မြောက်ကိုရီးယားရဲ့ တွေ့တာနဲ့ပစ်သတ်ဆိုတဲ့ အမိန့်ကို စုံစမ်းစစ်ဆေးဖို့ ကုလစာပို့

မြောက်ကိုရီးယားရဲ့ တွေ့တာနဲ့ပစ်သတ်ဆိုတဲ့ အမိန့်ကို စုံစမ်းစစ်ဆေးဖို့ ကုလစာပို့
International-news

မြောက်ကိုရီးယားရဲ့ တွေ့တာနဲ့ပစ်သတ်ဆိုတဲ့ အမိန့်ကို စုံစမ်းစစ်ဆေးဖို့ ကုလစာပို့

မောင်ယဿ ( သြဂုတ် ၂၇ )

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ စုံစမ်းစစ်ဆေးသူများက တောင်/မြောက် ကိုရီးယားနယ်စပ် ကြားခံစစ်မဲ့ဇုံအတွင်းကနေ မြောက်ကိုရီးယားဖက်ကို ခိုးဝင်လာသူတွေကို တွေ့တာနဲ့ ပစ်သတ်ဆိုတဲ့ အမိန့်အပေါ် ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပေးဖို့အတွက် မြောက်ကိုရီးယားအစိုးကို စာတစ်စောင်ပေးပို့ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနလာၤနေ့ ရက်စွဲပါ စာကို မြောက်ကိုရီးယားနိုင်ငံ ကုလသမဂ္ဂရုံးမှ လူ့အခွင့်အရေးဆိုင်ရာ အထူး အစီရင်ခံစာတင်သူ တိုမတ်အိုဂျီယာကွင်တာနား က အစိုးရကိုပေးပို့လိုက်တာပါ။

သူက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရကို သတိပေးဖို့အတွက် စားပေးပို့ အကြောင်းကြားကြတာပါ။

“ ကျနော်တို့ က တောင်/ မြောက်ကိုရီးယား နဲ့ နယ်ခြားက စစ်မဲ့ဇုံထဲမှာ မြောက်ကိုရီးယားကို တရားမဝင် ဝင်ရောက်လာတဲ့ သူတွေကို မြောက်ကိုရီးယား စစ်တပ်က အစစ်အဆေး အမေးအမြန်းမရှိဘဲ တွေ့တာနဲ့ ပစ်သတ်ဆိုတဲ့ အမိန့် အစိုးရက အောက်ခြေစစ်တပ်ကို ပေးထားသလားမပေးထားဘူး လားဆိုတာကို စုံစမ်းမေးမြန်းတာပါ ။

နောက်ပြီးတော့ အဲ့ဒိမှာ အသတ်ခံနေရတဲ့ သူတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ခွင့် ကိုလည်းတောင်းနေတာပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ အဲ့ဒိကိစ္စ က နိုင်ငံတကာလူ့အခွင့်အရေးနဲ့ တိုက်ရိုက် ပတ်သက်နေလို့ပါ ” လို့ ဆိုပါတယ်။

Daily NK ဆိုတဲ့ အွန်လိုင်း ဝက်ဆိုက်ပေါ်မှာ စစ်မဲ့ဇုံထဲမှာ အသတ်ခံလိုက်ရတဲ့ သူတွေရဲ့ ဓာတ်ပုံတွေ တက်လာတဲ့အတွက် မြောက်ကိုရီးယားရဲ့ တွေ့တာနဲ့ ပစ်သတ်ဆိုတဲ့ ပေါ်လစီအပေါ် ပြန်လည်သုံးသတ်ဖို့ နဲ့ မလိုအပ်ဘဲ သက်ဖြတ်မှုတွေ မလုပ်ဖို့အတွက် တောင်ကိုရီးယားအခြေစိုက်တရားရေးဆိုင်ရာအဖွဲ့ ၊ အစိုးရ မဟုတ်တဲ့ လူကအခွင့်အရေးဆိုင်ရာ ဆိုးလ်မြို့ အဖွဲ့ နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူများ အဖွဲ့တို့ ပူးပေါင်းပြီး စာထုတ်လိုက်တာပါ။

အချက်အလက်တစ်ခုက ၂ကီလိုမီတာလောက်ပဲ ရှိတဲ့ ကြားနယ်မြေတစ်ခုကို ဖြတ်ပြီးဝင်လာတဲ့ ဘယ်သူ့ကို မဆို ပစ်သတ်ပါလို့ ဆိုထားတဲ့ အမိန့် တစ်ခု ကိုဖော်ပြထားပါတယ်။

မြောက်ကိုရီးယား က သူတို့ နိုင်ငံထဲမှာ ကိုဗစ် ၁၉ ပြန့်နှံ့တယ်နဲ့ တူပါတယ်။ သူတို့ က နယ်စပ်ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားပြီး အခုလိုမျိုး ပစ်သတ်ခိုင်းတဲ့အမိန့် ထုတ်ပြန်တာဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

နောက်တစ်ခုက ပြုံးယမ် အစိုးရက “ဖောက်ပြန်တဲ့အတွေး တိုက်ဖျက်ရေး” ဥပဒေ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြဌန်းခဲ့ပါတယ်။

အဲ့ဒိဥပဒေမှာ အမေရိကန် ၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့ ဖက်ကနေ အနောက်တိုင်း အယူအဆ စာအုပ်တွေ နဲ့ ဗီဒီယိုတွေ ကို မြောက်ကိုရီးယားအတွင်းသို့ ခိုးသွင်းတဲ့သူတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သို့ သေဒဏ်ချမှတ် ရမယ်လို့ ပါပါတယ်။

ပွန်းရုပ်ရှင်တွေ ၊ မှတ်ပုံ မတင်ထားတဲ့ တီဗွီတွေ ၊ ရေဒီယိုတွေ ကွန်ပြူတာတွေ မိုဘိုင်းဖုန်းတွေကို လည်း တားမြစ်ထားပါတယ်။ တောင်ကိုရီးယားစတိုင် စကားပြောခြင်း ၊ စာရေးခြင်း နဲ့ သီချင်ဆိုခြင်း တွေကိုလည်း တားမြစ်ထားပါတယ်။

REF: UPI,Photo: Credit UPI

Zawgyi


မြောက်ကိုရီးယားရဲ့ တွေ့တာနဲ့ပစ်သတ်ဆိုတဲ့ အမိန့်ကို စုံစမ်းစစ်ဆေးဖို့ ကုလစာပို့
မြောက်ကိုရီးယားရဲ့ တွေ့တာနဲ့ပစ်သတ်ဆိုတဲ့ အမိန့်ကို စုံစမ်းစစ်ဆေးဖို့ ကုလစာပို့

မောင်ယဿ ( သြဂုတ် ၂၇ )


ပြီးခဲ့တဲ့ တနလာင်္နေ့ ရက်စွဲပါ စာကို မြောက်ကိုရီးယားနိုင်ငံ ကုလသမဂ္ဂရုံးမှ လူ့အခွင့်အရေးဆိုင်ရာ အထူး အစီရင်ခံစာတင်သူ တိုမတ်အိုဂျီယာကွင်တာနား က အစိုးရကိုပေးပို့လိုက်တာပါ။


မြောက်ကိုရီးယားရဲ့ တွေ့တာနဲ့ပစ်သတ်ဆိုတဲ့ အမိန့်ကို စုံစမ်းစစ်ဆေးဖို့ ကုလစာပို့1





မြောက်ကိုရီးယားရဲ့ တွေ့တာနဲ့ပစ်သတ်ဆိုတဲ့ အမိန့်ကို စုံစမ်းစစ်ဆေးဖို့ ကုလစာပို့2





REF: UPI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …