
ရုပ်ရှင်သရုပ်ဆောင် ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ပါဘူးလို့ ဆိုတဲ့ ကာဂျို
ကာဂျိုဆိုတဲ့ ဘောလီးဝုဒ် မင်းသမီးကို မြန်မာ ပရိသက်တွေ လုံးဝမစိမ်းပါဘူး။ ရှရွတ်ခန်ရဲ့ ကူချိကူချီ ဟိုသားရေ ဆိုတဲ့ ရုပ်ရှင်ကားထဲက အင်ဂျလီနာ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်သမီးဆိုရင် မျက်စေ့ထဲ တန်းမြင်ကြမှာပါ။
ဘောလီးဝုဒ် က မင်းသမီးတွေထဲမှာ ကာဂျိုက သူ့တန်းနဲ့ သူ နေခဲ့တဲ့သူပါ။ နာမည်ကျော် ဝင်ငွေကောင်းတဲ့ ကားများစွာမှာ သရုပ်ဆောင်ခဲ့သူပါ။ သူ့ရဲ့ ခေတ်တစ်ခေတ်ကိုလည်း တည်ထောင်ထားနိုင် သူပါ။ ဒါပေမဲ့ သူနဲ့ အင်တာဗျူးမှာတော့ ရုပ်ရှင်သရုပ်ဆောင် လုပ်ဖို့အတွက် ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပါဘူးလို့ ဆိုတော့ တော်တော် အံ့အားသင့်မိပါတယ်။
၁၉၇၄ သြဂုတ်လ ၅ ရက်နေ့က သူမရဲ့ မွေးနေ့ပါ။ မွေးနေ့ဆိုတော် သူမက ဆိုရှယ်မီဒီယာပေါ်ကို သူမ ငယ်ငယ်တုန်းက ဓာတ်ပုံတွေတင်ရင်း ငယ်ငယ်က အကြောင်းတွေ ပြန်ပြောဖြစ်ခဲ့ကြပါတယ်။
“ကျမက ငယ်ငယ်ကတည်းက မိသားစုကို ချစ်တတ်တဲ့ အဖေ အမေတွေနဲ့ နေခဲ့ရတာပါ။ ရုပ်ရှင်ဒါရိုက်တာ အဖေနဲ့ ရုပ်ရှင်မင်းသမီး အမေတို့ ကြောင့် ရုပ်ရှင်လောက က ကျမအတွက် အစိမ်း ကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒိလုပ်ငန်းကို ကျမ စိတ်မဝင်စားပါဘူး။ ခက်တာက အမေလေ ။
အမေက အလုပ် ကြိုးစားတဲ့အပြင် စည်းကမ်းကြီးတော့ ကျမကို အရွယ်မတိုင်ခင်မှာပဲ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည် နေစေချင်တယ်။ အဖေနဲ့ အဲ့ဒိကိစ္စ ခွန်းကြီး ခွန်းငယ် ဖြစ်ခဲ့ဖူးတယ်။ အဖေက လက်လျှာ့ လိုက်ရပါတယ်။ အဲ့တော့ အမေစိတ်ကြိုက် ကိုယ်ပိုင် ဝင်ငွေနဲ့ ရပ်တည်လို့ ရအောင် ပိုက်ဆံကို အလွယ်ဆုံးနဲ့ အနီးဆုံး ရှာလို့ရတာ ရုပ်ရှင်ရိုက်ကွင်း တွေပဲ မဟုတ်လား။ မထင်ပါဘူး။
ကျမက အလွတ်လပ်ဆုံး အပေါ့ပါးဆုံး နဲ့ သရုပ်ဆောင် သွားတာတွေက ပရိတ်သက်အတွက် နှစ်ခြိုက်စရာ ဖြစ်ခဲ့တော့ ကျမ နာမည်ကြီး သွားတာပါ။ အမှန်ကိုပြောရရင် သရုပ်ဆောင်တစ်ယောက် လုပ်ဖို့အတွက် စိတ်ကူးကို မရှိခဲ့ပါဘူး”လို့ သူမက ဖြေသွားပါတယ်။
အခုတော့ သူရဲ့ခင်ပွန်းဖြစ်သူ အေဂျေ ဒီဗန်းရယ် သားတစ်ယောက် သမီးတစ်ယောက်ကို ပြုစုရင်းနဲ့ သူမလိုချင်တဲ့ ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားပါတယ်။ ရီစရာကောင်းတာက အေဂျေဒီဗန်း နဲ့ သမီးရည်းစား ဖြစ်ခဲ့တုန်းကလည်း ချစ်ပါတယ်ဆိုတဲ့ စကားကို ၂ယောက်ပြိုင်တူ ပြောဖြစ်ခဲ့တာပါပဲ။
စရိုက်မတူ အသွင်မတူတဲ့ သူတို့စုံတွဲက ဘောလီးဝုဒ်လို ရင်ရှုတ်တဲ့ ရုပ်ရှင်လောကကြီးမှာ အနှစ်၂၀ကျော် တွဲနေတာကို အားလုံးက ချီးကျူးနေကြပါတယ်။
မောင်ယဿ, REF: mid day, Photo; mid day
Zawgyi
႐ုပ္ရွင္သ႐ုပ္ေဆာင္ ဘယ္တုန္းကမွ မျဖစ္ခ်င္ခဲ့ပါဘူးလို႔ ဆိုတဲ့ ကာဂ်ိဳ
ကာဂ်ိဳဆိုတဲ့ ေဘာလီးဝုဒ္ မင္းသမီးကို ျမန္မာ ပရိသက္ေတြ လုံးဝမစိမ္းပါဘူး။ ရွ႐ြတ္ခန္ရဲ႕ ကူခ်ိကူခ်ီ ဟိုသားေရ ဆိုတဲ့ ႐ုပ္ရွင္ကားထဲက အင္ဂ်လီနာ အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္သမီးဆိုရင္ မ်က္ေစ့ထဲ တန္းျမင္ၾကမွာပါ။
ေဘာလီးဝုဒ္ က မင္းသမီးေတြထဲမွာ ကာဂ်ိဳက သူ႔တန္းနဲ႔ သူ ေနခဲ့တဲ့သူပါ။ နာမည္ေက်ာ္ ဝင္ေငြေကာင္းတဲ့ ကားမ်ားစြာမွာ သ႐ုပ္ေဆာင္ခဲ့သူပါ။ သူ႔ရဲ႕ ေခတ္တစ္ေခတ္ကိုလည္း တည္ေထာင္ထားႏိုင္ သူပါ။ ဒါေပမဲ့ သူနဲ႔ အင္တာဗ်ဴးမွာေတာ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ လုပ္ဖို႔အတြက္ ဘယ္တုန္းကမွ စိတ္မဝင္စားခဲ့ပါဘူးလို႔ ဆိုေတာ့ ေတာ္ေတာ္ အံ့အားသင့္မိပါတယ္။
၁၉၇၄ ၾသဂုတ္လ ၅ ရက္ေန႔က သူမရဲ႕ ေမြးေန႔ပါ။ ေမြးေန႔ဆိုေတာ္ သူမက ဆိုရွယ္မီဒီယာေပၚကို သူမ ငယ္ငယ္တုန္းက ဓာတ္ပုံေတြတင္ရင္း ငယ္ငယ္က အေၾကာင္းေတြ ျပန္ေျပာျဖစ္ခဲ့ၾကပါတယ္။
“က်မက ငယ္ငယ္ကတည္းက မိသားစုကို ခ်စ္တတ္တဲ့ အေဖ အေမေတြနဲ႔ ေနခဲ့ရတာပါ။ ႐ုပ္ရွင္ဒါ႐ိုက္တာ အေဖနဲ႔ ႐ုပ္ရွင္မင္းသမီး အေမတို႔ ေၾကာင့္ ႐ုပ္ရွင္ေလာက က က်မအတြက္ အစိမ္း ႀကီး မဟုတ္ပါဘူး။ ဒါေပမဲ့ အဲ့ဒိလုပ္ငန္းကို က်မ စိတ္မဝင္စားပါဘူး။ ခက္တာက အေမေလ ။
အေမက အလုပ္ ႀကိဳးစားတဲ့အျပင္ စည္းကမ္းႀကီးေတာ့ က်မကို အ႐ြယ္မတိုင္ခင္မွာပဲ ကိုယ္ပိုင္ဝင္ေငြနဲ႔ ရပ္တည္ ေနေစခ်င္တယ္။ အေဖနဲ႔ အဲ့ဒိကိစၥ ခြန္းႀကီး ခြန္းငယ္ ျဖစ္ခဲ့ဖူးတယ္။ အေဖက လက္လွ်ာ့ လိုက္ရပါတယ္။ အဲ့ေတာ့ အေမစိတ္ႀကိဳက္ ကိုယ္ပိုင္ ဝင္ေငြနဲ႔ ရပ္တည္လို႔ ရေအာင္ ပိုက္ဆံကို အလြယ္ဆုံးနဲ႔ အနီးဆုံး ရွာလို႔ရတာ ႐ုပ္ရွင္႐ိုက္ကြင္း ေတြပဲ မဟုတ္လား။ မထင္ပါဘူး။
က်မက အလြတ္လပ္ဆုံး အေပါ့ပါးဆုံး နဲ႔ သ႐ုပ္ေဆာင္ သြားတာေတြက ပရိတ္သက္အတြက္ ႏွစ္ၿခိဳက္စရာ ျဖစ္ခဲ့ေတာ့ က်မ နာမည္ႀကီး သြားတာပါ။ အမွန္ကိုေျပာရရင္ သ႐ုပ္ေဆာင္တစ္ေယာက္ လုပ္ဖို႔အတြက္ စိတ္ကူးကို မရွိခဲ့ပါဘူး”လို႔ သူမက ေျဖသြားပါတယ္။
အခုေတာ့ သူရဲ႕ခင္ပြန္းျဖစ္သူ ေအေဂ် ဒီဗန္းရယ္ သားတစ္ေယာက္ သမီးတစ္ေယာက္ကို ျပဳစုရင္းနဲ႔ သူမလိုခ်င္တဲ့ ေပ်ာ္႐ႊင္ဖြယ္ မိသားစုေလးကို တည္ေဆာက္ထားပါတယ္။ ရီစရာေကာင္းတာက ေအေဂ်ဒီဗန္း နဲ႔ သမီးရည္းစား ျဖစ္ခဲ့တုန္းကလည္း ခ်စ္ပါတယ္ဆိုတဲ့ စကားကို ၂ေယာက္ၿပိဳင္တူ ေျပာျဖစ္ခဲ့တာပါပဲ။
စ႐ိုက္မတူ အသြင္မတူတဲ့ သူတို႔စုံတြဲက ေဘာလီးဝုဒ္လို ရင္ရႈတ္တဲ့ ႐ုပ္ရွင္ေလာကႀကီးမွာ အႏွစ္၂၀ေက်ာ္ တြဲေနတာကို အားလုံးက ခ်ီးက်ဴးေနၾကပါတယ္။
ေမာင္ယႆ, REF: mid day, Photo; mid day
No Comments