ရာသီဥတုပြောင်းလဲမှုကြောင့် ကမ်းရိုးတန်းဒေသတွေ ရေကြီးမှုဖြစ်ပေါ်နေ

International-news

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ်းရိုးတန်းဒေသတွေ ရေကြီးမှုဖြစ်ပေါ်နေ

ကမ္ဘာ့ရာသီစည်းချက် ပျက်စီးလာမှုကြောင့် လာမယ့် နှစ်၈၀ အတွင်းမှာ ကမ်းရိုးတမ်းဒေသတွေမှာ အကြီးအကျယ် ရေကြီးမှုဒဏ်ကို ၂ဆတိုးပြီး ခံစားရနိုင်ခြေ ရှိတယ်လို့ သုတေသန တစ်ခုရဲ့ အဆိုအရ သိရပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ်းရိုးတန်းဒေသတွေ ရေကြီးမှုဖြစ်ပေါ်နေ1

အဲဒိအကြောင်းကို ယခင်ကတည်းက ပုံစံချပြမှုတွေကို လုပ်ပြထားပြီး ဖြစ်သော်လည်း ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ကာဗွန်ထုတ်လုပ်မှု ပမာဏက ပိုမိုမြင့်တက်လာတဲ့ အတွက်ကြောင့် ကမ္ဘာ့အပူချိန် တိုးတက်မှုက လျော့ကျသွားခြင်း မရှိခဲ့ပါဘူး။

အဲ့ဒါကြောင့် ရေခဲတွေ အရည်ပျော်ကာ ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုရယ် သမုဒ္ဒရာမုန်တိုင်းတွေ ပိုမို များပြားလာခြင်းများက လာမယ့် ၁၀စုနှစ်တွေမှာ ကမ်းရိုးတန်းဒေသတွေက မကြာခဏ ဆိုသလို ရေးကြီးမှု အန္တရာယ်ကို ခံရနိုင်ပါတယ်။

ရေကြီးမှုက ကမ်းရိုးတန်းဒေသ လူ့အဖွဲ့အစည်းကို တိုက်ရိုက် ဆိုးကျိုးတွေ ပေးနေတဲ့အတွက်ကြောင့် သိပ္ပံဆိုင်ရာ အစီရင်ခံစာဂျာနယ် ဆောင်းပါးတစ်ခုမှ သုတေသီတွေ လုပ်ခဲ့တဲ့ တွက်ချက်မှုမှာ ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ကမ်းရိုးတန်းတွေ ရေကြီးမှုကြောင့် လူပေါင်း ၇၇သန်းကျော်ကို နေရာ ပြောင်းရွှေ့မှုတွေ လုပ်ပေးခဲ့ရပါတယ်။

အခုလာမယ့် ၂၁၀၀ ရာစုနှစ် အတွင်း လူပေါင်း သန်းပေါင်း ၁၄သန်းကျော် နေရာ ရွှေ့ပြောင်းခံရဖွယ် ရှိနေတယ်လို့ သူတို့က တွက်ချက်ပြပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ်းရိုးတန်းဒေသတွေ ရေကြီးမှုဖြစ်ပေါ်နေ2

သူတို့က တစ်နှစ်ကနေ နှစ်၁၀၀ အတွင် တဖြည်းဖြည်း ဆိုးလာတဲ့ ရာသီဥတုပြောင်းလဲမှု ပုံစံနဲ့ ကမ်းရိုးတန်း တွေမှာ မြင့်တက်လာတဲ့ ရေမျက်နှာပြင် ပမာဏတွေကို တွက်ချက်ပြထားပါတယ်။ ကမ်းရိုးတန်းဒေသ ရေကြီးမှုအန္တရာယ်က ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ဘူးလို့ ဆိုတယ်။

ရေကြီးမှု အန္တရာယ်ကို ကာကွယ်နိုင်တဲ့ အချက်တွေထဲမှာ သန္တာကျောက်တန်းများ ပိုမိုဖြစ်ပေါ်လာခြင်း ၊ ရေအောက်အပင်များ ရှင်သန် ပေါက်ရောက်ခြင်းနဲ့ ဒီရေတောများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်း တို့ပဲ ဖြစ်ပါတယ်။

လက်ရှိ မြို့ပြစနစ် ထွန်းကားလာခြင်းကြောင့် ပင်လယ်ကမ်းစပ်ဒေသတွေမှာ အပေါ်က အကြောင်းအချက်တွေ နည်းလာခြင်းကလည်း ရေကြီးမှု အန္တရာယ်ကို တိုးတက်လာစေပါတယ်။

ဥရောပ အနောက်မြောက်ပိုင်းရယ် သြစတေးလျှ ၊ နယူးဇီလန်၊ တရုတ် ၊အိန္ဒိယ ၊ အရှေ့တောင်အာရှ ၊ အာဖရိက အရှေ့တောင်ပိုင်းနဲ့ မြောက်အမေရိက တို့က ကမ်းရိုးတန်းဒေသတွေ ရေကြီးမှု အန္တရာယ်ကို ဆိုးဆိုး ဝါးဝါး ခံစားနိုင်ရပါတယ်လို့ ဆိုပါတယ်။

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi



ရာသီဥတုပြောင်းလဲမှုကြောင့် ကမ်းရိုးတန်းဒေသတွေ ရေကြီးမှုဖြစ်ပေါ်နေ3










No Comments

Leave a Reply

Your email address will not be published. Required fields are marked *

International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …