International-news
မောင်ယဿ
Unicode
ရင်သွေးကလေး သေဆုံးသွားလို့ ကမ္ဘာပေါ်မှာ တစ်ကောင်တည်း ကျန်တော့တဲ့ သစ်ကုလားအုပ်ဖြူ
လူသားတွေ စိုးမိုးနေတဲ့ ကမ္ဘာပေါ်မှာ တိရစ္ဆာန်တွေ ဆိုတာ လူသားတွေရဲ့ အကာအကွယ် အစောင့်အရှောက် အောက်မှာ နေနေရတာပါ ။ လူသားတွေ ကသာ အစောင့်အရှောက် မပေးလို့ ကတော့ တိရစ္ဆာန်မျိုးစိတ် အချို့က အလိုလိုနေရင်းနဲ့ မျိုးသုဉ်း ပျောက်ကွယ် သွားရပါ တယ် ။ သူတို့ အတွက်က သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင်နေရတဲ့ အပြင် လူသားအချို့ ရဲ့ဘေးကိုလည်း ရှောင်တိမ်း နေရပါတယ် ။
ရှားပါးမျိုးစိတ် တွေက ထိန်းသိမ်းနေတဲ့ ကြားက တဖြည်းဖြည်း လျော့ နည်း လာနေပါတယ် ။ တစ်နှစ်ထက် တစ်နှစ် နည်းပါးလာတဲ့ ရှားပါးမျိုး စိတ်ထဲမှာ သစ်ကုလားအုပ်ဖြူ မျိုးစိတ်လည်း ပါပါတယ် ။ ဘီဘီစီရဲ့ မှတ်တမ်းကား အဆိုအရ သစ်ကုလားအုပ်ဖြူ မျိုးစိတ်က ၂ကောင်တည်း ရှိနေရာမှ ရင်သွေးတစ်ကောင် သေဆုံးသွားလို့ တစ်ကောင်ပဲ ကျန်တော့တယ်လို့ သိရပါတယ် ။
ကင်ညာနိုင်ငံ ဂါရစ္စာကောင်တီ ဒေသ အရှေ့မြောက်ပိုင်းက ကျေးရွာတွေကို သစ်ကုလားအုပ်ဖြူတွေ မျိုးတုန်းအောင် လုပ်လို့ စွပ်စွဲ ပြစ်တင်မှုတွေ ရှိနေပါတယ် ။ သုတေသီ တွေက မှတ်တမ်း လုပ်ရင်းနဲ့ နောက်ဆုံး မျိုးဆက်တွေကို ထိန်းသိမ်းနေတဲ့ ကြားက သစ်ကုလားအုပ် အဖြူ အငယ်ကောင်လေးက သတ်စားတာကို ခံလိုက်ရ ပါတယ် ။
တောထဲမှာ အဲ့ဒိ အကောင်လေးရဲ့ အရိုးစုတွေကို တွေ့ခဲ့ရတယ်လို့ ဆိုတယ် ။ အဲ့ဒိကောင်တွေကို သဘာဝမှာ တွေ့ရဖို့က အလွန်ခက် သွားပါပြီ ။ သူတို့က ဇီဝထွန်းခြင်းကြောင့် အရေပြားရောင်ခြယ်တွေ မရှိကာ အဖြူရောင် သက်သက် ဖြစ်နေတာပါ ။ ဇီ၀ ထွန်းခြင်းဆိုတာ နှစ်တစ်ထောင်မှာ တစ်ခါ ဖြစ်ချင်မှ ဖြစ်မှာပါ ။
တစ်ခါတစ်လေ ဆိုရင် နှစ်သန်းနဲ့ ချီပြီး ကြာနိုင်ပါတယ် ။ ဇီဝတစ်ခါ ထွန်းရင် မျိုးစိတ်သစ် တစ်ခု ပေါ်ပေါက်လာခဲ့ဲပြီး ထူးခြားတဲ့ ခံနိုင်ရည် တစ်မျိုးကို တွေ့ရ တတ်ပါတယ် ။ အဲ့ဒိ အဖြူရောင် သစ်ကုလားအုပ်ကို ၂၀၁၇ ကမှ စတင် ခြေရာခံ နိုင်ခဲ့ပါတယ် ။ အဲ့ဒိပုံကို အင်တာနက်ပေါ် တင်တုန်းကလည်း ပုံတွေ ပလူပျံ ခဲ့ပါသေးတယ် ။ လူသားတွေရဲ့ မြို့ပြ ဖွံ့ဖြိုးမှုက တိရစ္ဆာန် တွေကို သူတို့ စားကျက် ကနေ မောင်းထုတ်နေတဲ့ အပြင် ဂေဟ စနစ်တစ်ခုကို ပျက်စီးစေဖို့ လမ်းစ ဖြစ်ခဲ့ပါတယ် ။
မောင်ယဿ
REF: world of buzz / Photo; daily mail
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …