
International-news









မောင်ယဿ REF: daily mail

Unicode

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကို ကြိုက်တဲ့ ချန်းနင်းတာတန်

Magaic Mike ၊ White House Down ရုပ်ရှင်ကား တွေထဲက မင်းသား ချန်နင်း တာတန်က သူ့ရီးစား ဂျက်ဆီဂျေ နဲ့ခဏခဏ ကွဲလိုက် ပြန်တွဲ လိုက်လုပ်နေတာကို ဟာသ လုပ်ပြီး ကျနော်တို့က တစ်မျိုးတည်းကိုပဲ ကြိုက်တာကို မကြိုက်ချင် ယောင်ဆောင် နေကြတာဗျ လို့ ပြောလိုက်တယ် ။

သူက အဲ့ဒိ စကားကို မနေ့က ပြန်ပေါင်းထုတ်တဲ့ အနေနဲ့ ပေးတဲ့ ပါတီပွဲမှာ ပြောခဲ့တာပါ ။ ချန်နင်း( ၃၉နှစ် ) က အဲ့ဒိ ညကပွဲမှာ ယူနီကောင်း ဦးချိုဆောင်းပြီး ပွဲမှာ ဟာသတွေ ဖောက်နေခဲ့ပါတယ် ။ ဒီည ယူနီကောင်းရဲ့ ဦးချိုတွေကို ထုတ်ပြီး သီချင်း တွေဆိုပြမယ် ။

ကျနော်တို့ စုံတွဲရဲ့ သီချင်းသံကို နှစ်နှစ်ခြိုက်ခြိုက် နားဆင် လိုက်ကြပါ လို့ ဆိုပြီးသီချင်းတွေ ပျော်ပျော်ပါးပါး ဆိုခဲ့ ပါတယ် ။ သူတို့က အဲ့ဒိည ပါတီပွဲလေးကို လိုင်းပေါ် တင်လိုက်တော့ ချန်နင်းရဲ့ ဇနီးဟောင်း ဂျန်နာဒီဝမ်နဲ့ ပတ်သက်တဲ့ အကောင့် တစ်ခုက အဲ့ဒိနေရာမှာ ဂျန်နာနဲ့ဆို ပိုကြည့်ကောင်းမှာပေါ့ ဆိုပြီး မှတ်ချက် ဝင်ရေးပါတယ် ။

နောက်ထပ် မှတ်ချက် တစ်ခု ၂ ခုမှာလည်း ဇနီးဟောင်း ဂျန်နာနဲ့ ပတ်သက်လို့ ပါလာတော့ ချန်နင်းက “ခင်ဗျားတို့ ရေးတင်တဲ့ အကြောင်းကို ခင်ဗျားတို့ သေသေချာချာ ပြန်စဉ်းစား စေချင်တယ် ။ နာကျင်မှုတွေနဲ့ အပြည့် ဖြစ်ခဲ့တယ် ။

ကျနော်က ကျနော်မှ ဟုတ်ရဲ့လားလို့တောင် ပြန်မတွေးရဲတဲ့ ဘဝကို ကျနော့်ကို ပြန် အမှတ်ရ စေချင် တာလား။ အရမ်းကို ကြောက်စရာကောင်းတဲ့ မုန်းတီးမှု တွေကို ခင်ဗျားတို့က ကျနော့်အပေါ် ဝန်ထမ်းစေချင်တာလား ။

ဒါဆိုရင် ဂျက်ဆီကို တော့ အဲ့ဒီထဲကို မပါစေချင်ပါဘူး ။ ဂျက်ဆီက ထိရက် စရာတောင် မရှိတဲ့ အလှလေး အမျိုးသမီးပါဗျာ ။ ကျေဇူးပြုပြီး ခင်ဗျားတို့ မှတ်ချက်တွေ ဖျက်လိုက်ပါဗျ ာ။ ဘယ်သူမှ ဒါကိုကြိုက်ကြမှာ မဟုတ်ပါဘူး ။ အထူးသဖြင့် ကျနော်က ပိုဆိုးပါတယ် ”လို့ လိုင်းပေါ်မှာပဲ တင်ရေးခဲ့ပါတယ် ။

ချန်နင်နဲ့ ဂျန်နာဒီဝမ်တို့က ၉ နှစ်ကြာ ပေါင်းသင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာ သမီးလေး တစ်ယောက် ရခဲ့ပါတယ်။ ၂၀၁၈ မှာတော့ သူတို့ ၂ ဦး ကွဲခဲ့ပြီးနောက်မှာတော့ ချန်နာက ဂျက်ဆီဂျေနဲ့ တွဲခဲ့ပါတယ် ။ ဂျက်ဆီနဲ့ တွဲနေတဲ့ ၂ နှစ် အတွင်းမှာ ရန် ခဏခဏ ဖြစ်ပြီး ကွဲလိုက် တွဲလိုက်ဖြစ်နေတာပါ ။

မောင်ယဿ REF: daily mail

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …