ရည်းစားဟောင်း ၅ယောက်လုံး အချိုးအတူတူပဲ လို့ပြောတဲ့ ပဲရစ်ဟီတန်

ရည်းစားဟောင်း ၅ယောက်လုံး အချိုးအတူတူပဲ လို့ပြောတဲ့ ပဲရစ်ဟီတန်
International-news

ရည်းစားဟောင်း ၅ယောက်လုံး အချိုးအတူတူပဲ လို့ပြောတဲ့ ပဲရစ်ဟီတန်

This is Paris ဆိုတဲ့ စကားက ပြီးခဲ့တဲ့ ၁၀ စုနှစ် ၂ခုလောက်မှာ အမေရိကားက ဆယ်လီတွေထဲမှာ ရေပန်းစားခဲ့တဲ့ စကားလုံးပါ။ ဆယ်ကျော်သက်အရွယ်မှာ ရည်းစားနဲ့ အိပ်ရာပေါ်က ခပ်ကြမ်းကြမ်း ဇာတ်လမ်း တစ်ခု အွန်လိုင်းပေါ်ကို တက်သွားပြီး နောက်မှာတော့ မီဒီယာကနေတစ်ဆင့် ကမ္ဘာကျော်သွားတဲ့ ရုပ်ရှင်မင်းသမီး စီးပွားရေးလုပ်ငန်းရှင် မော်ဒယ် ပဲရစ်ဟီတန်က သူမနဲ့ တွဲပြီးမှာ ပြတ်သွားတဲ့ ရည်းစားဟောင်း ၅ယောက်လုံးက အချိုး အတူတူ ပဲလို့ ပြောလာပါတယ်။

အွန်လိုင်းပေါ်က ဗီဒီယိုဖိုင် ကိစ္စ ပြီးနောက်မှာတော့ သူမရဲ့မိဘတွေက သူမကို ယူတက်ပြည်နယ်က ပရိုဗိုကန်ရွန် ကျောင်းကို ၁၁ လ ကြာအောင် ပို့ထားခဲ့ပါတယ်။ သူမက အဲ့ဒိ ကျောင်းကပြန်လာပြီး နောက်မှာတော့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်အောင် နေတတ်လာပါတယ်။

ရည်းစားဟောင်း ၅ယောက်လုံး အချိုးအတူတူပဲ လို့ပြောတဲ့ ပဲရစ်ဟီတန်1

ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် တွဲ လာပြီး နောက်မှာတော့ ယောက်ျားတွေ က တစ်ချိုးတည်း ပါပဲဆိုတဲ့ အတွေး ဝင်လာတဲ့အထိ သူမ ဆက်ဆံခံခဲ့ ရပါတယ်လို့ လက်ရှိ ရိုက်နေတဲ့ This is Paris မှတ်တမ်း ရုပ်ရှင်ကားထဲ ရင်ဖွင့် ခဲ့ပါတယ်။

“ ကျမကို စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်ဆိုင်ရာ စော်ကားမှု တွေ လုပ်ခဲ့ကြပါတယ်။ တကယ်တော့ ကျမက သူတို့အတွက် စမ်းသပ်ကွင်း တစ်ခု ဖြစ်နေခဲ့တာပါ။ နောက်ပြီး ပရိုဗို ကျောင်းမှာတုန်းကလည်း ကျမက လောကကြီး မှာ အညစ်ပတ်ဆုံး မိန်းမတစ်ယောက်လို ကျမကို ဝိုင်းပြီး ဆက်ဆံ ခဲ့ကြပါတယ်။

ရည်းစားဟောင်း ၅ယောက်လုံး အချိုးအတူတူပဲ လို့ပြောတဲ့ ပဲရစ်ဟီတန်2

အိပ်ရာပေါ်က ဇာတ်လမ်းတွေက သူတို့တွေ မကြုံဖူးတဲ့ အတိုင်းဘဲ သူတို့ ကျမကို ဆက်ဆံခဲ့ပါတယ်။ တကယ်တော့ ကျမ ကြုံခဲ့ရတဲ့ ငယ်ငယ်တုန်းက မိုက်မဲမှုကို လူတိုင်နီးပါး ကြုံ ခဲ့ကြတာပါ။ ကျမက ကံဆိုးလို့ လူအများရဲ့ မြင်ကွင်းထဲကို ရောက်သွားတာပါ။ အဲ့ဒါကို ကျမကပဲ ညစ်စုတ် နေတဲ့ မိန်းမပျက် တစ်ယောက်လို သူတို့တွေ မြင်ခဲ့ကြပါတယ်။

ကျမရဲ့ ရီးစားဟောင်းတွေက အဲ့ဒိအကြောင်းကို ပြပြီး ကျမကို စကားနာ ထိုးကြတယ်။ ပဲရစ်ဟီတန်က အွန်လိုင်းပေါ်ကို ရည်းစားဖြစ်သူ တင်ခဲ့ လို့ အိပ်ရာပေါ်က ဇာတ်လမ်း ရောက်ခဲ့တာကို သိသိကြီးနဲ့ တွဲပြီးမှ အဲ့ဒိ အားနည်းချက်ကို ဝိုင်းနင်း ကြတာတော့ တော်တော် ဆိုးတဲ့ ကိစ္စပါပဲ” လို့ သူမ ဆိုပါတယ်။

ရည်းစားဟောင်း ၅ယောက်လုံး အချိုးအတူတူပဲ လို့ပြောတဲ့ ပဲရစ်ဟီတန်4

အခုတော့ သူမက ကာတာရီအမ်လို့ ခေါ်တဲ့ စီးပွားရေးသမား တစ်ယောက်နဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ သူမရဲ့ ဘဝပျော်ရွှင်မှု အစစ်အမှန်ကို ပြန်ရှာတွေ့အောင် ကူညီပေးတဲ့ ခင်ပွန်းသည် အတွက် ကျေးဇူးတင်ကြောင်း နဲ့ ယောက်ျားတွေကို ပြန်ပြီး အမြင်ကြည်အောင် ပြန်လုပ်ပေးနိုင်တဲ့ ခင်ပွန်းသည်ကို လေးစားရပါကြောင်း ဆိုသွားပါတယ်။

မောင်ယဿ, REF: TMZ, Photo: TMZ

Zawgyi




ရည်းစားဟောင်း ၅ယောက်လုံး အချိုးအတူတူပဲ လို့ပြောတဲ့ ပဲရစ်ဟီတန်3







No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …