ရယ်နေတဲ့ ကလေး ၂ယောက် ပန်းချီကား သုံးကြိမ်မြောက် ထပ်မံ ခိုးခံရပြန်ပြီ

ရယ်နေတဲ့ ကလေး ၂ယောက် ပန်းချီကား သုံးကြိမ်မြောက် ထပ်မံ ခိုးခံရပြန်ပြီ
International-news

ရယ်နေတဲ့ ကလေး ၂ယောက် ပန်းချီကား သုံးကြိမ်မြောက် ထပ်မံ ခိုးခံရပြန်ပြီ

၁၇ရာစု က ဒက်ချ် တွေရဲ့ ပန်းချီ ရွှေခေတ် လို့ ပြောရမယ့် ခေတ်ပါ။ ပုံတူ ပန်းချီတွေကို ရေဆေး ဆီဆေးတွေ သုံးပြီး လက်ရာမြောက် ရေးဆွဲရင်း ကမ္ဘာတစ်ဝှန်းမှာ နာမည်ကြီး ခဲ့ပါတယ်။ အဲ့ဒိခေတ်တုန်း ကတည်းက ဒက်ချ် ဝန်ကြီး ဖရန်ဟယ်ရဲ့ လက်ရာက အလွန်ဈေးကြီး ပြီး ဝယ်သူ လက်မလည်အောင် ရှိခဲ့ပါတယ်။

နီးဝေးမြင်ခြင်း အရောင်သုံးမှု နဲ့ စုတ်ချက်တွေရဲ့ အနုစိတ်မှုက ဒက်ချ်တွေကို ဥရောပမှာ ဂုဏ်ယူဖွယ်ရာ အနုပညာ ဖန်တီးနိုင် သူတွေလို့ အထင်ရောက်စေပါတယ်။

ရယ်နေတဲ့ ကလေး ၂ယောက် ပန်းချီကား သုံးကြိမ်မြောက် ထပ်မံ ခိုးခံရပြန်ပြီ1

၁၇ရာစု ဒက်ချ်ပန်းချီ ရွှေခေတ်က လက်ရာတွေကို နယ်သာလန်နိုင်ငံရဲ့ ပြတိုက် တော်တော်များများမှာ သိမ်းဆည်း ထားပါတယ်။ နယ်သာလန်နိုင်ငံ လာဒမ်မြို့က ပြတိုက်တစ်ခုကို သူခိုးတွေက ချိုးဖျက် ဝင်ရောက်ပြီး ဖရန်ဟယ်ရဲ့ ၁၇ရာစု ပန်ချီကား တစ်ချပ်ကို ခိုးယူ သွားတယ်လို့ ရဲတွေက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် ၃နာရီခွဲ လောက်မှာ သူခိုးတွေက ပြတိုက်နောက်တံခါးကို ချိုးဖျက်ပြီး ဝင်ရောက်ခဲ့ပါတယ်။ ဟတ်ဟောဂျီပြတိုက် ရဲ့ အချက်ပေး စနစ်ကို ပိတ်ပြီးတဲ့ နောက်မှာတော့ ပန်ချီကားကို သူခိုးတွေက စနစ်တကျ ဖြုတ်ယူပြီး သယ်ဆောင် သွားခဲ့ပါတယ်။

ရယ်နေတဲ့ ကလေး ၂ယောက် ပန်းချီကား သုံးကြိမ်မြောက် ထပ်မံ ခိုးခံရပြန်ပြီ2

ရဲစခန်းနဲ့ ချိတ်ဆက်ထားတဲ့ အချက်ပေး စနစ်က တစ်ချက်မြည်သွားလို့ ရဲတွေက မနက်အစောကြီး ခိုးမှု ဖြစ်နိုင်တယ်လို့ သုံးသပ်ပေမဲ့ လူစုရင်း အချိန်အနည်းငယ် ကြာသွားခဲ့ပါတယ်။ ပြတိုက်ကို ရဲတွေ ရောက်လာတဲ့ အချိန်မှာတော့ ကျူးကျော် ဝင်ရောက်သူတွေ မရှိတော့ပါဘူး ။

ပြတိုက်ရဲ့ နံရံပေါ်မှာ ချိတ်ထားတဲ့ ပန်းချီးကား တစ်ချပ် ကတော့ ဟာလာဟင်လင်း ဖြစ်သွားပါပြီ။ အာဏါပိုင်တွေကတော့ ပန်းချီကားကို ပြန်ရဖို့အတွက် ကြိုးစားကြရန် ရဲတွေကို အမိန့်ပေး ထားပါတယ်။ လိုအပ်တဲ့ စုံးစမ်း စစ်ဆေးမှုတွေကို ဘယ်သူ့ကိုမဆို စစ်ဆေးဖို့ အတွက်လည်း ညွှန်ကြား ထားပါတယ်။

ရယ်နေတဲ့ ကလေး ၂ယောက် ပန်းချီကား သုံးကြိမ်မြောက် ထပ်မံ ခိုးခံရပြန်ပြီ3

“ကျနော်တို့ကတော့ ဒီပန်းချီကား ဘယ်ရောက် နေတယ် ဆိုတာကိုတော့ မသိနိုင်ဘူး ပေါ့ဗျာ။ ဒါပေမဲ့ အချို့ သဲလွန်စတွေက သူခိုးတွေကို ခြေရာခံ နိုင်လိမ့်မယ်လို့တော့ ထင်ပါတယ်” လို့ ဒေသခံရဲ တွေက ဆိုပါတယ်။

ရယ်နေတဲ့ ကလေး ၂ယောက် ပန်းချီကား သုံးကြိမ်မြောက် ထပ်မံ ခိုးခံရပြန်ပြီ4

ရီနေတဲ့ကလေး၂ယောက် ပန်ချီကားက ဒီတစ်ကြိမ်နဲ့ ဆိုရင် အခိုးခံရတာ ၃ကြိမ် ရှိနေပါပြီ။ ၁၉၈၈ တုန်းက တော့ ဂျက်ကော့ရဲ့ ပန်ချီကားတွေ နဲ့အတူ အခိုးခံခဲ့ရပြီး ၂၀၁၁ မှာလည်း အဲ့ဒိ ပန်းချီကား ပြန်အခိုးခံ ခဲ့ရပါတယ်။ ရဲတွေက အဲ့ဒိ ပန်ချီကားကို ပြန်လည်ရအောင် အစွမ်းကုန် ကြိုစားခဲ့ရပါတယ်။

မောင်ယဿ, REF: upi, Photo; UPi

Zawgyi

ရယ္ေနတဲ့ ကေလး ၂ေယာက္ ပန္းခ်ီကား သုံးၾကိမ္ေျမာက္ ထပ္မံ ခိုးခံရျပန္ၿပီ

၁၇ရာစု က ဒက္ခ်္ ေတြရဲ႕ ပန္းခ်ီ ေ႐ႊေခတ္ လို႔ ေျပာရမယ့္ ေခတ္ပါ။ ပုံတူ ပန္းခ်ီေတြကို ေရေဆး ဆီေဆးေတြ သုံးၿပီး လက္ရာေျမာက္ ေရးဆြဲရင္း ကမာၻတစ္ဝွန္းမွာ နာမည္ႀကီး ခဲ့ပါတယ္။ အဲ့ဒိေခတ္တုန္း ကတည္းက ဒက္ခ်္ ဝန္ႀကီး ဖရန္ဟယ္ရဲ႕ လက္ရာက အလြန္ေဈးႀကီး ၿပီး ဝယ္သူ လက္မလည္ေအာင္ ရွိခဲ့ပါတယ္။

နီးေဝးျမင္ျခင္း အေရာင္သုံးမႈ နဲ႔ စုတ္ခ်က္ေတြရဲ႕ အႏုစိတ္မႈက ဒက္ခ်္ေတြကို ဥေရာပမွာ ဂုဏ္ယူဖြယ္ရာ အႏုပညာ ဖန္တီးႏိုင္ သူေတြလို႔ အထင္ေရာက္ေစပါတယ္။

၁၇ရာစု ဒက္ခ်္ပန္းခ်ီ ေ႐ႊေခတ္က လက္ရာေတြကို နယ္သာလန္ႏိုင္ငံရဲ႕ ျပတိုက္ ေတာ္ေတာ္မ်ားမ်ားမွာ သိမ္းဆည္း ထားပါတယ္။ နယ္သာလန္ႏိုင္ငံ လာဒမ္ၿမိဳ႕က ျပတိုက္တစ္ခုကို သူခိုးေတြက ခ်ိဳးဖ်က္ ဝင္ေရာက္ၿပီး ဖရန္ဟယ္ရဲ႕ ၁၇ရာစု ပန္ခ်ီကား တစ္ခ်ပ္ကို ခိုးယူ သြားတယ္လို႔ ရဲေတြက ဆိုပါတယ္။

ဗုဒၶဟူးေန႔ မနက္ ၃နာရီခြဲ ေလာက္မွာ သူခိုးေတြက ျပတိုက္ေနာက္တံခါးကို ခ်ိဳးဖ်က္ၿပီး ဝင္ေရာက္ခဲ့ပါတယ္။ ဟတ္ေဟာဂ်ီျပတိုက္ ရဲ႕ အခ်က္ေပး စနစ္ကို ပိတ္ၿပီးတဲ့ ေနာက္မွာေတာ့ ပန္ခ်ီကားကို သူခိုးေတြက စနစ္တက် ျဖဳတ္ယူၿပီး သယ္ေဆာင္ သြားခဲ့ပါတယ္။

ရဲစခန္းနဲ႔ ခ်ိတ္ဆက္ထားတဲ့ အခ်က္ေပး စနစ္က တစ္ခ်က္ျမည္သြားလို႔ ရဲေတြက မနက္အေစာႀကီး ခိုးမႈ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေပမဲ့ လူစုရင္း အခ်ိန္အနည္းငယ္ ၾကာသြားခဲ့ပါတယ္။ ျပတိုက္ကို ရဲေတြ ေရာက္လာတဲ့ အခ်ိန္မွာေတာ့ က်ဴးေက်ာ္ ဝင္ေရာက္သူေတြ မရွိေတာ့ပါဘူး ။

ျပတိုက္ရဲ႕ နံရံေပၚမွာ ခ်ိတ္ထားတဲ့ ပန္းခ်ီးကား တစ္ခ်ပ္ ကေတာ့ ဟာလာဟင္လင္း ျဖစ္သြားပါၿပီ။ အာဏါပိုင္ေတြကေတာ့ ပန္းခ်ီကားကို ျပန္ရဖို႔အတြက္ ႀကိဳးစားၾကရန္ ရဲေတြကို အမိန႔္ေပး ထားပါတယ္။ လိုအပ္တဲ့ စုံးစမ္း စစ္ေဆးမႈေတြကို ဘယ္သူ႔ကိုမဆို စစ္ေဆးဖို႔ အတြက္လည္း ၫႊန္ၾကား ထားပါတယ္။

“က်ေနာ္တို႔ကေတာ့ ဒီပန္းခ်ီကား ဘယ္ေရာက္ ေနတယ္ ဆိုတာကိုေတာ့ မသိႏိုင္ဘူး ေပါ့ဗ်ာ။ ဒါေပမဲ့ အခ်ိဳ႕ သဲလြန္စေတြက သူခိုးေတြကို ေျခရာခံ ႏိုင္လိမ့္မယ္လို႔ေတာ့ ထင္ပါတယ္” လို႔ ေဒသခံရဲ ေတြက ဆိုပါတယ္။

ရီေနတဲ့ကေလး၂ေယာက္ ပန္ခ်ီကားက ဒီတစ္ႀကိမ္နဲ႔ ဆိုရင္ အခိုးခံရတာ ၃ႀကိမ္ ရွိေနပါၿပီ။ ၁၉၈၈ တုန္းက ေတာ့ ဂ်က္ေကာ့ရဲ႕ ပန္ခ်ီကားေတြ နဲ႔အတူ အခိုးခံခဲ့ရၿပီး ၂၀၁၁ မွာလည္း အဲ့ဒိ ပန္းခ်ီကား ျပန္အခိုးခံ ခဲ့ရပါတယ္။ ရဲေတြက အဲ့ဒိ ပန္ခ်ီကားကို ျပန္လည္ရေအာင္ အစြမ္းကုန္ ႀကိဳစားခဲ့ရပါတယ္။

ေမာင္ယႆ, REF: upi, Photo; UPi

 

 

 

 

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …