မ ဖက္လိုက္လို႔ မိုက္ဖက္ပါရတဲ့ မက္ဂ္ဇစ္ ဆိုၿပီ အ႐ြန္းေဖာက္လိုက္တဲ့ ဘရက္ပစ္
- By : Phoe Linn
- Category : Entertainment

မ ဖက္လိုက္လို႔ မိုက္ဖက္ပါရတဲ့ မက္ဂ္ဇစ္ ဆိုၿပီ အ႐ြန္းေဖာက္လိုက္တဲ့ ဘရက္ပစ္
ၿဗိတိန္ကြၽန္းစုက ဥေရာပ သမဂၢကေနထြက္ခြာတဲ့ ၿဗီတိန္အိတ္ဇစ္ ကို အတိုေကာက္ အေနနဲ႔ ဘရီးဇစ္ဆိုၿပီး ေခၚေဝၚ သုံးစြဲလာၾက ပါတယ္။ ဥေရာပ သမဂၢမွာ ႏိုင္ငံ ၅၂ ႏိုင္ငံ ပါဝင္ၿပီး အဖြဲ႕ဝင္ႏိုင္ငံေတြက တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ကူညီ ေစာင့္ေရွာက္ဖို႔ ေငြေၾကးစနစ္ ေဈးကြက္စနစ္ ေနာက္ဆုံး စစ္ေရးကအစ ပူးေပါင္း လုပ္ေဆာင္ၿပီး တညီတၫြတ္ ခ်ီတက္ၾကဖို႔ သမဂၢကို ဖြဲ႕ခဲ့တာပါ။
ခက္တာက ဥေရာပ အေရွ႕ပိုင္း ႏိုင္ငံေတြက ဖြံ႕ၿဖိဳးမႈ မရွိတာရယ္ ဆင္းရဲတာရယ္ လူမ်ိဳးေရး ျပႆနာေတြေၾကာင့္ ဥေရာပ အေနာက္ပိုင္းက ခ်မ္းသာတဲ့ ႏိုင္ငံေတြက ေထာက္ပံ့ ေပးေနရပါတယ္။ ပိုခ်မ္းသာတဲ့ႏိုင္ငံက ပိုေထာက္ပံ့ ရတဲ့အတြက္ေၾကာင့္ ျပည္တြင္းမွာ လစ္ဟာမႈေတြရွိ လာပါတယ္။
ဒါေၾကာင့္ လူခ်င္းအတူတူ နည္းနည္းေလး အသာစီးယူခ်င္တဲ့ အဂၤလိပ္ေတြက ၿဗိတိန္ကြၽန္းစုကို ဥေရာပသမဂၢကေန ခြဲထြက္ဖို႔ ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲ လုပ္ၿပီးထြက္ဖို႔ ႀကိဳးစားခဲ့တာပါ။ အဲ့ဒါကို ဟာသ သမားေတာ္ေတာ္မ်ားမ်ားက အ႐ြန္းေဖာက္လာတဲ့အခါ မူရင္းအဓိပၸါယ္ကေန ေသြဖီလာခဲ့ပါတယ္။ ဘရီးဇစ္ဆိုတာ ရွက္လို႔ ေၾကာက္လို႔ လူမျမင္ေအာင္ ပုန္းတဲ့ ေကာင္းမေလးပုံစံမ်ိဳးနဲ႔ ဟာသေဖာက္ၾကပါတယ္။
အခုလည္း once upon a time in Hollywood ႐ုပ္ရွင္နဲ႔ ေဖေဖာ္ဝါရီလ ၁၀ရက္ေန႔မွာ က်င္းပမယ့္ ေအာ္စကာဆုေပးပြဲ ဆန္ခါတင္ မင္းသား ဘရက္ပစ္က သူနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ မာေဂါ့ေရာဘီကို ဘရီးဇစ္အေၾကာင္း ေျပာေနရင္း အဂၤလန္ထီးနန္းကို စြန႔္ခြာ ခဲ့တဲ့ မင္းသားဟာရီ ကို မက္ဂ္ဇစ္ဆိုၿပီးေတာ့ ေနာက္ေျပာင္လိုက္ပါတယ္။
ဘရီးဇစ္ကေတာ့ အဂၤလန္က ပုန္းေအာင္းလိုက္တယ္ဆိုတဲ့ သေဘာကို မက္ဂ္ဇစ္လို႔ ဆိုေတာ့ မင္းသားဟာရီ က မိန္းမေၾကာက္လို႔ မိန္းမေနာက္ကို ပုန္းၿပီး လိုက္သြားတယ္လို႔ ရည္ၫႊန္း ဟာသေဖာက္လိုက္တာပါ။ မင္သားဟာရီက သာမာန္လူေတြလိုပဲ ေနခ်င္ထိုင္ခ်င္တဲ့အတြက္ ထီနန္းတာဝန္ကိုလက္မခံေတာ့တာလို႔ အေၾကာင္းျပေပမဲ့ တကယ္ေတာ့ ဘာကင္ဟမ္ နန္းေတာ္ရဲ႕ ဓေလ့ ထုံးတမ္း အစဥ္အလာေတြကို မင္းသားက ရင္းႏွီးၿပီးသာပါ။
မရင္းႏွီးေသးတဲ့ မီဂန္မာကယ္ကသာ နန္းေတာ္တာဝန္ေတြကို ေရွာင္ဖယ္ခ်င္တာ ေနမွာပါ။
အဲ့ဒါကို မဖက္လိုက္ၿပီး မိုက္ဖက္ပါတဲ့ မက္ဂ္ဇစ္လို႔ ဘရက္ပစ္က ဟာသ လုပ္ပစ္ခဲ့တာပါ။
ေမာင္ယႆ ref; hollywoodlife photo;shutter stock
Unicode
မ ဖက်လိုက်လို့ မိုက်ဖက်ပါရတဲ့ မက်ဂ်ဇစ် ဆိုပြီ အရွန်းဖောက်လိုက်တဲ့ ဘရက်ပစ်
ဗြိတိန်ကျွန်းစုက ဥရောပ သမဂ္ဂကနေထွက်ခွာတဲ့ ဗြီတိန်အိတ်ဇစ် ကို အတိုကောက် အနေနဲ့ ဘရီးဇစ်ဆိုပြီး ခေါ်ဝေါ် သုံးစွဲလာကြ ပါတယ်။ ဥရောပ သမဂ္ဂမှာ နိုင်ငံ ၅၂ နိုင်ငံ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူညီ စောင့်ရှောက်ဖို့ ငွေကြေးစနစ် ဈေးကွက်စနစ် နောက်ဆုံး စစ်ရေးကအစ ပူးပေါင်း လုပ်ဆောင်ပြီး တညီတညွတ် ချီတက်ကြဖို့ သမဂ္ဂကို ဖွဲ့ခဲ့တာပါ။
ခက်တာက ဥရောပ အရှေ့ပိုင်း နိုင်ငံတွေက ဖွံ့ဖြိုးမှု မရှိတာရယ် ဆင်းရဲတာရယ် လူမျိုးရေး ပြဿနာတွေကြောင့် ဥရောပ အနောက်ပိုင်းက ချမ်းသာတဲ့ နိုင်ငံတွေက ထောက်ပံ့ ပေးနေရပါတယ်။ ပိုချမ်းသာတဲ့နိုင်ငံက ပိုထောက်ပံ့ ရတဲ့အတွက်ကြောင့် ပြည်တွင်းမှာ လစ်ဟာမှုတွေရှိ လာပါတယ်။
ဒါကြောင့် လူချင်းအတူတူ နည်းနည်းလေး အသာစီးယူချင်တဲ့ အင်္ဂလိပ်တွေက ဗြိတိန်ကျွန်းစုကို ဥရောပသမဂ္ဂကနေ ခွဲထွက်ဖို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ပြီးထွက်ဖို့ ကြိုးစားခဲ့တာပါ။ အဲ့ဒါကို ဟာသ သမားတော်တော်များများက အရွန်းဖောက်လာတဲ့အခါ မူရင်းအဓိပ္ပါယ်ကနေ သွေဖီလာခဲ့ပါတယ်။ ဘရီးဇစ်ဆိုတာ ရှက်လို့ ကြောက်လို့ လူမမြင်အောင် ပုန်းတဲ့ ကောင်းမလေးပုံစံမျိုးနဲ့ ဟာသဖောက်ကြပါတယ်။
အခုလည်း once upon a time in Hollywood ရုပ်ရှင်နဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲ ဆန်ခါတင် မင်းသား ဘရက်ပစ်က သူနဲ့ တွဲဖက်သရုပ်ဆောင် မာဂေါ့ရောဘီကို ဘရီးဇစ်အကြောင်း ပြောနေရင်း အင်္ဂလန်ထီးနန်းကို စွန့်ခွာ ခဲ့တဲ့ မင်းသားဟာရီ ကို မက်ဂ်ဇစ်ဆိုပြီးတော့ နောက်ပြောင်လိုက်ပါတယ်။
ဘရီးဇစ်ကတော့ အင်္ဂလန်က ပုန်းအောင်းလိုက်တယ်ဆိုတဲ့ သဘောကို မက်ဂ်ဇစ်လို့ ဆိုတော့ မင်းသားဟာရီ က မိန်းမကြောက်လို့ မိန်းမနောက်ကို ပုန်းပြီး လိုက်သွားတယ်လို့ ရည်ညွှန်း ဟာသဖောက်လိုက်တာပါ။ မင်သားဟာရီက သာမာန်လူတွေလိုပဲ နေချင်ထိုင်ချင်တဲ့အတွက် ထီနန်းတာဝန်ကိုလက်မခံတော့တာလို့ အကြောင်းပြပေမဲ့ တကယ်တော့ ဘာကင်ဟမ် နန်းတော်ရဲ့ ဓလေ့ ထုံးတမ်း အစဉ်အလာတွေကို မင်းသားက ရင်းနှီးပြီးသာပါ။
မရင်းနှီးသေးတဲ့ မီဂန်မာကယ်ကသာ နန်းတော်တာဝန်တွေကို ရှောင်ဖယ်ချင်တာ နေမှာပါ။
အဲ့ဒါကို မဖက်လိုက်ပြီး မိုက်ဖက်ပါတဲ့ မက်ဂ်ဇစ်လို့ ဘရက်ပစ်က ဟာသ လုပ်ပစ်ခဲ့တာပါ။
မောင်ယဿ ref; hollywoodlife photo;shutter stock
No Comments