မြောက်ကိုရီးယားကို တရုတ် ကာကွယ်ဆေး ၃ သန်းပို့ပေးမယ်လို့ WHO ဆို

မြောက်ကိုရီးယားကို တရုတ် ကာကွယ်ဆေး ၃ သန်းပို့ပေးမယ်လို့ WHO ဆို
International-news

မြောက်ကိုရီးယားကို တရုတ် ကာကွယ်ဆေး ၃ သန်းပို့ပေးမယ်လို့ WHO ဆို

မောင်ယဿ ( သြဂုတ် ၂၀ )

အချက်အလက်တွေ သေချာ ရေရာမှုမရှိပေမဲ့ မြောက်ကိုရီးယားကို WHO က လူသားချင်းငဲ့ ညှာ ထောက်ထား တဲ့ အနေနဲ့ တရုတ် ကိုဗစ်ကာကွယ်ဆေး ၃ သန်းပို့ပေးမယ်လို့ ဆိုလိုက်ပါတယ်။

အခုချိန်အထိ မြောက်ကိုရီးယားအစိုးရက ကိုဗစ် နဲ့ ပတ်သက်လာရင် စာရင်း ဇယား တစ်ခုခု တင်ပြခြင်း အကူ အညီတောင်းခံခြင်းများ မပြုလုပ်သေးပါဘူး။

ပြုံးယမ်မှာ ရှိတဲ့ WHO က အကြီးအကဲ အက်ဒွင်ဆာဗေးဒေါ ကတော့ ဘာမှ အကြောင်း ကြားမှု မရှိပေမဲ့ မြောက်ကိုရီးယားအတွက် တရုတ်နိုင်ငံကနေ ကိုဗစ်ကာကွယ်ဆေး ၂.၉၇ သန်းကို မှာယူပြီး ပေမယ်လို့ ဆိုလိုက်ပါတယ်။

အဲ့လိုပြောပြီး ကြေညာပေမဲ့ အခုထက်ထိ မြောက်ကို ရီးယားအစိုးရက လက်ခံမယ် လက်မခံဘူးဆိုတာကို အကြောင်းပြန်ခြင်း မရှိသေးပါဘူး ။

ပြီးခဲ့တဲ့ လက ပါတီ အစည်းအဝေး မှာ မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံ အန်က သူတို့အနေနဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လာရင် နည်းပညာပိုင်း ဆိုင်ရာ အကူအညီလိုအပ်ကြောင်းနဲ့ ကာကွယ်ဆေးကို ဖွံ့ဖြိုးအောင်လုပ်ဖို့ လိုအပ်ကြောင်း မှာကြားထား တာတော့ ရှိပါတယ်။

“ ကျနော်တို့ က တရုတ်ကိုဗစ်ကာကွယ်ဆေး ကို မှာမယ်။ သူတို့ဆေးက ၃၅- ၄၆ ဒီကရီဖာရင်ဟိုက် အတွင်း မှာ ထားလို့ ရတယ် ဆိုတော့ မြောက်ကိုရီးယား ရာသီနဲ့ ဆိုရင် တော်တော်လေး ကိုက်ပါတယ်။

သူတို့တွေကို ကြည့်ရတာကလည်း ကိုယ်ခံအားတော်တော်ကောင်း ပုံရပါတယ်။ ခက်တာက စာရင်းဇယား နဲ့ ပတ်သက်ပြီး ဘာမှသေသေချာချာမသိရတာပါပဲ” လို့ ဆာဗေးဒေါ က ဆိုပါတယ်။

တောင်ကိုရီးယား စပိုင်တွေ ဆီက ရတဲ့ သတင်းအချက်အလက် အရ တရုတ်တွေက မြောက်ကိုရီးယား အစိုးရကို သူတို့ ရဲ့ ကိုဗစ် ကာကွယ်ဆေး ရောင်းဖို့ အတွက် အဝင်အထွက် လုပ်ခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဖက်က ဘာတုံ့ပြန်မှု တစ်စုံတစ်ရာ မရလို့ သူတို့ နောက်ဆုတ်သွား တာပါ။ ဆီနိုဗက်ကလည်း သူတို့ရဲ့ ဆေးစွမ်းက ကိုဗစ်မျိုးသစ်အပေါ်မှာ ၅၀% လောက်ပဲရှိတော့တယ်လို့ ဆိုထားတဲ့အတွက်ကြောင့်လည်း ပါမယ်ထင်ပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေ အားလုံးကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားပါပြီ ၊ ကိုဗက် ကာကွယ်ဆေးထိုးရေး အစီအစဉ်အရ မြောက်ကိုရီးယားမှာ တွေ့တဲ့လူထိုးပေးနေတာ ၁.၇ သန်းရှိနေပြီလို့ ဆိုထားပါတယ်။

REF: upi,Photo:Credit  upi

Zawgyi


မြောက်ကိုရီးယားကို တရုတ် ကာကွယ်ဆေး ၃ သန်းပို့ပေးမယ်လို့ WHO ဆို
မြောက်ကိုရီးယားကို တရုတ် ကာကွယ်ဆေး ၃ သန်းပို့ပေးမယ်လို့ WHO ဆို

မောင်ယဿ ( သြဂုတ် ၂၀ )





မြောက်ကိုရီးယားကို တရုတ် ကာကွယ်ဆေး ၃ သန်းပို့ပေးမယ်လို့ WHO ဆို1




မြောက်ကိုရီးယားကို တရုတ် ကာကွယ်ဆေး ၃ သန်းပို့ပေးမယ်လို့ WHO ဆို2




REF: upi
Photo: upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …