ရင္ေသြးအတြက္ ဒူးေထာက္ ေတာင္းပန္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္ ႏြားမႀကီး ( ႐ုပ္သံ )
- By : Phoe Linn
- Category : Life Style
- Tags: life style

ရင္ေသြးအတြက္ ဒူးေထာက္ ေတာင္းပန္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္ ႏြားမႀကီး ( ႐ုပ္သံ )
တိရစာၦန္ေတြမွာလည္း သူတို႔ အသိနဲ႔ သူတို႔ ရွိတယ္ ဆိုတာကို က်ေနာ္တို႔ သိၿပီးသားပါ ။ သူတို႔ ေျပာခ်င္တဲ့ စကားေတြကို အမူအယာ ေတြကို ၾကည့္ၿပီး က်ေနာ္တို႔က လိုက္နားလည္ ရေပမဲ့ တစ္ခါတစ္ေလ သူတို႔က လူေတြ သုံးတဲ့ အျပဳအမူ ေတြကို လိုက္လုပ္တဲ့ အခါမွာေတာ့ အံ့အားသင့္ ရတာေပါ့ ။
ငဲ့ညႇာပါ သနားပါတို႔ စာနာပါတို႔ ဆိုတာ ေတြကေတာ့ ခံစား သိနား လည္ဖို႔ အလြယ္ဆုံး ဘာသာ စကား ပါပဲ ။ အခုလည္း တ႐ုတ္ႏိုင္ငံ ဂြမ္ေဒါင္း ျပည္နယ္ ရွန္တူး ၿမိဳ႕က အျဖစ္ေလးဟာ သိပ္ သနားစရာ ေကာင္းတဲ့ အျဖစ္ ေလးပါ ။
စိတ္မေကာင္း လြန္းလို႔ ႏြားသတ္သမား ကိုယ္တိုင္ ဗီဒီယို ႐ိုက္ၿပီး လိုင္းေပၚ တင္လိုက္တာ တိခ်စ္ ေလာကမွာ လႈတ္လႈတ္ရွားရွား ျဖစ္ကုန္တယ္ ။ ဗီဒီယို ထဲမွာ ႏြားမက ႐ြံ႕ထဲမွာ သူမကို ဆြဲေခၚ ေနတာကို ျငင္းဆန္ ေနတယ္ ။
ေခါင္း တစ္ခါခါ နဲ႔ အျပင္ကို မ်က္ရည္ေတြပါ စီးက်ေန ပါတယ္ ။ အဲ့ေနာက္ေတာ့ သူမက ဒူးပါေထာက္ၿပီး ေတာင္းပန္ ပါေလေရာလား ။ သူမရဲ႕ အသက္ကို ခ်မ္းသာေပးဖို႔အတြက္ ေတာင္းပန္ ေနပါတယ္ ။ ျဖစ္ေနတာက ႏြားသတ္သမားရဲ႕ အိမ္ေရွ႕မွာ ျဖစ္ေနတာပါ ။
ႏြားသတ္သမားက နဖားႀကိဳးကို အတင္းဆြဲေတာ့ ႏြားမ ခမ်ာ ဒူးေထာက္ရက္ တ႐ြတ္တိုက္ ပါေနတယ္ ။ ႏြားမက ဗိုက္ႀကီးနဲ႔ပါ ။ သူမက သူမရဲ႕ အသက္ထက္ သူမရဲ႕ ရင္ေသြးေလး အသက္ကို ေတာင္းဆိုေနပုံ ရပါတယ္ ။
မ်က္ရည္ေတြ က် ႏွာရည္ေတြ ႐ြဲစို တဘဲဘဲ ေအာ္ရင္ ဒူးေထာက္ ေတာင္းပန္ေနလို႔ လင္ဝမ္းေဘာင္ ဆိုတဲ့ ေဒသခံ တစ္ဦးက ႏြားကို ဝယ္မယ္လို႔ ေျပာလိုက္ ရတယ္ ။ သူက အဲ့ဒိ ဗီဒီယိုကို လိုင္းေပၚ တင္လိုက္ေတာ့ တိခ်စ္သူ ေတြ ဝိုင္းလႉတာ ဝမ္ ၂ ေသာင္းခြဲ ေလာက္ ရလိုက္တယ္ ။
ႏြားကို အနီးအနားက ဘုန္းေတာ္ႀကီးေက်ာင္း တစ္ေက်ာင္းမွာ သြားထားၿပီး ပိုတဲ့ ပိုက္ဆံေတြကို ဘုန္းႀကီးေက်ာင္းကို လႉလိုက္တယ္ ။ တိရစာၦန္ေတြရဲ႕ စိတ္ခံစားခ်က္က တစ္ခါ တစ္ေလ လူနဲ႔ ေတာ္ေတာ္ တူပါတယ္ ။
ေမာင္ယႆ REF: world of buzz
Unicode
ရင်သွေးအတွက် ဒူးထောက် တောင်းပန်ခဲ့တဲ့ ကိုယ်ဝန်ဆောင် နွားမကြီး ( ရုပ်သံ )
တိရစ္ဆာန်တွေမှာလည်း သူတို့ အသိနဲ့ သူတို့ ရှိတယ် ဆိုတာကို ကျနော်တို့ သိပြီးသားပါ ။ သူတို့ ပြောချင်တဲ့ စကားတွေကို အမူအယာ တွေကို ကြည့်ပြီး ကျနော်တို့က လိုက်နားလည် ရပေမဲ့ တစ်ခါတစ်လေ သူတို့က လူတွေ သုံးတဲ့ အပြုအမူ တွေကို လိုက်လုပ်တဲ့ အခါမှာတော့ အံ့အားသင့် ရတာပေါ့ ။
ငဲ့ညှာပါ သနားပါတို့ စာနာပါတို့ ဆိုတာ တွေကတော့ ခံစား သိနား လည်ဖို့ အလွယ်ဆုံး ဘာသာ စကား ပါပဲ ။ အခုလည်း တရုတ်နိုင်ငံ ဂွမ်ဒေါင်း ပြည်နယ် ရှန်တူး မြို့က အဖြစ်လေးဟာ သိပ် သနားစရာ ကောင်းတဲ့ အဖြစ် လေးပါ ။
စိတ်မကောင်း လွန်းလို့ နွားသတ်သမား ကိုယ်တိုင် ဗီဒီယို ရိုက်ပြီး လိုင်းပေါ် တင်လိုက်တာ တိချစ် လောကမှာ လှုတ်လှုတ်ရှားရှား ဖြစ်ကုန်တယ် ။ ဗီဒီယို ထဲမှာ နွားမက ရွံ့ထဲမှာ သူမကို ဆွဲခေါ် နေတာကို ငြင်းဆန် နေတယ် ။
ခေါင်း တစ်ခါခါ နဲ့ အပြင်ကို မျက်ရည်တွေပါ စီးကျနေ ပါတယ် ။ အဲ့နောက်တော့ သူမက ဒူးပါထောက်ပြီး တောင်းပန် ပါလေရောလား ။ သူမရဲ့ အသက်ကို ချမ်းသာပေးဖို့အတွက် တောင်းပန် နေပါတယ် ။ ဖြစ်နေတာက နွားသတ်သမားရဲ့ အိမ်ရှေ့မှာ ဖြစ်နေတာပါ ။
နွားသတ်သမားက နဖားကြိုးကို အတင်းဆွဲတော့ နွားမ ခမျာ ဒူးထောက်ရက် တရွတ်တိုက် ပါနေတယ် ။ နွားမက ဗိုက်ကြီးနဲ့ပါ ။ သူမက သူမရဲ့ အသက်ထက် သူမရဲ့ ရင်သွေးလေး အသက်ကို တောင်းဆိုနေပုံ ရပါတယ် ။
မျက်ရည်တွေ ကျ နှာရည်တွေ ရွဲစို တဘဲဘဲ အော်ရင် ဒူးထောက် တောင်းပန်နေလို့ လင်ဝမ်းဘောင် ဆိုတဲ့ ဒေသခံ တစ်ဦးက နွားကို ဝယ်မယ်လို့ ပြောလိုက် ရတယ် ။ သူက အဲ့ဒိ ဗီဒီယိုကို လိုင်းပေါ် တင်လိုက်တော့ တိချစ်သူ တွေ ဝိုင်းလှူတာ ဝမ် ၂ သောင်းခွဲ လောက် ရလိုက်တယ် ။
နွားကို အနီးအနားက ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ သွားထားပြီး ပိုတဲ့ ပိုက်ဆံတွေကို ဘုန်းကြီးကျောင်းကို လှူလိုက်တယ် ။ တိရစ္ဆာန်တွေရဲ့ စိတ်ခံစားချက်က တစ်ခါ တစ်လေ လူနဲ့ တော်တော် တူပါတယ် ။
မောင်ယဿ REF: world of buzz
No Comments