ရင္သားေဖာ္ ေၾကာ္ညာေတြကို ေၾကာ္ညာခြင့္ ဖ်က္သိမ္းရန္ တိုက္တြန္း

ရင္သားေဖာ္ ေၾကာ္ညာေတြကို ေၾကာ္ညာခြင့္ ဖ်က္သိမ္းရန္ တိုက္တြန္း
International-news

ရင္သားေဖာ္ ေၾကာ္ညာေတြကို ေၾကာ္ညာခြင့္ ဖ်က္သိမ္းရန္ တိုက္တြန္း

အဂၤလန္ ေၾကာ္ညာစံႏႈန္း ထိန္းသိမ္းေရး အာဏါပိုင္အဖြဲ႕က လက္ရွိ နဲ႔ ေနာက္ပိုင္းတြင္ ေမာ္ဒယ္မ်ား ရင္သားတစ္ျခမ္းေဖာ္၍ ေၾကာ္ညာ ျခင္းအား ပိတ္သိမ္း တားျမစ္ေတာ့မယ္လို႔ ဆိုပါတယ္။

ေၾကာ္ညာ အာဏါပိုင္အဖြဲ႕လို႔ ဆိုေပမဲ့ ဥပေဒကို အေကာင္အထည္ ေဖာ္ရတဲ့ အစိုးရအဖြဲ႕ထဲမွာ မပါေပမဲ့ သူတို႔က အဂၤလန္မွာ ၾသဇာႀကီးတဲ့ အဖြဲ႕ ျဖစ္ၿပီး သူတို႔ ထုတ္ျပန္ ေၾကညာခ်က္မ်ားကို ဥပေဒျပဳ အဖြဲ႕မ်ားက တေလးတစား လိုက္နာၾကပါတယ္။

ေမာ္ဒယ္ေတြက ရင္သားကို အေပၚဖက္အျခမ္းေဖာ္၍ ေၾကာ္ညာျခင္း ေဘးဘက္အျခမ္းကို ေဖာ္၍ ေၾကညာျခင္းမ်ားက အမ်ိဳးသမီးမ်ားရဲ႕ ဂုဏ္ရည္ကို က်ဆင္းေစတဲ့ အတြက္ေၾကာင့္ ျဖစ္တဲ့အျပင္ လိင္စိတ္အားေပးရာ ေရာက္တဲ့အတြက္ ပိတ္ပင္ တားဆီး သင့္တယ္လို႔ ဆိုပါတယ္။

ေၾကာ္ညာေမာ္ဒယ္ေတြက အေပၚကုတ္ကို ဝတ္ၿပီး ေအာက္မွာ ဘာအခံမွ မရွိဘဲ ရင္သား ေဘးဘက္ျခမ္းကို ေဖာ္ကာ ေဘာင္းဘီနဲ႔ ေဒါက္ဖိနပ္စီးၿပီး ျပေလ့ရွိပါတယ္။

အဲ့လို နံရံကပ္ပုံေတြ ကို မီးရထား ဘူတာ႐ုံေတြ ကားမွတ္တိုင္ေတြ မွာ အမ်ားျပည္သူနဲ႔ ဆိုင္တဲ့ ေနရာေတြမွာ ကပ္ထားတာက လိင္အသားေပးသလို ျဖစ္ေနပါတယ္။

အဲ့ဒိအဖြဲ႕က အမ်ိဳးသမီးေတြက လိင္လႈံ႕ေဆာ္ေရးပစၥည္း မဟုတ္ဘူး ဆိုတာကိုလည္း အသိပညာေပးတဲ့ အေနနဲ႔ ကန႔္ကြက္တာျဖစ္ပါတယ္။

အဖြဲ႕ေျပာခြင့္ရ ပုဂၢိဳလ္က “ အမ်ိဳးသမီးေတြ လိင္အသုံးခ်ခံ ပစၥည္းလို ျဖစ္ေနတယ္။ ရင္သားတစ္ဝိုက္ နဲ႔ ခ်က္နားတစ္ဝိုက္ ကို မလုံမၿခဳံ ဝတ္ျပရမယ္ဆိုတဲ့ အေတြးက သက္သက္ လိင္ကိစၥကို လႈံ႕ေဆာ္ေနသလို ျဖစ္ေနတယ္။

အမ်ားျပည္သူနဲ႔ ဆိုင္တဲ့ ေနရာေတြမွာ ကေလးသူငယ္ေတြ ရွိတဲ့ေနရာေတြ မွာ ဒါေတြက မရွိသင့္ပါဘူးလို႔ က်ေနာ္တို႔က သုံးသပ္ထားပါတယ္”လို႔ ဆိုတယ္။

အဲ့ဒိ ေၾကညာခ်က္ကို ထုတ္ျပန္ၿပီးေနာက္မွာေတာ့ ေဝဖန္မႈေတြ နဲ႔ ျပစ္တင္ ေျပာဆိုမႈေတြရွိ လာခဲ့ပါတယ္။ ဒါေပမဲ့ အဲ့ဒိအဖြဲ႕ကေတာ့ မသင့္ေတာ္တဲ့အတြက္ ဘယ္လို ေဝဖန္မႈေတြကို မဆို ရင္ဆိုင္ေျဖရွင္း သြားမယ္လို႔ ဆိုပါတယ္။

“ခင္ဗ်ားတို႔ စဥ္းစားၾကည့္ဗ်ာ။ မီးရထားဘူတာ႐ုံ မွာ ကပ္ထားတဲ့ ေၾကာ္ညာတစ္ခုကိုပဲၾကည့္ ၾကည့္ပါဦး။ ေမာ္ဒယ္အမ်ိဳးသမီးက ေခါင္းကို နည္းနည္းေမာ့ထားတယ္။

ႏႈတ္ခမ္းကလည္း မဟ တဟေလး၊ လက္ ၂ဖက္ကို ေထာက္ၿပီး တင္ပါးကို ေကာ့ထားတဲ့ ဟန္က လိင္ဆက္ဆံဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ အႀကံျပဳတဲ့ ဟန္မ်ိဳး ဓာတ္ပုံ႐ိုက္ထားတယ္။

အမ်ိဳးသမီးေတြကို လိင္ဆက္ဆံဖို႔ အႀကံျပဳတဲ့ ဟန္မ်ိဳးနဲ႔ ပုံေတြကို က်ေနာ္တို႔ ကန႔္ကြက္ပါတယ္” လို႔လည္း သူကဆိုပါတယ္။ အဲ့ဒိလိုဟန္ေတြနဲ႔ ပုံေတြက မီးရထား ဘူတိုင္႐ုံ တိုင္းလိုလိုမွာ ေတြ႕ေနရပါတယ္။

ေမာင္ယႆ
REF: the mirror uk
Photo; campiagn

Unicode

ရင်သားဖော် ကြော်ညာတွေကို ကြော်ညာခွင့် ဖျက်သိမ်းရန် တိုက်တွန်း

အင်္ဂလန် ကြော်ညာစံနှုန်း ထိန်းသိမ်းရေး အာဏါပိုင်အဖွဲ့က လက်ရှိ နဲ့ နောက်ပိုင်းတွင် မော်ဒယ်များ ရင်သားတစ်ခြမ်းဖော်၍ ကြော်ညာ ခြင်းအား ပိတ်သိမ်း တားမြစ်တော့မယ်လို့ ဆိုပါတယ်။

ကြော်ညာ အာဏါပိုင်အဖွဲ့လို့ ဆိုပေမဲ့ ဥပဒေကို အကောင်အထည် ဖော်ရတဲ့ အစိုးရအဖွဲ့ထဲမှာ မပါပေမဲ့ သူတို့က အင်္ဂလန်မှာ သြဇာကြီးတဲ့ အဖွဲ့ ဖြစ်ပြီး သူတို့ ထုတ်ပြန် ကြေညာချက်များကို ဥပဒေပြု အဖွဲ့များက တလေးတစား လိုက်နာကြပါတယ်။

မော်ဒယ်တွေက ရင်သားကို အပေါ်ဖက်အခြမ်းဖော်၍ ကြော်ညာခြင်း ဘေးဘက်အခြမ်းကို ဖော်၍ ကြေညာခြင်းများက အမျိုးသမီးများရဲ့ ဂုဏ်ရည်ကို ကျဆင်းစေတဲ့ အတွက်ကြောင့် ဖြစ်တဲ့အပြင် လိင်စိတ်အားပေးရာ ရောက်တဲ့အတွက် ပိတ်ပင် တားဆီး သင့်တယ်လို့ ဆိုပါတယ်။

ကြော်ညာမော်ဒယ်တွေက အပေါ်ကုတ်ကို ဝတ်ပြီး အောက်မှာ ဘာအခံမှ မရှိဘဲ ရင်သား ဘေးဘက်ခြမ်းကို ဖော်ကာ ဘောင်းဘီနဲ့ ဒေါက်ဖိနပ်စီးပြီး ပြလေ့ရှိပါတယ်။

အဲ့လို နံရံကပ်ပုံတွေ ကို မီးရထား ဘူတာရုံတွေ ကားမှတ်တိုင်တွေ မှာ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ကပ်ထားတာက လိင်အသားပေးသလို ဖြစ်နေပါတယ်။

အဲ့ဒိအဖွဲ့က အမျိုးသမီးတွေက လိင်လှုံ့ဆော်ရေးပစ္စည်း မဟုတ်ဘူး ဆိုတာကိုလည်း အသိပညာပေးတဲ့ အနေနဲ့ ကန့်ကွက်တာဖြစ်ပါတယ်။

အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က “ အမျိုးသမီးတွေ လိင်အသုံးချခံ ပစ္စည်းလို ဖြစ်နေတယ်။ ရင်သားတစ်ဝိုက် နဲ့ ချက်နားတစ်ဝိုက် ကို မလုံမခြုံ ဝတ်ပြရမယ်ဆိုတဲ့ အတွေးက သက်သက် လိင်ကိစ္စကို လှုံ့ဆော်နေသလို ဖြစ်နေတယ်။

အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ကလေးသူငယ်တွေ ရှိတဲ့နေရာတွေ မှာ ဒါတွေက မရှိသင့်ပါဘူးလို့ ကျနော်တို့က သုံးသပ်ထားပါတယ်”လို့ ဆိုတယ်။

အဲ့ဒိ ကြေညာချက်ကို ထုတ်ပြန်ပြီးနောက်မှာတော့ ဝေဖန်မှုတွေ နဲ့ ပြစ်တင် ပြောဆိုမှုတွေရှိ လာခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒိအဖွဲ့ကတော့ မသင့်တော်တဲ့အတွက် ဘယ်လို ဝေဖန်မှုတွေကို မဆို ရင်ဆိုင်ဖြေရှင်း သွားမယ်လို့ ဆိုပါတယ်။

“ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ။ မီးရထားဘူတာရုံ မှာ ကပ်ထားတဲ့ ကြော်ညာတစ်ခုကိုပဲကြည့် ကြည့်ပါဦး။ မော်ဒယ်အမျိုးသမီးက ခေါင်းကို နည်းနည်းမော့ထားတယ်။

နှုတ်ခမ်းကလည်း မဟ တဟလေး၊ လက် ၂ဖက်ကို ထောက်ပြီး တင်ပါးကို ကော့ထားတဲ့ ဟန်က လိင်ဆက်ဆံဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ အကြံပြုတဲ့ ဟန်မျိုး ဓာတ်ပုံရိုက်ထားတယ်။

အမျိုးသမီးတွေကို လိင်ဆက်ဆံဖို့ အကြံပြုတဲ့ ဟန်မျိုးနဲ့ ပုံတွေကို ကျနော်တို့ ကန့်ကွက်ပါတယ်” လို့လည်း သူကဆိုပါတယ်။ အဲ့ဒိလိုဟန်တွေနဲ့ ပုံတွေက မီးရထား ဘူတိုင်ရုံ တိုင်းလိုလိုမှာ တွေ့နေရပါတယ်။

မောင်ယဿ
REF: the mirror uk
Photo; campiagn

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဆိုက္ေဘးရီးယားမွာ ဒီဇယ္ တန္၂၀၀၀၀ ယိုစိမ့္မႈ ျဖစ္လို႔ ႐ုရွားမွာ အေရးေပၚ အေျခအေနေၾကညာ
International-news
ဆိုက္ေဘးရီးယားမွာ ဒီဇယ္ တန္၂၀၀၀၀ ယိုစိမ့္မႈ ျဖစ္လို႔ ႐ုရွားမွာ အေရးေပၚ အေျခအေနေၾကညာ

ဆိုက္ေဘးရီးယားမွာ ဒီဇယ္ တန္၂၀၀၀၀ ယိုစိမ့္မႈ ျဖစ္လို႔ ႐ုရွားမွာ အေရးေပၚ အေျခအေနေၾကညာ ႐ုရွားသမၼတ ဗလာဒီမာပူတင္က ဆိုက္ေဘးရီးယားမွ ာရွိတဲ့ လွ်ပ္စစ္ဓာတ္အားေပး စက္႐ုံရဲ႕ ေလာင္စာကန္ ကေန ဒီဇယ္ဆီ ခန႔္မွန္းေခ် တန္၂ ေသာင္းေလာက္ ယိုစိမ့္မႈ ျဖစ္ခဲ့လို႔ တိုင္းျပည္အေရးေပၚ အေျခအေန အျဖစ္ ေၾကညာ ခဲ့ပါတယ္ ။ ဒီဇယ္ကြက္ႀကီးက ၿပီးခဲ့တဲ့ ေသာၾကာေန႔ကတည္းက အနီးအနားက ျမစ္ေခ်ာင္းေတြထဲကို စီးဆင္း သြားခဲ့တယ္ ။ ေလာင္စာဆီ ေပါက္က်မႈ က ေမာ္စကိုၿမိဳ႕မွ မိုင္ ၁၈၀၀ ေဝးတဲ့ ေနာ္အစ္ ၿမိဳ႕စြန္မွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ျဖစ္ပြား ခဲ့တာပါ ။ …

႐ူေမးနီးယား ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းက ေဘာလုံးကလပ္ကိုဝယ္ယူ
International-news
႐ူေမးနီးယား ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းက ေဘာလုံးကလပ္ကိုဝယ္ယူ

႐ူေမးနီးယား ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းက ေဘာလုံးကလပ္ကိုဝယ္ယူ မၾကာေသးခင္က ႐ူေမးနီးယားေဘာလုံးေလာကမွာ အေအာင္ျမင္ဆုံးေအးဂ်င့္ ျဖစ္လာတဲ့ ပေလးဘြိဳင္း ေမာ္ဒယ္ ေဟာင္းက အေႂကြးေတြဝိုင္းေနတဲ့ ႐ူေမးနီးယားထိပ္တန္းေဘာလုံး ကလပ္တစ္ခု ဟာမန္စ္တက္ ေဘာလုံး ကလပ္ကို ဝယ္ယူႏိုင္ခဲ့ပါတယ္။ အန္နာမာရီယာပ႐ိုဒန္ရက္ဂရီကမ့္(၄၇ႏွစ္) က ဆီဘူးၿမိဳ႕ အေျခစိုက္ ေဘာလုံးအသင္းကို ေအာင္ျမင္စြာ ဝယ္ယူၿပီးေနာက္ မွာေတာ့ ဟာမန္စ္တက္က က်မနဲ႔ အတူ ဘဝအသစ္တစ္ခုကို ဖန္တီးႏိုင္ေတာ့မွာ ပါလို႔ဆိုတယ္။ ေငြေၾကးဆိုင္ရာကိစၥကိုေတာ့ထုတ္ျပန္ျခင္းေတာ့ မရွိပါ။ ႐ိုေမးနီးယား မီဒီယာေတြကေတာ့ ၂၀၁၅ ခုႏွစ္မွာ တည္ေထာင္ထားတဲ့ အဲ့ဒိကလပ္က ၂၀၁၈မွာ အဆင့္ျမင္တန္းမွာစကန္ႏိုင္ခဲ့ေပမဲ့ ခန႔္မွန္းေျခ အေႂကြး ကန္ေဒၚလာ၁သန္းေလာက္ရွိမယ္လို႔ သုံးသပ္ၾကပါ တယ္။ ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းက ႐ူေမးနီးယားကေန အန္ဒါလက္ခ်္ အသင္းကိုကန္ေဒၚလာ …

မာယာမ်ားတဲ့ နယူးေယာက္ခ္ရဲေတြေၾကာင့္ တြစ္တာေပၚမွာ ရန္ေတြျဖစ္ကုန္
International-news
မာယာမ်ားတဲ့ နယူးေယာက္ခ္ရဲေတြေၾကာင့္ တြစ္တာေပၚမွာ ရန္ေတြျဖစ္ကုန္

မာယာမ်ားတဲ့ နယူးေယာက္ခ္ရဲေတြေၾကာင့္ တြစ္တာေပၚမွာ ရန္ေတြျဖစ္ကုန္ ဆႏၵျပ မႈမ်ားကို မနိမ္ႏွင္းခင္မွာ နယူးေယာက္ခ္ ရဲေတြက ဆႏၵျပသူ ေတြနဲ႔ တစ္သားထဲ ရွိေၾကာင္း ဆႏၵျပသူ ေတြရဲ႕ ေရွ႕မွာ ရဲအခ်ိဳ႕က ဒူးေထာက္ၿပီး ေနျပတဲ့ပုံေတြရယ္ ဆႏၵျပသူေတြကို အၾကမ္း ဖက္ေန တဲ့ပုံေတြက လိုင္းေပၚမွာ ပလူပ်ံလာေတာ့ ရဲေတြက ၿငိမ္းခ်မ္းေရးကို အလိုရွိတယ္ ။ ရဲေတြက အၾကမ္းဖက္တယ္ ဆိုတဲ့ သေဘာထားေတြ ကြဲလြဲမႈ ျဖစ္လာပါတယ္ ။ တစ္ဘက္နဲ႔ တစ္ဘက္ မင္းတို႔ ပုံေတြက သက္သက္ ဝါဒျဖန႔္ တာဆိုၿပီး အျငင္းပြားမႈ ေတြျဖစ္ကာ စကားလုံးေတြနဲ႔ ရန္ျဖစ္ ကုန္ၾကပါတယ္ ။ ပုံမွာပါတာက …