Knowledge
ဘာပဲဖြစ်ဖြစ် ရယ်သံ ဆိုတာ ပျော်ရွှင်မှူ ပြယုဂ် ဖြစ်ပြီးတစ်ဦးနဲ့ တစ်ဦး အလိုအလျှောက် မျှဝေခံစား တတ်ကြတာပဲ ဖြစ်ပါတယ် ။
အသံ
ရ်ာတဲ့ အခါမှာ သင့်ရဲ့ ဝမ်းထဲကနေ တဆင့်နှူတ်ဖျား ပါးစပ်ဆီမှာ အသံထွက် လာတတ်ကြပါတယ် ။ အသံထွက်ခြင်းမှာ ရယ်စရာရဲ့အခြေခံ အတိုင်းအတာ အပေါ်မူတည်ပြီး ကွဲပါးသွားတတ်တာကို တွေ့ကြရမှာဖြစ်ပါတယ် ၊ လွတ်လပ်မှူ ရှိတဲ့ နေရာမှာ အားပါးတရ ရယ်မောကြပြီး အချုပ်အချယ် ရှိတဲ့နေရာမှာ ထိန်းပြီး ရယ်မောကြရ တာပဲ ဖြစ်ပါတယ် ။
အသက်ရှူခြင်း
အားပါးတရရယ်ပြီးတဲ့အခါမှာမောသွားတတ်ကြတာသဘာဝပါဘာကြောင့်လည်းဆိုတော့ရယ်နေတဲ့အချိန်မှာ မိမိတို့ရဲ့လျှာခင်ဟာအသံအိုးကို ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေရတာကြောင့် အသက်ရှူခြင်းဟာပုံမှန်မဖြစ်တော့ပဲရပ်လိုက်ရှူလိုက်ဖြစ်နေရတာမို့ပါ။
မျက်နှာပြင်
ခန္ဓာကိုယ်
အားပါးတရ ရယ်မောလိုက်တဲ့အခါမှာသင့်ခန္ဓာကိုယ်ဟာ သွက်သွက်လှူပ်ရမ်းသွားမှာဖြစ်တယ်။ဘယ်လိုရယ်မောမှူမှာမဆို သငွခန္ဓာကိုယ်ဟာ ငြိမ်ပြီးနေလို့မရအားပါရင်ပါသလောက် ခြေလက်တို့ပါလှူပ်ခါလာမှာဖြစ်တယ်။
စိတ်နဲ့ကိုယ်
သင်နှစ်နှစ်ခြိုက်ခြိုက်ရယ်မောလိုက်ခြင်းအတွက် ခန္ဓာကိုယ်ကြွက်သားတွေပြေလျော့သွားခြင်းနဲ့အတူစိတ်ကိုပါပြေလျော့သက်သာသွားစေတာမို့နာကျင်မှူတွေ စိုးရိမ်သောကတွေကိုတွန်းလှန်နိုင် မဲ့ ကိုယ် စိတ်စွမ်းအားပိုမိုလာပါလိမ့်မယ်။
စန္ဒီမြင့်မိုရ်
Unicode
ရယ်မော ကျန်းမာလူ့ကမ္ဘာ
သင် ရယ်မောပါ ဘာကြောင့်ပဲ ဖြစ်ဖြစ် ရယ်မောခြင်းဟာ ဘဝမှာ အရေးကြီးတဲ ကဏ္ဍ တစ်ခုဆိုတာ သင် သိထားဖို့ လိုပါတယ် ။ ရယ်မောခြင်း ဆိုရာမှာ အသံထွက် ရယ်ခြင်း လူှပ်လူှပ် ခတ်ခတ် ရယ်ခြင်း တိုးတိုး တိတ်တိတ် ရယ်ခြင်း မပွင့်တစ်ပွင့် ရယ်ခြင်း အားပါး တရ ရယ်ခြင်း…. စသည်ဖြင့် ရယ်မောပုံ ရယ်မေနည်း မျိုးစုံ ရှိပါတယ် ။
သင်ဟာ ဘယ်ကဲ့သို့ နည်းနဲ့ပဲ ရယ်ရယ် ရယ်ဘို့ပဲ လိုပါတယ် ။ ရယ်တဲ့ ပုံစံတွေ တစ်ယောက်နဲ့ တစ်ယောက် မတူကြပေမဲ့ တူတဲ့အချက် ကတော့ ရယ်မောခြင်းဟာ တစ်ဦးထံမှ တစ်ဦးထံသို့ ကူးလူး ရောက်ရှိ တတ်တာ ပါပဲ ။
ဘာပဲဖြစ်ဖြစ် ရယ်သံ ဆိုတာ ပျော်ရွှင်မူှ ပြယုဂ် ဖြစ်ပြီးတစ်ဦးနဲ့ တစ်ဦး အလိုအလျှောက် မျှဝေခံစား တတ်ကြတာပဲ ဖြစ်ပါတယ် ။
ရယ်ခြင်းနဲ့ ကျန်းမာရေး
ရယ်မော နေတဲ့ အခါမှာ လူတို့ရဲ့ဦးနှောက်တွင်းရှိ စိတ်ပျော် ဟော်မုန်း serotonin ထွက်ပေါ်လာပြီး စိတ်ကို ကြည်လင် လန်းဆန်း သွားစေပါတယ် ။ လူအများနဲ့ ဆက်သွယ်မူှမှာ ရယ်မောခြင်းဟာ ပေါင်းသင်း ဆက်ဆံရေး ပျော့ပျောင်းပြီး သက်တောင့် သက်သာမူှ ရရှိစေ ပါတယ် ။ စိတ်ဖိစီးမူှ ပြေလျှော့ပြီး ကိုယ်ခံအား စနစ်ကို ကောင်းမွန် စေတဲ့ အတွက် ရောဂါ ဘယတွေအလွယ် တကူ မဝင်ရောက် နိုင်ပါ ။
“Laughter is the best medicine’ ရယ်မောခြင်းက အကောင်းဆုံး ဆေးဝါး ‘လို့ သုတေသီ တွေက ဆိုထားတာမို့ ရယ်မောကြဖို့ မမေ့ပါနဲ့ ။ ရယ်မောကြတဲ့ အခါ သင့်ခန္ဓာကိုယ်မှာ ဖြစ်စဉ် ငါးခုကိုသတိပြု နိုင်မှာပါ ။
အသံ
ရာ်တဲ့ အခါမှာ သင့်ရဲ့ ဝမ်းထဲကနေ တဆင့်နူှတ်ဖျား ပါးစပ်ဆီမှာ အသံထွက် လာတတ်ကြပါတယ် ။ အသံထွက်ခြင်းမှာ ရယ်စရာရဲ့အခြေခံ အတိုင်းအတာ အပေါ်မူတည်ပြီး ကွဲပါးသွားတတ်တာကို တွေ့ကြရမှာဖြစ်ပါတယ် ၊ လွတ်လပ်မူှ ရှိတဲ့ နေရာမှာ အားပါးတရ ရယ်မောကြပြီး အချုပ်အချယ် ရှိတဲ့နေရာမှာ ထိန်းပြီး ရယ်မောကြရ တာပဲ ဖြစ်ပါတယ် ။
အသက်ရူှခြင်း
အားပါးတရရယ်ပြီးတဲ့အခါမှာမောသွားတတ်ကြတာသဘာဝပါဘာကြောင့်လည်းဆိုတော့ရယ်နေတဲ့အချိန်မှာ မိမိတို့ရဲ့လျှာခင်ဟာအသံအိုးကို ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေရတာကြောင့် အသက်ရူှခြင်းဟာပုံမှန်မဖြစ်တော့ပဲရပ်လိုက်ရူှလိုက်ဖြစ်နေရတာမို့ပါ။
မျက်နှာပြင်
ခန္ဓာကိုယ်ရဲ့လူှပ်ရှားမူှအများစုဟာကြွက်သားတွေအပေါ်မှာမူတည်နေပါတယ်။ရယ်မောတဲ့အခါမှာသင့်မျက်နှာပြင်ကကြွက်သား တစ်ဆယ့်ငါးခုဟာအလုပ်လုပ်ကြရပါတယ်။ပါး ၊ နဖူး ၊မျက်လုံးအားလုံးပါဝင်လူှပ်ရှားမူှနဲ့အတူပါးစပ်နဲ့သွားတို့ပါဝင်တဲ့ကြွက်သားတွေအလုပ်လုပ်ကြရတာဖြစ်ပါတယ်။
ခန္ဓာကိုယ်
အားပါးတရ ရယ်မောလိုက်တဲ့အခါမှာသင့်ခန္ဓာကိုယ်ဟာ သွက်သွက်လူှပ်ရမ်းသွားမှာဖြစ်တယ်။ဘယ်လိုရယ်မောမူှမှာမဆို သငွခန္ဓာကိုယ်ဟာ ငြိမ်ပြီးနေလို့မရအားပါရင်ပါသလောက် ခြေလက်တို့ပါလူှပ်ခါလာမှာဖြစ်တယ်။
စိတ်နဲ့ကိုယ်
သင်နှစ်နှစ်ခြိုက်ခြိုက်ရယ်မောလိုက်ခြင်းအတွက် ခန္ဓာကိုယ်ကြွက်သားတွေပြေလျော့သွားခြင်းနဲ့အတူစိတ်ကိုပါပြေလျော့သက်သာသွားစေတာမို့နာကျင်မူှတွေ စိုးရိမ်သောကတွေကိုတွန်းလှန်နိုင် မဲ့ ကိုယ် စိတ်စွမ်းအားပိုမိုလာပါလိမ့်မယ်။
သုတေသီတို့ရဲ့အဆီုအရ လူတွေဟာတစ်နေ့ကိုပျမ်းမျှ ၁၇ ကြိမ်ခန့်ရယ်မောဖြစ်ကြတယ်လို့ဆိုပါတယ်။လူမှန်ရင် စိတ်ညစ် ညူးစရာထက်ပျော်ရွှင်ရယ်မောစရာကို ပိုမိုနစ်သက်လက်ခံလေ့ရှိကြတာမို့သင်လည်းလူဖြစ်ရကျိုးနပ်အောင် ဒီနေ့ကစလို့ရယ်မောစရာတွေရှာပြီးရယ်မောရင်း စိတ်ကိုပြေလျှော့အနားယူလိုက်ပါလို့…။
