ အႏိုင္ရရွိခဲ့တဲ့ သမၼတပူတင္ရဲ႕ ပါတီက က်ိန္းေသႏိုင္မွာကို ေသခ်ာေပါက္တြက္ထားခ်ိန္မွာ ဖာဂယ္က ေတာင္ၿပိဳကမ္းၿပိဳ ႏိုင္ခဲ့တာပါ ။

ေမာ္စကိုၿမိဳ႕နဲ႔ မိုင္ ၃၈၀၀ အကြာမွာရွိတဲ့ ခါဗာေရာ့ဗ္မွာ ဇူလိုင္လ ၁၈ရက္ေန႔ကတည္းက ဆႏၵျပမႈေတြျဖစ္ေပၚေနခဲ့တာပါ ။ အစပထမပိုင္းက ရာဂဏန္းေလာက္သာ ဆႏၵျပခဲ့ေပမဲ့ ၂ပတ္အတြင္းမွာပဲ တစ္ရက္ကို လူ ၃၅၀၀၀ေက်ာ္ ဆႏၵျပေနၾကပါတယ္ ။

ေမာင္ယႆ
REF: euronews, Photo; today headline

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အြန္လိုင္းေပၚက ေစာ္ကားမႈေတြကို ေလွ်ာ့ခ်ေပးဖို႔အတြက္ ေရွ႕ေနခ်ဳပ္က ေဖ့စ္ဘုတ္ကို ေတာင္းဆို
International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား
International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း
International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …