ရီးစားစကား အေျပာမခံခဲ့ရဘူးလို႔ ေျပာလာတဲ့ ဒီရွပတ္တာနီ
- By : Phoe Linn
- Category : Entertainment, Knowledge

ရီးစားစကား အေျပာမခံခဲ့ရဘူးလို႔ ေျပာလာတဲ့ ဒီရွပတ္တာနီ
လက္ရွိ ေဘာလီးဝုဒ္မွာ ႐ုံတင္ေနတဲ့ Malang ကားထဲက မင္းသမီး ဒီရွပတ္တာနီက သူမဘဝမွာ ရီးစားစကားေျပာတာ မခံခဲ့ရဖူးဘူးလို႔ ဆိုလာတယ္။ တစ္ေယာက္ေယာက္ကမ်ား သူမကို ရီးစားစကား ေျပာၾကည့္ပါလားလို႔ သူမက လိုင္းေပၚမွာ ေရးတင္ခဲ့ပါေသးတယ္။ ရီးစားစကားအေျပာမခံခဲ့ရဖူး ဆိုလို႔ ဒီရွပတ္တာနီက ေဘာလီးဝုဒ္မွာ ခႏၲာကိုယ္ေကာက္ေၾကာင္း အလွဆုံးထဲမွာ ပါဝင္ပါတယ္။ သူ႔ခႏၲာ ကိုယ္က သူ႔ရဲ႕စီးပြားေရးပါပဲ။ သူမကို လိုင္းေပၚက ႐ုပ္ေရကိုၾကည့္ၿပီး အျပင္မွာျမင္ေတြ႕လိုက္ရင္ အမ်ိဳးသားေတြ ဒူေတာင္ေခြ သြားႏိုင္ ေလာက္ေအာင္ကို လွတာပါ။
ဒီဖက္ေခာတ္ လူပ်ိဳစကားနဲ႔ေျပာရရင္ ေတာက္ေခါက္ရလြန္းလို႔ ေမး႐ိုးေတာင္က်ိဳး သြားႏိုင္ပါ တယ္။ သ႐ုပ္ေဆာင္ပိုင္းအရလည္း ဒီရွက သန္းပါင္းမ်ားစြာေသာ နလုံးသားေတြကို ဖမ္းစားထားၿပီးသားပါ ။ ေငြေၾကးပိုင္း ဆိုင္ရာကလည္း ေျပာစရာမရွိ ႐ုပ္ရည္ကလည္းေခ်ာေမာ စိတ္သေဘာထားလည္းေကာင္းတဲ့ ဒီရွပတ္တာနီကို ဒီေန႔အထိ ရီးစားစကားေျပာမယ့္သူမရွိ ေသးဘူးဆိုရင္အံ့ၾသစရာ ေကာင္းမေနဘူးလား ။ သူမက အင္တာဗ်ဳးတစ္ခုမွာ “က်မ ငယ္ငယ္တုန္းကလည္း အေဖကရဲဆိုေတာ့ နယ္တကာ ေျပာင္းေနရတာ အေဖေျပာင္းတဲ့ နယ္ၿမိဳ႕ေလးေတြက က်ဥ္းက်ဥ္းေလးေတြဆိုေတာ့ ရဲမႉးသမီးဆိုတဲ့အရွိန္နဲ႔ ဘယ္သူကမွ ရီးစားစကား မေျပာဖူးဘူး။
အေဖဆုံးေတာ့ က်မက စာအုပ္ေတြၾကားထဲ စိတ္ႏွစ္ထားေတာ့ အိမ္နဲ႔ ေက်ာင္းနဲ႔ စာအုပ္ေတြနဲ႔ ဆိုေတာ့ ကိုယ္က ဘယ္သူ႔ကို စိတ္ဝင္စားရမွန္း မသိသလို သူမ်ားေတြကလည္း ကိုယ့္ကို စိတ္ဝင္တစား အမႈအရာေတြ လာမျပၾကဘူး။ ေျပာမယ့္သာေျပာရတာ တကၠသိုလ္ေက်ာင္းသူ ဘဝတုန္းကလည္း ဘယ္သူမွ လာၿပီးမခ်ဥ္းကပ္ခဲ့ဘူး။ တစ္ေယာက္ ေယာက္ကသာ အဲ့ဒိတုန္းက ရီးစားစကားေျပာခဲ့ရင္ အခုဆို အိမ္ေထာင္က်ေလာက္ၿပီေပါ့။ ဘယ္သူမွ ကိုယ့္ကို စိတ္မဝင္ စားေတာ့ ကိုယ္ကလည္း စိတ္ဝင္စားရမွန္း မသိခဲ့တာပါ။
အခုလည္း ေဘာလီဝုဒ္က ပြဲေတြ ပါတီေတြ တက္ေနတာပဲေလ။ တစ္ေယာက္ေယာက္က လာေျပာပါလား ။ သူတို႔က က်မကို ဆရာမႀကီးလို႔ ထင္ေနလား မသိဘူး”လို႔ဆိုတယ္။ ဒီရွပတ္တာနီက လတ္တေလာမွာ မင္းသား တိုက္ဂါးေရွာနဲ႔ အသံထြက္ေနေပမဲ့ ၂ေယာက္စလုံးက လုပ္ေဖာ္ကိုင္ဖက္သူငယ္ခ်င္းေတြပါလို႔ ဆိုၾကပါတယ္။
သူမက တကယ္လို႔မ်ား ရီးစားရၿပီဆိုရင္ ပရိသက္ကို ခ်က္ျခင္း အသိေပးပါမယ္ ၊သူနဲ႔လိုက္မလိုက္ေဝဖန္ေပးဖို႔အတြက္ ကိုေျပာျပပါမယ္လို႔ ခ်စ္ကံေခတဲ့ မင္းသမီးက ဆိုတယ္။
ေမာင္ယႆ REF: Bollywood life photo ;hot Bollywood heroine
Unicode
ရီးစားစကား အပြောမခံခဲ့ရဘူးလို့ ပြောလာတဲ့ ဒီရှပတ်တာနီ
လက်ရှိ ဘောလီးဝုဒ်မှာ ရုံတင်နေတဲ့ Malang ကားထဲက မင်းသမီး ဒီရှပတ်တာနီက သူမဘဝမှာ ရီးစားစကားပြောတာ မခံခဲ့ရဖူးဘူးလို့ ဆိုလာတယ်။ တစ်ယောက်ယောက်ကများ သူမကို ရီးစားစကား ပြောကြည့်ပါလားလို့ သူမက လိုင်းပေါ်မှာ ရေးတင်ခဲ့ပါသေးတယ်။ ရီးစားစကားအပြောမခံခဲ့ရဖူး ဆိုလို့ ဒီရှပတ်တာနီက ဘောလီးဝုဒ်မှာ ခန္တာကိုယ်ကောက်ကြောင်း အလှဆုံးထဲမှာ ပါဝင်ပါတယ်။ သူ့ခန္တာ ကိုယ်က သူ့ရဲ့စီးပွားရေးပါပဲ။ သူမကို လိုင်းပေါ်က ရုပ်ရေကိုကြည့်ပြီး အပြင်မှာမြင်တွေ့လိုက်ရင် အမျိုးသားတွေ ဒူတောင်ခွေ သွားနိုင် လောက်အောင်ကို လှတာပါ။
ဒီဖက်ခောတ် လူပျိုစကားနဲ့ပြောရရင် တောက်ခေါက်ရလွန်းလို့ မေးရိုးတောင်ကျိုး သွားနိုင်ပါ တယ်။ သရုပ်ဆောင်ပိုင်းအရလည်း ဒီရှက သန်းပါင်းများစွာသော နလုံးသားတွေကို ဖမ်းစားထားပြီးသားပါ ။ ငွေကြေးပိုင်း ဆိုင်ရာကလည်း ပြောစရာမရှိ ရုပ်ရည်ကလည်းချောမော စိတ်သဘောထားလည်းကောင်းတဲ့ ဒီရှပတ်တာနီကို ဒီနေ့အထိ ရီးစားစကားပြောမယ့်သူမရှိ သေးဘူးဆိုရင်အံ့သြစရာ ကောင်းမနေဘူးလား ။ သူမက အင်တာဗျုးတစ်ခုမှာ “ကျမ ငယ်ငယ်တုန်းကလည်း အဖေကရဲဆိုတော့ နယ်တကာ ပြောင်းနေရတာ အဖေပြောင်းတဲ့ နယ်မြို့လေးတွေက ကျဉ်းကျဉ်းလေးတွေဆိုတော့ ရဲမှူးသမီးဆိုတဲ့အရှိန်နဲ့ ဘယ်သူကမှ ရီးစားစကား မပြောဖူးဘူး။
အဖေဆုံးတော့ ကျမက စအုပ်တွေကြားထဲ စိတ်နှစ်ထားတော့ အိမ်နဲ့ ကျောင်းနဲ့ စာအုပ်တွေနဲ့ ဆိုတော့ ကိုယ်က ဘယ်သူ့ကို စိတ်ဝင်စားရမှန်း မသိသလို သူများတွေကလည်း ကိုယ့်ကို စိတ်ဝင်တစား အမှုအရာတွေ လာမပြကြဘူး။ ပြောမယ့်သာပြောရတာ တက္ကသိုလ်ကျောင်းသူ ဘဝတုန်းကလည်း ဘယ်သူမှ လာပြီးမချဉ်းကပ်ခဲ့ဘူး။ တစ်ယောက် ယောက်ကသာ အဲ့ဒိတုန်းက ရီးစားစကားပြောခဲ့ရင် အခုဆို အိမ်ထောင်ကျလောက်ပြီပေါ့။ ဘယ်သူမှ ကိုယ့်ကို စိတ်မဝင် စားတော့ ကိုယ်ကလည်း စိတ်ဝင်စားရမှန်း မသိခဲ့တာပါ။
အခုလည်း ဘောလီဝုဒ်က ပွဲတွေ ပါတီတွေ တက်နေတာပဲလေ။ တစ်ယောက်ယောက်က လာပြောပါလား ။ သူတို့က ကျမကို ဆရာမကြီးလို့ ထင်နေလား မသိဘူး”လို့ဆိုတယ်။ ဒီရှပတ်တာနီက လတ်တလောမှာ မင်းသား တိုက်ဂါးရှောနဲ့ အသံထွက်နေပေမဲ့ ၂ယောက်စလုံးက လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေပါလို့ ဆိုကြပါတယ်။
သူမက တကယ်လို့များ ရီးစားရပြီဆိုရင် ပရိသက်ကို ချက်ခြင်း အသိပေးပါမယ် ၊သူနဲ့လိုက်မလိုက်ဝေဖန်ပေးဖို့အတွက် ကိုပြောပြပါမယ်လို့ ချစ်ကံခေတဲ့ မင်းသမီးက ဆိုတယ်။
မောင်ယဿ REF: Bollywood life photo ;hot Bollywood heroine
No Comments