
Entertainment





ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXOအဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ3





ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXOအဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ2




မောင်ယဿ

REF; msn


Unicode

ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXO အဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ

လွန်ခဲ့တဲ့ ၂လလောက်က တောင်ကိုရီးယား နဲ့ ကမ္ဘာကျော် ကေပေါ့ ဝိုင်းတစ်ဝိုင်း ဖြစ်တဲ့ EXO အဖွဲ့ဝင် ချန် က သူ့ရည်းစားမှာ ကိုယ်ဝန်ရ နေပြီလို့ ကြေညာပြီးနောက် မှာတော့ ပရိသက်က သူ့ကို တော်တော် ဒေါသထွက်နေပါတယ်။

ချန်ဆိုတာက EXO အဖွဲ့မှာ အချမ်းသာဆုံး ရပ်ပါ သီချင်းရေးသူ ထုတ်လုပ်သူ သရုပ်ဆောင် မော်ဒယ် တစ်ယောက်ပါ။ ၂၀၀၈ က မော်ဒယ်ပြိုင်ပွဲတစ်ခုမှာ ဒုတိယရခဲ့စဉ်က SM ဖျော်ဖြေရေး ကုမ္ပဏီ က သူကိုသဘောကျပြီး လေ့ကျင့်ပေးခဲ့ရင်းက သူက ရပ်ပါ တစ်ယောက် လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXOအဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ1

SMရဲ့ လေ့ကျင့် သင်ကြားပေးမှု အောက်မှာ သူက ရွှေရောင် နေ့ရက်တွေကို ပိုင်ဆိုင်ခွင့် ရလိုက်တာပါ။ သူက တောင်ကိုရီးယားမှာ SM ဖျော်ဖြေရေးကုမ္ပဏီအတွက် ငွေလုပ်စက်ကလေး တစ်လုံးဖြစ်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ရောင်းကုန် အဖြစ် ပရိသတ်နဲ့ ကုန်သွယ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အစပထမက သူရဲ့ လက်ထပ် တော့မယ် ဆိုတဲ့ သတင်းက ကောင်းမိ ကောင်းရဲ့ သားနဲ့ သူ့ရဲ့ မင်္ဂလာဆောင် သတင်းက ထွက်မလာတော့ ပရိသက်ရဲ့ဒေါသ က SM ကုမ္ပဏီဘက်ကို လှည့်လာပါတော့တယ်။

အဲ့ဒိအကြောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖောက်ချလိုက်တဲ့ ကုမ္ပဏီက ချန်ကို EXO အဖွဲ့ကနေ ထုတ်မပစ်တဲ့အတွက် ပရိသက်က ကုမ္ပဏီကို ဒေါသထွက်ပြီး ပေါက်ကွဲ ကုန်တာပါ။ လိုင်းပေါ်က ပရိသက်တွေက ချန်ရဲ့ ပုံအောက်မှာ “အဖွဲ့က ထုတ်လိုက်ပါတော့လား။

ချန်မှာ ဘာဂုဏ်သိက္ခာမှ မရှိဘူး ။ ချန် အထုတ်ပြင်ပြီးတော့ လစ်ဖို့သာ လုပ်လိုက်တော့”လို့ စာရေးပြီး တင်နေပါတယ်။ သူတို့က ချန်ကို EXO အဖွဲ့ကနေပြီးတော့ ထွက်သွားစေချင် နေပါတယ်။

အချို့ကတော့ သူတို့ပိုက်ဆံတွေကို ချန်နဲ့ ပတ်သက်ပြီးသုံးတာ ဒီတစ်ခါ နောက်ဆုံးပါလို့ ဆိုတယ်။ “ကျနော်တို့ ချစ်တဲ့ သူတစ်ယာက်က ကျနော်တို့ကို အရှက်ရစေတယ်။

လူသား မဆန်တာကိုလည်း မုန်းတယ်။ မင်း ဒီလိုကိစ္စကို ညင်ညင်သာသာ ကိုင်တွယ်သင့်တယ်” လို့ ရေးတင်တဲ့ သူတွေကလည်း ရေးတင်ပါတယ်။

ချန် စစ်မှုမထမ်းခင် သူ့ရဲ့ကိစ္စသတင်း ထွက်လာတည်းက လိုင်းပေါ်မှာ တာဝန်မကျေတဲ့သူ အတ္တကြီးတဲ့သူ မိုက်မဲတဲ့သူ အမျှော်အမြင် မရှိတဲ့သူ ဆိုပြီး ဝိုင်း ပြောနေကြပါ တယ်။

တောင်ကိုရီးယားမှာက စစ်မှုထမ်းနေဆဲ ကာလမှာ ရည်းစား ကိုယ်ဝန်ရခဲ့ရင် တာဝန် ယူစရာ မလိုတဲ့ အစဉ်အလာရှိတဲ့အတွက် အဲ့ဒိအပေါ် ချန်ကို ပရိသက်က ပေါက်ကွဲ ကြတာပါ။

မောင်ယဿ

REF; msn

Photo; Christianity daily

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း
Entertainment
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း

တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း ဝူဗာရိန်းဆိုတာ အမေရိကန် ကာတွန်းစာအုပ်ထဲက လူထူးလူဆန်း တစ်ယောက်ပါ ။ တကယ့်စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး သိပ္ပံ ဓာတ်ခွဲခန်း ထဲက ထွက်လာတဲ့ ပါဝါမန်းတွေပါ ။ X-man နဲ့ ဆက်နွယ် နေတဲ့ သိပ္ပံဝတ္ထု ဇာတ်လမ်းတွဲ တွေပါ ။ သူ့ရဲ့ အဓိက ပါဝါက တိုက်ခိုက်ရည် ကောင်းတဲ့ အပြင် ဒဏ်ရာရ လာပါက အလိုအလျောက် ကုသနိုင်တဲ့ စွမ်းရည်ပါပဲ ။ လိုဂန် ဖြစ်တဲ့ ဟတ်ဂျက်မန်းက X-man ဇာတ်လမ်းတွဲ ကို ဆက်မရိုက်နိုင် တော့လို့ မာဘယ်ရုပ်ရှင် ကုမ္ပဏီက ဒူဂါရေး စကော့ကို …

ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို
Entertainment
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို

ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို အိန္ဒိယမှာ တောင်ပိုင်းရုပ်ရှင် ဖျော်ဖြေရေးလုပ်ငန်းတွေက ဘောလီးဝုဒ်လောက် အရေးမပါဘူးလို့ လူတွေက ဘာကြောင့် ပြောနေရလဲဆိုတာကို ကျမဖြင့် စဉ်းစားလို့ မရပါဘူး လို့ ရှရူတီဟာဆန်က ပြောပါတယ်။ သူမကတော့ ဘောလီဝုဒ်ကို မရောက်ခင် ကတည်းက တမီးလ် တလူဂူး ဟင်ဒီ စကားပြောရုပ်ရှင် လောကမှာ နောက်ခံတေးသီးချင်း အဆိုတော် ရုပ်ရှင်မင်းသမီး အဖြစ်နဲ့ ကျင်လည်ခဲ့သူပါ။ သူမက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင် လောကတွေ ကျင်လည်လာပြီး နောက်မှာတော့ တောင်ပိုင်းရုပ်ရှင်လုပ်ငန်းတွေနဲ့ ဘောလီးဝုဒ်က ရုပ်ရှင်လုပ်ငန်းတွေက ဘာမှ ကွာခြားချက် မရှိ ပါဘူးလို့ ဆိုပါတယ်။ “အနုပညာရှင်တစ်ယောက်အနေနဲ့ …

ကော်ရိုနာဗိုင်းရက်ကို ဂျိမ်းစ်ဘွန်းလည်း မနိုင်လို့ နိုဝင်ဘာကို ပြောင်းပြေးပြီ
Entertainment
ကော်ရိုနာ ဗိုင်းရက်ကို ဂျိမ်းစ်ဘွန်းလည်း မနိုင်လို့ နိုဝင်ဘာကို ပြောင်းပြေးပြီ

ကော်ရိုနာ ဗိုင်းရက်ကို ဂျိမ်းစ်ဘွန်းလည်း မနိုင်လို့ နိုဝင်ဘာကို ပြောင်းပြေးပြီ မတ်လ ၄ရက်နေ့မှာ တစ်ကမ္ဘာလုံး က ရုပ်ရှင်ရုံ တိုင်းမှာ တစ်ပြိုင်နက် ပြသဖို့အတွက် စီစဉ်ထားတဲ့ 007 ဂျိမ်းစ်ဘွန်းရဲ့ NO TIME TO DIE ရုပ်ရှင်ကို ကော်ရိုနာဗိုင်းရက် ပြန့်နှံ့ နေမှုကြောင့် ရက်ရွှေ့ ဆိုင်းလိုက်ပါတယ်။ ၇ လကြာအောင်ခွာပြီး ရက်ရွှေ့ လိုက်ရတဲ့ အကြောင်းက တရုတ်နိုင်ငံ အနေနဲ့ ရောဂါပြန်လည် သက်သာလာရင်တောင် တိုင်းပြည်ကို အဖတ်ဆယ်ဖို့ အချိန် စောင့်ဆိုင်းရမှာဖြစ်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး အာရှ ဈေးကွက်ကြီးတစ်ခုလုံးကို လက်လွတ် လိုက်ရတဲ့အတွက် ကျန်တဲ့ ဈေးကွက်တွေကိုပါ စောင့်ဆိုင်းလိုက် ရတာပါ။ …