ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ
Life Style

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

အသက်၇၀ ကျော်ပြီ ဆိုရင် ကမ္ဘာ အနှံ့မှာ ရှိတဲ့ သူတွေက သူတို့ကိုယ် သူတို့ အိုသွားပြီဆိုတဲ့ အတွေး နဲ့ အရာရာ လေကန်ထိုင်းမှိုင်းပြီး နာကျင်လာတယ်လို့ ခံစားနေကြပါတယ်။ အညောင်အညာတွေ ရှိပြီးတော့ အနှိပ် အနင်း မလွတ်တော့ဘူးလို့ ထင်မြင်လာကြတယ်။

ဇရာနောက်က လိုက်လာတဲ့ နာကျင်မှုကို ခံစားနေကြ ရပါတယ်။ အများစုက ကျောနဲ့ ခါး နာလာတယ်။ ဒူးမကောင်းတော့ဘူးနဲ့ အချို့ဆိုရင် တင်ပါးစုံရိုး ကျိုးတဲ့အထိ ဖြစ်ကြပါတယ်။ အသားအရေတွေ တွဲကျလာတာကိုလည်း စိတ်မသက်မသာ ခံစားနေ ကြရပါတယ်။

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ1

ဒါပေမဲ့ တရုတ်နိုင်ငံ ဟန်ကျိုးက ၇၀ကျော် အဖိုးကြီးတစ်စုကတော့ လေ့ကျင့်ခန်းနဲ့ အစာ အာဟာရကို ချိန်တွယ်ပြီး နေထိုင်ရင် ဘယ်အသက်အရွယ်မဆို ကျန်းမာ ဖျတ်လတ်အောင် နေလို့ရတယ်လို့ ပြခဲ့ပါတယ်။

ပုံမှာမြင်ရတဲ့ အဖိုးကြီးတစ်စုက သူတို့ရဲ့ သန်မာမှုကို ပြဖို့အတွက် ချိုင်းနား ဒေးလီးရဲ့ ဖေ့စ်ဘုတ်မှာ သူတို့ လေ့ကျင့်ခန်း လုပ်ပုံတွေကို တင်ခဲ့ပါတယ်။ သူတို့က မနက်တိုင်း ပန်းခြံထဲက လေ့ကျင့်ခန်း လုပ်တဲ့ နေရာကို လာပြီး လေ့ကျင့် ကြပါတယ်။ သူတို့က လေ့ကျင့်ခန်း အမျိုးမျိုး ကို လုပ်ပြ ကြပါတယ်။

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ2

အဲ့လို လုပ်ပြတာကို ကြည့်ပြီး အသက် ၇၀ ကျော်တွေမှ ဟုတ်ရဲ့လားတောင် သံသယ ဖြစ်မိရပါတယ်။ သူတို့အုပ်စုက သူတို့ရဲ့ ကျန်းမာရေးနဲ့ ခန္တာကိုယ်ကို အိုမင်း မစွမ်းဖြစ်မှုမှ တတ်နိုင်သလောက် ကာကွယ်ကြတာပါလို့ ဆိုတယ်။ တကယ်ကို ချီးကျူးရမယ့် အဖိုကြီး အုပ်စုပါ။

သူတို့အုပ်စုမှာ အသက် ၇၀ ကနေ ၈၀ အတွင်း လူတွေ စုထားတာပါ။ အချို့ဆိုရင် ကြွက်သားတွေ အထစ်ထစ်နဲ့ ရှိတုန်းပါပဲ။ လေ့ကျင့်ခန်းကို မှန်မှန်လုပ် ၊ စိတ် ပူပင်စရာတွေကို လျှော့ထား၊ အစားအသောက်ကို သင့်တင့် မျှတအောင် စားရင် အငြိမ်းစားယူတဲ့ ကာလမှာလည်း ဖျတ်လတ် နိုးကြားအောင် နေလို့ရပါတယ်လို့ သူတို့က နမူနာ ပြနေပါတယ်။

“အသက်အရွယ် ရလာရင် သူများကို ဂရုစိုက်ဖို့ထက် ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်က ကျန်းမာအောင် နေခြင်းက မိသားစုကို ဝန်ထုတ် ဝန်ပိုးလျှော့ကျ သွားစေပါတယ်။

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ3

ကိုယ့်ကို ဂရုလိုက် စိုက်နေရရင် ကိုယ့် သားသမီးနဲ့ မြေးမြစ်တွေကို စိတ်အနှောက်အယှက် ပေးရာ ကျပါတယ်” လို့ အသက် ၇၈ နှစ်အရွယ် အဖိုးအိုတစ်ဦးက ဆိုပါတယ်။

မောင်ယဿ, REF: world of buzz, Photo; china daily

Zawgyi

ယုံရက္စရာမရွိ တဲ့ ၇၀ ေက်ာ္ႀကီးေတြက သူတို႔ရဲ႕သန္မာမႈကိုျပ

အသက္၇၀ ေက်ာ္ၿပီ ဆိုရင္ ကမာၻ အႏွံ႔မွာ ရွိတဲ့ သူေတြက သူတို႔ကိုယ္ သူတို႔ အိုသြားၿပီဆိုတဲ့ အေတြး နဲ႔ အရာရာ ေလကန္ထိုင္းမႈိင္းၿပီး နာက်င္လာတယ္လို႔ ခံစားေနၾကပါတယ္။ အေညာင္အညာေတြ ရွိၿပီးေတာ့ အႏွိပ္ အနင္း မလြတ္ေတာ့ဘူးလို႔ ထင္ျမင္လာၾကတယ္။

ဇရာေနာက္က လိုက္လာတဲ့ နာက်င္မႈကို ခံစားေနၾက ရပါတယ္။ အမ်ားစုက ေက်ာနဲ႔ ခါး နာလာတယ္။ ဒူးမေကာင္းေတာ့ဘူးနဲ႔ အခ်ိဳ႕ဆိုရင္ တင္ပါးစုံ႐ိုး က်ိဳးတဲ့အထိ ျဖစ္ၾကပါတယ္။ အသားအေရေတြ တြဲက်လာတာကိုလည္း စိတ္မသက္မသာ ခံစားေန ၾကရပါတယ္။

ဒါေပမဲ့ တ႐ုတ္ႏိုင္ငံ ဟန္က်ိဳးက ၇၀ေက်ာ္ အဖိုးႀကီးတစ္စုကေတာ့ ေလ့က်င့္ခန္းနဲ႔ အစာ အာဟာရကို ခ်ိန္တြယ္ၿပီး ေနထိုင္ရင္ ဘယ္အသက္အ႐ြယ္မဆို က်န္းမာ ဖ်တ္လတ္ေအာင္ ေနလို႔ရတယ္လို႔ ျပခဲ့ပါတယ္။

ပုံမွာျမင္ရတဲ့ အဖိုးႀကီးတစ္စုက သူတို႔ရဲ႕ သန္မာမႈကို ျပဖို႔အတြက္ ခ်ိဳင္းနား ေဒးလီးရဲ႕ ေဖ့စ္ဘုတ္မွာ သူတို႔ ေလ့က်င့္ခန္း လုပ္ပုံေတြကို တင္ခဲ့ပါတယ္။ သူတို႔က မနက္တိုင္း ပန္းၿခံထဲက ေလ့က်င့္ခန္း လုပ္တဲ့ ေနရာကို လာၿပီး ေလ့က်င့္ ၾကပါတယ္။ သူတို႔က ေလ့က်င့္ခန္း အမ်ိဳးမ်ိဳး ကို လုပ္ျပ ၾကပါတယ္။

အဲ့လို လုပ္ျပတာကို ၾကည့္ၿပီး အသက္ ၇၀ ေက်ာ္ေတြမွ ဟုတ္ရဲ႕လားေတာင္ သံသယ ျဖစ္မိရပါတယ္။ သူတို႔အုပ္စုက သူတို႔ရဲ႕ က်န္းမာေရးနဲ႔ ခႏၲာကိုယ္ကို အိုမင္း မစြမ္းျဖစ္မႈမွ တတ္ႏိုင္သေလာက္ ကာကြယ္ၾကတာပါလို႔ ဆိုတယ္။ တကယ္ကို ခ်ီးက်ဴးရမယ့္ အဖိုႀကီး အုပ္စုပါ။

သူတို႔အုပ္စုမွာ အသက္ ၇၀ ကေန ၈၀ အတြင္း လူေတြ စုထားတာပါ။ အခ်ိဳ႕ဆိုရင္ ႂကြက္သားေတြ အထစ္ထစ္နဲ႔ ရွိတုန္းပါပဲ။ ေလ့က်င့္ခန္းကို မွန္မွန္လုပ္ ၊ စိတ္ ပူပင္စရာေတြကို ေလွ်ာ့ထား၊ အစားအေသာက္ကို သင့္တင့္ မွ်တေအာင္ စားရင္ အၿငိမ္းစားယူတဲ့ ကာလမွာလည္း ဖ်တ္လတ္ ႏိုးၾကားေအာင္ ေနလို႔ရပါတယ္လို႔ သူတို႔က နမူနာ ျပေနပါတယ္။

“အသက္အ႐ြယ္ ရလာရင္ သူမ်ားကို ဂ႐ုစိုက္ဖို႔ထက္ ကိုယ့္ကိုယ္ကို ပိုၿပီး ဂ႐ုစိုက္ဖို႔ လိုပါတယ္။ ကိုယ္က က်န္းမာေအာင္ ေနျခင္းက မိသားစုကို ဝန္ထုတ္ ဝန္ပိုးေလွ်ာ့က် သြားေစပါတယ္။

ကိုယ့္ကို ဂ႐ုလိုက္ စိုက္ေနရရင္ ကိုယ့္ သားသမီးနဲ႔ ေျမးျမစ္ေတြကို စိတ္အေႏွာက္အယွက္ ေပးရာ က်ပါတယ္” လို႔ အသက္ ၇၈ ႏွစ္အ႐ြယ္ အဖိုးအိုတစ္ဦးက ဆိုပါတယ္။

ေမာင္ယႆ, REF: world of buzz, Photo; china daily

No Comments

Leave a Reply

Your email address will not be published.

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား
Life Style
မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား လူဆိုတာက ထူးဆန်းပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အပြည့်စုံ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ လူ့စိတ် ဆိုတာကလည်း တော်တော် ဆန်းကျယ်ပါတယ်။ အဲ့ဒိထဲမှာ ပြည့်ပြည့်စုံစုံ လူတွေက ပိုဆိုးပါတယ်။ ငှက်ကလေးတွေ သင်တို့ကားမှာ ငှက်သိုက်လာဖွဲ့ ရင် နှင်မထုတ်ပါနဲ့။ သူတို့ကို အနှောက်အယှက် မပေးပါနဲ့။ လောလောဆယ် တော့ ဒူဘိုင်း အိမ်ရှေ့မင်းသား က သူစီးနေတဲ့ မာစီဒီးကားပေါ်မှာ ငှက်မိသားစုတစ်စုက အသိုက်လာဖွဲ့ လို့ အဲ့ဒိကားကို မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတဲ့အကြောင်း လိုင်းပေါ် တင်လိုက်လို့ သူ့ကို လူတွေက ဝိုင်း ချီးကျုးနေကြပါတယ်။ နောက်ပြီး သူရဲ့ကြင်နာမှု …

''မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ''
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

''သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ''
Life Style
”သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ”

”သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ” မည်သူမဆို အသက်အရွယ်ဆိုတာ ရပ်တန့်မနေပါဘူး။ တစ်နေ့ထက် တစ်နေ့ တစ်နှစ်ထက် တစ်နှစ် ကြီးပြင်းလာခြင်းသာ ဖြစ်တာမို့ သင် ထိုအသက်အရွယ် ကြီးပြင်းလာတဲ့အခါ အနေအထိုင်နဲ့အပြုအမူများကို ထိန်းသိမ်းစောင့်ရှောက်မှု ရှိမှသာ အသက်ကြီးခြင်းမှာ ပျော်စရာကောင်းပြီး အမြဲတမ်း နုပျိုတဲ့ ခံစားချက်ကို ရရှိလာပြီး သစ်လွင်လှပတဲ့ အတွေ့အကြုံသစ်တွေ မြင့်မားလာမှာ ဖြစ်ပါတယ်။ အမူအကျင့် ကောင်းလေးတွေဟာ သင့်ကို အထူးအထောက်အကူ ပြုစေမှာမို့ ရှာဖွေ ဖော်ပြလိုက်ပါတယ်။ ၁ ။ အသက်အရွယ် ကြီးလာခြင်းဟာ ဘဝရဲ့စိန်ခေါ်မှုတစ်ခု ဖြစ်သလို အတွေ့အကြုံ ရင့်ကျက်တည်ငြိမ်လာမှုလည်း ဖြစ်ပါတယ်။ ဘယ်လို အခက်အခဲမျိုးတွေ တွေ့ကြုံပါစေ သင်ဟာ ပျော်ရွှင်စွာ …