ရင္နာစရာေခြးကေလးရဲ႕ ေပ်ာ္စရာဇာတ္သိမ္း
- By : Phoe Linn
- Category : International-news
- Tags: international news

ရင္နာစရာေခြးကေလးရဲ႕ ေပ်ာ္စရာဇာတ္သိမ္း
“က်ေနာ့္နာမည္ အန္ဒေရးပါ။ က်ေနာ္က ၁၂ ႏွစ္ရွိပါၿပီ။ က်ေနာ့္အေမနဲ႔ က်ေနာ္က သူ႔ကို ခင္ဗ်ားတို႔ဆီကို ပို႔ဖို႔အတြက္ ခက္ခက္ခဲခဲ ဆုံးျဖတ္ခဲ့ရပါတယ္။ အခုလည္း အေဖ အလုပ္သြားတုန္း အိမ္ျပန္မေရာက္ခင္မွာ က်ေနာ္တို႔ခိုး ထြက္လာၿပီး ခင္ဗ်ားတို႔ ေဂဟာေရွ႕မွာ လာထားရတာပါ။ အဲ့လိုမွ မလုပ္ရင္ အေဖက ေကာင္ေလးကို ေရာင္းစားပစ္မယ္လို႔ ဆိုေနလို႔ပါခင္ဗ်ာ။
က်ေနာ့္အေဖက ေကာင္ေလးကို အၿမဲလို ညႇင္းပန္းႏွိပ္စက္ ေနပါတယ္ခင္ဗ်ာ။ ေတြ႕တာနဲ႔ ေအာ္ေငါက္ဆဲဆိုၿပီး ကန္ေက်ာက္႐ိုက္ႏွက္ ေတာ့တာပါပဲခင္ဗ်ာ။ တစ္ခါဆိုရင္ အေဖက ေကာင္ေလးကို ကန္လိုက္တာ အေဝးကိုလြင့္ၿပီး နံရံနဲ႔ တိုက္မိကာ အၿမီးေလးေကာက္သြားပါတယ္။
ခင္ဗ်ားတို႔ သူ႔ကို ဂ႐ုစိုက္ၿပီး အကူအညီေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒီအဖိုးတန္အ႐ုပ္ကေလးက က်ေနာ္တို႔ကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး။” အဲ့ဒိ စာကေလးရယ္ ေခြးေလးတစ္ေကာင္ရယ္ စကၠဴဗူးတစ္ဗူးရယ္က မကၠဆီကိုက တိရစာၦန္ေဂဟာတစ္ခုေရွ႕ကို ေန႔လည္ပိုင္း ထမင္းစာခ်ိန္ၿပီးေတာ့ ေရာက္ႏွင့္ေနပါတယ္။
ဝန္ထမ္းေတြ ေန႔လည္စာစာၿပီးလို႔ ေဂဟာေရွ႕မွာ ေခြးအီသံၾကားလို႔ ထြက္ၾကည့္တာ အဲ့ဒိဗူးကိုေတြ႕လိုက္ရတာပါပဲ။ ဗူးကို ဖြင့္ၾကည့္လိုက္ေတာ့ သနားစရာ ေခြးေလးတစ္ေကာင္နဲ႔ ေၾကကြဲ စရာ လူငယ္ေလးတစ္ေယာက္ရဲ႕ ခံစားခ်က္စာကို ဖတ္လိုက္ရပါတယ္။ ေခြးေလးကို သူ႔အေဖ႐ိုက္တာ ၾကည့္ၿပီး စိတ္မေကာင္း ျဖစ္ေနခဲ့ရတဲ့ လူငယ္ေလးတစ္ေယာက္ရဲ႕ ခံစားခ်က္ကို အားလုံးစိတ္မေကာင္း ျဖစ္ခဲ့ရတယ္။
အဲ့ဒိအေၾကာင္းကို ေဂဟာက သူတို႔ရဲ႕ေဖ့စ္ဘုတ္မွာ တင္လိုက္ပါတယ္။ ဘိုးရက္ပန္ဒါ တိရစာၦန္ေဂဟာက သူတို႔ဆီကို ေရာက္လာတဲ့ ေခြးေလးအေၾကာင္း လိုင္းေပၚတင္လိုက္ပါတယ္။ သူတို႔က ေခြးကေလးရဲ႕ သနားစရာ အျဖစ္ထက္ ေကာင္ေလးနဲ႔ သူ႔အေမရဲ႕ မခံခ်ိမခံသာျဖစ္ရပ္ကို ေရးတင္လိုက္ေတာ့ အားလုံးက သနားၿပီး ေခြးေလးကို ေမြးစားမယ္ဆိုၿပီး စာပို႔ ထားတာ ၃၀၀ေက်ာ္သြားပါတယ္။
“က်ေနာ္တို႔ ေခြးေလးကို ေဆးခန္းသြားျပ ၿပီးပါၿပီ။ အၿမီးက်ိဳးသြားတာကိုလည္း ကုသေနပါတယ္။ ၿပီးေတာ့ ဘတ္တီးရီးယားေတြနဲ႔ ကပ္ပါးေတြ မရွိေအာင္ ပိုးသတ္ ထားၿပီးပါၿပီ။ က်ေနာ္တို႔အတြက္ ကုန္က်စာရိတ္ေတြ မ်ားေပမဲ့ အခုေတာ့ ေကာင္ေလးက က်န္မာေနပါၿပီ။
သူ႔ကို ရီနီလို႔ နာမည္ေပးထားပါတယ္” လို႔ ေဂဟာက ေရွာလင္းက ဆိုပါတယ္။ အခုေတာ့ ဝဋ္ေႂကြးပါလာတဲ့ ေခြးေလးရဲ႕ ဝဋ္ေႂကြးေတြ အဆုံးသက္သြားပါၿပီ။ သခင္သစ္နဲ႔ သူ႔ရဲ႕ လက္က်န္ဘဝေလး ေပ်ာ္ေနေတာ့မွာပါ။
ေမာင္ယႆ REF: world of buzz
Photo; xollin facebook
Unicode
ရင်နာစရာခွေးကလေးရဲ့ ပျော်စရာဇာတ်သိမ်း
“ကျနော့်နာမည် အန်ဒရေးပါ။ ကျနော်က ၁၂ နှစ်ရှိပါပြီ။ ကျနော့်အမေနဲ့ ကျနော်က သူ့ကို ခင်ဗျားတို့ဆီကို ပို့ဖို့အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ်။ အခုလည်း အဖေ အလုပ်သွားတုန်း အိမ်ပြန်မရောက်ခင်မှာ ကျနော်တို့ခိုး ထွက်လာပြီး ခင်ဗျားတို့ ဂေဟာရှေ့မှာ လာထားရတာပါ။ အဲ့လိုမှ မလုပ်ရင် အဖေက ကောင်လေးကို ရောင်းစားပစ်မယ်လို့ ဆိုနေလို့ပါခင်ဗျာ။
ကျနော့်အဖေက ကောင်လေးကို အမြဲလို ညှင်းပန်းနှိပ်စက် နေပါတယ်ခင်ဗျာ။ တွေ့တာနဲ့ အော်ငေါက်ဆဲဆိုပြီး ကန်ကျောက်ရိုက်နှက် တော့တာပါပဲခင်ဗျာ။ တစ်ခါဆိုရင် အဖေက ကောင်လေးကို ကန်လိုက်တာ အဝေးကိုလွင့်ပြီး နံရံနဲ့ တိုက်မိကာ အမြီးလေးကောက်သွားပါတယ်။
ခင်ဗျားတို့ သူ့ကို ဂရုစိုက်ပြီး အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအဖိုးတန်အရုပ်ကလေးက ကျနော်တို့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။” အဲ့ဒိ စာကလေးရယ် ခွေးလေးတစ်ကောင်ရယ် စက္ကူဗူးတစ်ဗူးရယ်က မက္ကဆီကိုက တိရစ္ဆာန်ဂေဟာတစ်ခုရှေ့ကို နေ့လည်ပိုင်း ထမင်းစာချိန်ပြီးတော့ ရောက်နှင့်နေပါတယ်။
ဝန်ထမ်းတွေ နေ့လည်စာစာပြီးလို့ ဂေဟာရှေ့မှာ ခွေးအီသံကြားလို့ ထွက်ကြည့်တာ အဲ့ဒိဗူးကိုတွေ့လိုက်ရတာပါပဲ။ ဗူးကို ဖွင့်ကြည့်လိုက်တော့ သနားစရာ ခွေးလေးတစ်ကောင်နဲ့ ကြေကွဲ စရာ လူငယ်လေးတစ်ယောက်ရဲ့ ခံစားချက်စာကို ဖတ်လိုက်ရပါတယ်။ ခွေးလေးကို သူ့အဖေရိုက်တာ ကြည့်ပြီး စိတ်မကောင်း ဖြစ်နေခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ခံစားချက်ကို အားလုံးစိတ်မကောင်း ဖြစ်ခဲ့ရတယ်။
အဲ့ဒိအကြောင်းကို ဂေဟာက သူတို့ရဲ့ဖေ့စ်ဘုတ်မှာ တင်လိုက်ပါတယ်။ ဘိုးရက်ပန်ဒါ တိရစ္ဆာန်ဂေဟာက သူတို့ဆီကို ရောက်လာတဲ့ ခွေးလေးအကြောင်း လိုင်းပေါ်တင်လိုက်ပါတယ်။ သူတို့က ခွေးကလေးရဲ့ သနားစရာ အဖြစ်ထက် ကောင်လေးနဲ့ သူ့အမေရဲ့ မခံချိမခံသာဖြစ်ရပ်ကို ရေးတင်လိုက်တော့ အားလုံးက သနားပြီး ခွေးလေးကို မွေးစားမယ်ဆိုပြီး စာပို့ ထားတာ ၃၀၀ကျော်သွားပါတယ်။
“ကျနော်တို့ ခွေးလေးကို ဆေးခန်းသွားပြ ပြီးပါပြီ။ အမြီးကျိုးသွားတာကိုလည်း ကုသနေပါတယ်။ ပြီးတော့ ဘတ်တီးရီးယားတွေနဲ့ ကပ်ပါးတွေ မရှိအောင် ပိုးသတ် ထားပြီးပါပြီ။ ကျနော်တို့အတွက် ကုန်ကျစာရိတ်တွေ များပေမဲ့ အခုတော့ ကောင်လေးက ကျန်မာနေပါပြီ။
သူ့ကို ရီနီလို့ နာမည်ပေးထားပါတယ်” လို့ ဂေဟာက ရှောလင်းက ဆိုပါတယ်။ အခုတော့ ဝဋ်ကြွေးပါလာတဲ့ ခွေးလေးရဲ့ ဝဋ်ကြွေးတွေ အဆုံးသက်သွားပါပြီ။ သခင်သစ်နဲ့ သူ့ရဲ့ လက်ကျန်ဘဝလေး ပျော်နေတော့မှာပါ။
မောင်ယဿ REF: world of buzz
Photo; xollin facebook
No Comments