စန္ဒီမြင့်မိုရ်
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂ (၁)မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ လမ်းတိုင်း၊လမ်းတိုင်းတွင် ခြုံနွယ်ပိတ်ပေါင်းများကင်းစင်စေရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်ပုံ၊ရေပုပ်ရေကန်စ သည့် အပုပ်နံ့၊အညီနံ့ အကောင်းသည့်အနံ့အသက်များထွက်ပေါ်နေသည့် နေရာများကိုအနံ့အသက်ကင်းပျောက်စေရန် စီမံပြုလုပ်ခြင်း၊တံမြက်စည်းလှဲ၍ သန့်ရှင်းအောင်ပြုလုပ်ထားခြင်း၊လူမနေသည့် အိမ်၊အိမ်အိုအိမ်ပျက်၊တဲအိုတဲပျက်များကို ခွင့်ပြုချက်ယူ၍ ဖြိုဖျက်ခြင်း၊လူအစောင့်အရှောက်ထားစေခြင်းတို့ ကိုစီမံပြုလုပ်ထားရပါမည်။ဖျားနာနေသောလူနာများရှိလျှင် ဆေးဝါးကုသပေးခြင်း၊ဆေးရုံ၊ဆေးခန်း၊ဒေသန်္တရကျန်းမာရေးဌာနများသို့ပို့ဆောင်ပေးခြင်းတို့ ကိုပါပြုလုပ်ပေးရပါမည်။ (၂) ရပ်ကွပ်၊ကျေးရွာများရှိ လူကြီး၊လူငယ်၊ပရဟိတအဖွဲ့များသည် မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ ရဟန်းသံဃာတော်များထံသို့သွားရောက်ပြီး အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ရန်အတွက် လျှောက်ထားပြီး ရပ်ကွပ်၊ကျေးရွာအတွင်း၌ အန်္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများကျင်းပနိုင်ရန်အတွက် စနစ်တ ကျစီစဉ်ပြီး ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကြီးများကို ပြုလုပ်ပေး၍ ရပ်ကွပ်၊ကျေးရွာအနှံ့တွင် ပရိတ်ရေစင်များပက်ဖျန်းပေးရပါမည်။ထို့အပြင် အသံမစဲမဟာပဋ္ဌာန်း ပွဲကြီးကိုပါစီစဉ်၍ကျင်းပပြုလုပ်ပေးရပါမည်။ပဋ္ဌာန်းပွဲပြီးလျှင် ပဋ္ဌာန်းရေစင်များကိုလည်း အထက်ပါနည်းအတိုင်း ရပ်ကွပ်၊ကျေးရွာအနှံ့တွင် အန္တရာယ်ကင်း စေရန်အတွက် ပက်ဖျန်းပေးရပါမည်။ဤနည်းအတိုင်း မြို့နယ်၊တိုင်းဒေသကြီး၊ပြည်နယ်များတွင်ပါ …
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း” (၂) သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရမည်။ (၁) အရက်သေစာ၊မူးယစ်ဆေးဝါး သုံးစွဲခြ င်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားသောအမှုကိုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားမှုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၄) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ကြဉ်ရမည်။ (၅) မဟုတ်မမှန်သောမုသားစကားပြောဆိုခြင်းမှရှောင်ကြဉ်ရမည်။ (၆) ကပ်ရောဂါပိုဆိုးလာလျှင်(သို့မဟုတ်)ယခုအချိန်မှစတင်၍ သက်သတ်လွတ်ကိုသာစားလျှင်ပို၍ကောင်းပါသည်။ (၇) ရတနသုတ်ပရိတ်တော်ကြီးနှင့်ဘုရားခုနှစ်ဆူ စက်ပရိတ်တော်ကြီးကို နေ့၊ညမှန်မှန်ရွတ်ဖတ်ပူဇော်ရမည်။(အခေါက်ရေများများရွတ်နိုင်လေပိုကောင်း လေဖြစ်၏) (၈) ပရိတ်ချည်၊ပရိတ်ကြိုးများကို ကိုယ်မှာဆောင်ထားရမည်။ဆောင်ထားရမည်ဆိုသည်မှာ လယ်တီဆရာတော်ဘုရားကြီးက အတိအကျလမ်းညွှန်ထား သည်မှာ လည်ပင်းတွင်လည်းဆွဲထားရမည်။ထို့အတူလက်ကောင်ဝတ်နှစ်ဘက်တွင်လည်းချည်ထားရမည်ဟု ညွှန်ကြားထားသည့်အတွက်ထိုအတိုင်း ဆောင်ထားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (၉) တုတ်၊ဓားလက်နက်၊လေးခွတို့ကိုဆောင်ထားပါ။ဘီလူးသားဘက်တို့သည် ၎င်းင်းတို့၏တန်ခိုးဖြင့်ကိုယ်ယောင်ဖျောက်ထားနိုင်သော်လည်း တုတ်၊ဓား လက်နက်၊ဆူးချွန်၊လေးခွတို့ကို မကာကွယ်နိုင်သဖြင့်အလွန်ကြောက်ကြ၏။ထို့ကြောင့်လက်နက်တို့နှင့်ဝေးရာသို့ ရှောင်ရှားထွက်ပြေးကြ၏။မိမိတို့ကိုအန္တရာယ်ပေးခြင်း၊ဖမ်းစားခြင်းမပြုနိုင်ဟု ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ကိုယ်တွေ့နှိမ်နင်းနိုင်ခဲ့သည့်နည်းလမ်းဖြစ်ကြောင်းကိုမိန့်ဆိုထားလေ၏။ ထို့ကြောင့် ထို့ကြောင့်လမ်းသွားလမ်းလာပြုသောအခါတွင် တုတ်၊ဓားလက်နက်ဆောင်၍ရသောနယ်များတွင်၊တုတ်၊ဓားလက်နက်များကိုဆောင်သွားပါ။အ နည်းဆုံး …
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
Knowledge
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့ ချစ်ပြီးမှ လမ်းခွဲစကား ပြောဖို့က တကယ်တော့ အားနာဖို့ကောင်းတယ် ။ တစ်ယောက် အကြောင်းလည်း တစ်ယောက် သိနေပြီ ။ တစ်ယောက် အားနည်းချက် ကိုလည်း မြင်ပြီးမှ အဲဒါကို နင်းပြီး လမ်းခွဲ လိုက်ကြတာ ဘယ်ကောင်းမလဲ ။ တကယ် နှစ်နှစ်ကာကာ ချစ်တဲ့ သူတွေ ဆိုရင် နစ်နာပါတယ် ။ ချစ်တယ် ဆိုတဲ့ စကားလုံးကို လိင် စိတ်ဖြေဖို့အတွက် သက်သက် အငှားသုံးတဲ့သူတွေကို မဆိုလိုပါဘူး ။ အပြန်အလှန် ချစ်မိကြလို့ အကြောင်းကြောင်းကြောင့် လမ်းမခွဲချင်ဘူး ဆိုရင်တော့ အောက်မှာ အကြံပြုထားတာကို လိုက်နာကြည့်ပါလား။ ၁။ အပြုသဘောဆောင်တဲ့ …