မြောက်ကိုရီးယားက နျူကလိယဖျက်သိမ်းမယ်ဆိုတာ တောင်ကိုရီးယားသားတွေ လုံးဝမယုံ

မြောက်ကိုရီးယားက နျူကလိယဖျက်သိမ်းမယ်ဆိုတာ တောင်ကိုရီးယားသားတွေ လုံးဝမယုံ

မောင်ယဿ ( ဇူလိုင် ၁၇ )

အမျိုးသားပြန်လည်ပေါင်းစည်းရေး အင်စတီကျူ့ ရဲ့ ကိုရီးယား သင့်ခ်တန့်အကူအညီနဲ့ပြုလုပ်တဲ့ ဆာဗေး အရ တောင်ကိုရီးယားသား ၁၀ဦးမှာ ၉ ဦးက မြောက်ကိုရီးယားအစိုးရက နျူကလိယဖျက်သိမ်းမယ်လို့ ဆိုလာရင် လုံးဝမယုံပါဘူးလို့ ဆိုပါတယ်။

အဲ့ဒိဆာဗေးကို လွန်ခဲ့တဲ့ ၅ှနှစ်ကတည်းက နှစ်တိုင်းပြုလုပ်ခဲ့ရာ ဒီနေ့အထိ အပြောင်းလဲမှုမရှိခဲ့ ဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယားက နျူကလိယ ဖျက်သိမ်းဖို့ ကိစ္စကို လုံး၀ စိတ်မဝင်စားဘူးလို့ တောင်ကိုရီးယားသား တွေက ဆိုပါတယ်။

မြောက်ကိုရီးယားက နျူကလိယဖျက်သိမ်းမယ်ဆိုတာ တောင်ကိုရီးယားသားတွေ လုံးဝမယုံ

မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်အပေါ် ယုံကြည်မှုရှိတဲ့ တောင်ကို ရီးယားသား ၁၈နှစ်နဲ့အထက် ၁၀၀၃ ဦးကို အွန်လိုင်းပေါ်ကနေ စစ်တမ်း ကောက်ကြည့်ရာ မနှစ်က ၃၃% ရှိရာကနေ ၁၄ % အထိဆင်းသွားပါတယ်။

ပြုံးယမ် အစိုးရနဲ့ ဆိုးလ်အစိုးရတို့ ၂နိုင်ငံသံတမန်ရေးရာတွေ ပြန်လုပ်ဖို့အတွက် ကြိုးစားနေချိန်မှာပဲ အဲ့ဒိစစ်တမ်း ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက နျူကလိယဖျက်သိမ်းမယ်ဆိုတာ တောင်ကိုရီးယားသားတွေ လုံးဝမယုံ

 

၂၀၁၉ ဖေော်ဝါရီလတုန်းက ကင်ဂျုံအန်နဲ့ ဒေါ်နယ်ထရမ့်တို့တွေဆုံးပြီး နျူကလိယလက်နက် အပြီးတိုင် ဖျက်သိမ်းရေး အတွက် ဆွေးနွေးမှု လုပ်ပြီးကတည်းက တောင်ကိုရီးယားသားတွေက မြောက်ကိုရီးယား အစိုးရအပေါ် ယုံကြည်မှုကင်းမဲ့လာတာပါ။ အဲ့ဒိဆွေးနွေးပွဲက မအောင်မြင်ခဲ့ပါဘူး။

လက်ရှိအမေရိကန်သမ္မတ ဘိုင်ဒန်ကလည်း မြောက်ကိုရီးယားနဲ့ တွေ့ဆုံပြီး ဆွေးနွေးပွဲလုပ်ဖို့ အချက်ပေးနေပါပြီ။ လက်တွေ့ကျတဲ့ ချဉ်းကပ်မှု အသစ်တစ်ရပ်ကို ပြုလုပ်ဖို့အတွက်တောင်းဆိုထားပါတယ်။

မနှစ်ကဇွန်လကတည်းက မြောက်ကိုရီးယားက တောင်ကိုရီးရီးယားနဲ့ ဆွေးနွေးဖို့ နယ်ခြားဆက်ဆံရေးရုံးကို ဗုံးခွဲ ဖျက်ဆီးလိုက်ပြီးနောက် အဆက်အဆံ လုံး၀ မလုပ်တော့တာပါ။

အဲ့ဒိအထဲ ကိုဗစ်ဖြစ်လို့တော့ နယ်ခြားမျဉ်းကို လုံးဝပိတ်ပစ်လိုက်တဲ့အတွက် ဆက်ဆံရေးတွေ လုံးဝပျက်တောက်သွားပါတယ်။

လက်ရှိမှာက ပြုံးယမ် အစိုးရက တာဝေးပစ်ဒုံးတွေကို စမ်းသက်တာ မအောင်မြင်ဘူး ဖြစဟ်နေပါတယ်။ သူတို့ရဲ့ တာဝေးပစ်ဒုံးတွေက အမေရိကန်နိုင်ငံအထိကို မရောက်နိုင်သေးတဲ့အတွက် အမေရိကန် အစိုးရက အပေါ်စီးကနေ ဆက်ဆံပြီးဆွေးနွေးနေတာပါ။

မြောက်ကိုရီးယား တာဝေးပစ်ဒုံတွေမှာ နျူကလိယထိပ်ဖူး တပ်ပြီး အမေရိကန်ကို ပစ်နိုင်ခဲ့ပြီ ဆိုရင်တော့ဆိုတဲ့ အတွေးနဲ့ တောင်ကိုရီးယား သားတွေက မြောက်ကိုရီးယားကို လုံးဝအယုံအကြည်မရှိတော့တာပါ။

REF: UPI,Photo:ctedit  UPI

zawgyi


မောင်ယဿ ( ဇူလိုင် ၁၇ )











REF: UPI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …