ရုပ်ရှင်လောကထဲကို သရုပ်ဆောင် ပြစရာ မလိုဘဲ တီရှပ် ချွတ်ပြရုံနဲ့ သရုပ်ဆောင် ဖြစ်လာတဲ့ ဆိုနုဆို့
- By : Phoe Linn
- Category : International-news
- Tags: cele news, international news

ရုပ်ရှင်လောကထဲကို သရုပ်ဆောင် ပြစရာ မလိုဘဲ တီရှပ် ချွတ်ပြရုံနဲ့ သရုပ်ဆောင် ဖြစ်လာတဲ့ ဆိုနုဆို့
ဆိုနုဆို့ ဆိုတာ အိန္ဒိယ ရုပ်ရှင်လောက မှာ သရုပ်ဆောင် ထုတ်လုပ်သူ စတဲ့ လုပ်ငန်းတွေကို လုပ်တဲ့အပြင် ပရဟိတ လောကမှာလည်း လူသားချင်း ငဲ့ညှာထောက်ထားမှု လုပ်ငန်းတွေကို အကောင်းဆုံး လုပ်နေတဲ့သူပါ။
ရုပ်ရှင်နဲ့ ပတ်သက်လာရင် အိန္ဒိယမှာ ရှိတဲ့ ဟင်ဒီ ၊ တလဂူး ၊တမီးလ် ၊ကန်နန်ဒါ နဲ့ ပန်ဂျာပီ ရုပ်ရှင် လောကတွေ အားလုံးမှာ ထိုးဖောက် ဝင်ရောက်ပြီး သရုပ်ဆောင်နိုင်တဲ့ ရှားရှား ပါးပါး သရုပ်ဆောင် တစ်ယောက်ပါ။
အိန္ဒိယနိုင်ငံက ပညာရေးမှာလည်း အမြင့်ဆုံး ဖြစ်တဲ့ စက်မှုအင်ဂျင်နီယာ ဘွဲ့ရတစ်ယောက် ဖြစ်ပြီး ရုပ်ရှင်နယ်ပယ် အသီးသီးက ချီးမြှင့်တဲ့ သရုပ်ဆောင် ဆုတွေကိုလည်း လက်ခံရရှိ ထားတဲ့သူပါ။
အင်တာဗျူး ဖြေလေ့ဖြေထ မရှိတဲ့ သူ့ကို ဟင်ဒူ စတန်နီတိုင်းမ် က အင်တာဗျူးတော့ သူက သူ့ရဲ့ သရုပ်ဆောင်ဘ၀ အစ ပထမပိုင်းကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ “ ကျနော် ဘွဲ့ရပြီးတော့ ယောင်ခြောက်ဆယ် နဲ့ ဖြစ်နေချိန်မှာ ဘဟာဂတ်ဆင်း ရုပ်ရှင်အတွက် သရုပ်ဆောင် ရွေးပွဲ လုပ်နေတယ်။
အဲ့ဒိ အချိန်မှာ ကျနော်က တမီးလ် ဘာသာစကားကို လေ့လာနေပါတယ်။ သရုပ်ဆောင် ရွေးပွဲဆိုတော့ သရုပ်ဆောင်တာတွေလည်း လေ့ကျင့် ရတာပေါ့ ။ ဒါပေမဲ့ လူရွေးတဲ့ အခန်းထဲကို ရောက်သွားတော့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူက ကျနော်ကို ကြည့်ပြီး ကျနော်ရဲ့တီရှပ်ကို ချွတ်ခိုင်းတယ်။
ပြီးတော့ မင်းရဲ့ ဘော်ဒီက တော်တော် လှတယ်။ ကြိုက်တယ် မနက်ဖြန်လာပြီး ရုပ်ရှင်ဇာတ်ညွှန်းတွေ လာယူတော့ ဆိုပြီး ကျနော် သရုပ်ဆောင်ရမယ် အပိုင်းအတွက် ဒိုင်ယာလော့တွေကို လာယူ ခိုင်းပါတယ်။ အဲ့ဒါက ကျနော် ရုပ်ရှင် လောကကို ဝင်တဲ့ ပထမဆုံး ခြေလှမ်းပါပဲ။ သူများတွေလို သရုပ်ဆောင် ပြစရာ မလိုဘဲ တီရှပ် ချွတ်ပြရုံနဲ့ သရုပ်ဆောင် ဖြစ်လာတာပါ”လို့ ဆိုတယ်။
“ကျနော်ရဲ့ ပထမဆုံး ရုပ်ရှင်က တောင်ပိုင်းကားပါ။ အမေက ကျနော်ကို တမီးလ် စကား လေ့ကျင့် ပေးနေတဲ့ အချိန်ဆိုတော့ ကွက်တိ ဖြစ်သွားပါတယ်။ တမီးလ် စကားကို ကရားရေလွှတ် ပြောတတ်အောင်လို့ ကျနော် အရမ်း ကြိုးစားခဲ့ရပါတယ်။
နောက်တော့ ကျနော် စတူဒီယို သွားတဲ့ အချိန်မှာ ရိုက်ကွင်းတာဝန်ခံက ကျနော်ကို အခန်းထောင့်က ထိုင်ခုံမှာ တစ်ယောက်တည်း ထိုင်ခိုင်း ပါတယ်။ ပြီးတော့ ကျနော့်ကို စဉ်းစား ခိုင်းတယ်။ ရုပ်ရှင်လောကထဲကို ဝင်လာပြီးပြီ ဆိုရင် ပြန်ထွက်ရတာ ခက်တယ် ဆိုတဲ့အကြောင်း ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းမှုကို သေသေချာချာ စဉ်စားစေချင်တယ် ဆိုတဲ့အကြောင်း ရှင်းပြတယ်။
ကျနော် အဲ့ဒိ အခန်းထဲမှာ အကြာကြီး ထိုင်နေမိတယ်။ ဘဝအတွက် ဆုံးဖြတ်ချက်ကို တစ်ထိုင်တည်း ဆုံးဖြတ်ခဲ့ရပါတယ်။ အဲ့ဒိ နောက်မှာတော့ ကျနော် ရုပ်ရှင်လောကထဲမှာ တစ်လည်လည် ဖြစ်နေတာပေါ့ဗျာ”လို့ ဆိုသွားပါတယ်။
မောင်ယဿ REF: Hindustani times photo; getty image
Zawgyi
႐ုပ္ရွင္ေလာကထဲကို သ႐ုပ္ေဆာင္ ျပစရာ မလိုဘဲ တီရွပ္ ခြၽတ္ျပ႐ုံနဲ႔ သ႐ုပ္ေဆာင္ ျဖစ္လာတဲ့ ဆိုႏုဆို႔
ဆိုႏုဆို႔ ဆိုတာ အိႏၵိယ ႐ုပ္ရွင္ေလာက မွာ သ႐ုပ္ေဆာင္ ထုတ္လုပ္သူ စတဲ့ လုပ္ငန္းေတြကို လုပ္တဲ့အျပင္ ပရဟိတ ေလာကမွာလည္း လူသားခ်င္း ငဲ့ညႇာေထာက္ထားမႈ လုပ္ငန္းေတြကို အေကာင္းဆုံး လုပ္ေနတဲ့သူပါ။
႐ုပ္ရွင္နဲ႔ ပတ္သက္လာရင္ အိႏၵိယမွာ ရွိတဲ့ ဟင္ဒီ ၊ တလဂူး ၊တမီးလ္ ၊ကန္နန္ဒါ နဲ႔ ပန္ဂ်ာပီ ႐ုပ္ရွင္ ေလာကေတြ အားလုံးမွာ ထိုးေဖာက္ ဝင္ေရာက္ၿပီး သ႐ုပ္ေဆာင္ႏိုင္တဲ့ ရွားရွား ပါးပါး သ႐ုပ္ေဆာင္ တစ္ေယာက္ပါ။
အိႏၵိယႏိုင္ငံက ပညာေရးမွာလည္း အျမင့္ဆုံး ျဖစ္တဲ့ စက္မႈအင္ဂ်င္နီယာ ဘြဲ႕ရတစ္ေယာက္ ျဖစ္ၿပီး ႐ုပ္ရွင္နယ္ပယ္ အသီးသီးက ခ်ီးျမႇင့္တဲ့ သ႐ုပ္ေဆာင္ ဆုေတြကိုလည္း လက္ခံရရွိ ထားတဲ့သူပါ။
အင္တာဗ်ဴး ေျဖေလ့ေျဖထ မရွိတဲ့ သူ႔ကို ဟင္ဒူ စတန္နီတိုင္းမ္ က အင္တာဗ်ဴးေတာ့ သူက သူ႔ရဲ႕ သ႐ုပ္ေဆာင္ဘ၀ အစ ပထမပိုင္းကို ပြင့္ပြင့္လင္းလင္း ေျပာခဲ့ပါတယ္။ “ က်ေနာ္ ဘြဲ႕ရၿပီးေတာ့ ေယာင္ေျခာက္ဆယ္ နဲ႔ ျဖစ္ေနခ်ိန္မွာ ဘဟာဂတ္ဆင္း ႐ုပ္ရွင္အတြက္ သ႐ုပ္ေဆာင္ ေ႐ြးပြဲ လုပ္ေနတယ္။
အဲ့ဒိ အခ်ိန္မွာ က်ေနာ္က တမီးလ္ ဘာသာစကားကို ေလ့လာေနပါတယ္။ သ႐ုပ္ေဆာင္ ေ႐ြးပြဲဆိုေတာ့ သ႐ုပ္ေဆာင္တာေတြလည္း ေလ့က်င့္ ရတာေပါ့ ။ ဒါေပမဲ့ လူေ႐ြးတဲ့ အခန္းထဲကို ေရာက္သြားေတာ့ ဒါ႐ိုက္တာနဲ႔ ထုတ္လုပ္သူက က်ေနာ္ကို ၾကည့္ၿပီး က်ေနာ္ရဲ႕တီရွပ္ကို ခြၽတ္ခိုင္းတယ္။
ၿပီးေတာ့ မင္းရဲ႕ ေဘာ္ဒီက ေတာ္ေတာ္ လွတယ္။ ႀကိဳက္တယ္ မနက္ျဖန္လာၿပီး ႐ုပ္ရွင္ဇာတ္ၫႊန္းေတြ လာယူေတာ့ ဆိုၿပီး က်ေနာ္ သ႐ုပ္ေဆာင္ရမယ္ အပိုင္းအတြက္ ဒိုင္ယာေလာ့ေတြကို လာယူ ခိုင္းပါတယ္။ အဲ့ဒါက က်ေနာ္ ႐ုပ္ရွင္ ေလာကကို ဝင္တဲ့ ပထမဆုံး ေျခလွမ္းပါပဲ။ သူမ်ားေတြလို သ႐ုပ္ေဆာင္ ျပစရာ မလိုဘဲ တီရွပ္ ခြၽတ္ျပ႐ုံနဲ႔ သ႐ုပ္ေဆာင္ ျဖစ္လာတာပါ”လို႔ ဆိုတယ္။
“က်ေနာ္ရဲ႕ ပထမဆုံး ႐ုပ္ရွင္က ေတာင္ပိုင္းကားပါ။ အေမက က်ေနာ္ကို တမီးလ္ စကား ေလ့က်င့္ ေပးေနတဲ့ အခ်ိန္ဆိုေတာ့ ကြက္တိ ျဖစ္သြားပါတယ္။ တမီးလ္ စကားကို ကရားေရလႊတ္ ေျပာတတ္ေအာင္လို႔ က်ေနာ္ အရမ္း ႀကိဳးစားခဲ့ရပါတယ္။
ေနာက္ေတာ့ က်ေနာ္ စတူဒီယို သြားတဲ့ အခ်ိန္မွာ ႐ိုက္ကြင္းတာဝန္ခံက က်ေနာ္ကို အခန္းေထာင့္က ထိုင္ခုံမွာ တစ္ေယာက္တည္း ထိုင္ခိုင္း ပါတယ္။ ၿပီးေတာ့ က်ေနာ့္ကို စဥ္းစား ခိုင္းတယ္။ ႐ုပ္ရွင္ေလာကထဲကို ဝင္လာၿပီးၿပီ ဆိုရင္ ျပန္ထြက္ရတာ ခက္တယ္ ဆိုတဲ့အေၾကာင္း ကိုယ္ရဲ႕ အသက္ေမြးဝမ္းေၾကာင္းမႈကို ေသေသခ်ာခ်ာ စဥ္စားေစခ်င္တယ္ ဆိုတဲ့အေၾကာင္း ရွင္းျပတယ္။
က်ေနာ္ အဲ့ဒိ အခန္းထဲမွာ အၾကာႀကီး ထိုင္ေနမိတယ္။ ဘဝအတြက္ ဆုံးျဖတ္ခ်က္ကို တစ္ထိုင္တည္း ဆုံးျဖတ္ခဲ့ရပါတယ္။ အဲ့ဒိ ေနာက္မွာေတာ့ က်ေနာ္ ႐ုပ္ရွင္ေလာကထဲမွာ တစ္လည္လည္ ျဖစ္ေနတာေပါ့ဗ်ာ”လို႔ ဆိုသြားပါတယ္။
ေမာင္ယႆ REF: Hindustani times photo; getty image
No Comments