မြောက်ကိုရီးနိုင်ငံသား ၆၀% လောက်က အစာ ငတ်မွတ်နေလို့ဆို

မြောက်ကိုရီးနိုင်ငံသား ၆၀% လောက်က အစာ ငတ်မွတ်နေလို့ဆို
International-news

မြောက်ကိုရီးနိုင်ငံသား ၆၀% လောက်က အစာ ငတ်မွတ်နေလို့ဆို

အမေရိကန် စိုက်ပျိုးရေးနဲ့ စီးပွားရေးဆိုင်ရာသုတေသန ဌာနရဲ့ အစီရင်ခံစာ အသစ်ရဲ့ ဖော်ပြချက်အရ မြောက်ကိုရီးနိုင်ငံသား ၆၀% လောက်က အစားအသောက် အလုံအလောက် မရရှိဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကြောင့် တိုင်းပြည်မှာ လိုအပ်တဲ့စားသောက်ကုန်တွေ မရရှိဘဲ ဖြစ်နေတယ်လို့ လည်း ဆိုပါတယ်။

၂၀၂၀ -၂၀၃၀ နိုင်ငံတကာ အစားအသောက်လုံခြုံမှု အကဲဖြတ်ချက်အရ မြောက်ကိုရီးယားရဲ့ လူဦးရေ ၅၈.၆% ဖြစ်တဲ့ ၁၅သန်းကျော်က အစားအသောက် လုံလောက်မှု မရှိဘဲ ဖြစ်နေတယ်လို့ ဆိုတယ်။

မြောက်ကိုရီးနိုင်ငံသား ၆၀% လောက်က အစာ ငတ်မွတ်နေလို့ဆို1

“ မြောက်ကိုရီးယား နိုင်ငံသား တစ်ဝက်လောက်က အစားအသောက် ဖူလုံမှု မရှိဘူး ဖြစ်နေပါတယ်။ ၂၀၂၀ ထဲမှာ ကိုဗစ် -၁၉ ရောဂါ ဖြစ်တော့ နိုင်ငံတကာ အကူအညီကလည်း မရဘူး ဖြစ်တဲ့အခါ ပိုပြီး မလုံမလောက် ဖြစ်ရပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

၂၀၁၉ တုန်းက လူ ၁၄သန်းခွဲကျော် အစားအသောက် မလုံလောက်မှု ဖြစ်နေရာက ဒီနှစ်ထဲမှာ လူ ၇သိန်းလောက် တိုးလာပါတယ်။ အာရှတိုက်မှာဆိုရင် မြောက်ကိုရီယားလိုပဲ အစားအသောက် မလုံမလောက် ဖြစ်နေတဲ့ နိုင်ငံတွေက အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံတို့ ပဲဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာ လူတစ်ယောက် ပုံမှန်လှုပ်ရှား သွားလာမှု အတွက် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီ ပမာဏက ၂၄၀၀ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒိနိုင်ငံတွေက လူတွေက တစ်နေ့ကို ရရှိနိုင်တဲ့ ကယ်လိုရီ ပမာဏက ၄၅၀ လောက်ပဲ ရှိပါတယ်။

မြောက်ကိုရီးနိုင်ငံသား ၆၀% လောက်က အစာ ငတ်မွတ်နေလို့ဆို2

ကုလသမဂ္ဂ အစီရင်ခံစာ တစ်ခုမှာ တရုတ်က ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်မှုကို လုပ်ဖို့အတွက် မြောက်ကိုရီးယား နယ်စပ်ကို ပိတ်လိုက်လို့ မြောက်ကိုရီးယားမှာ အစားအသောက် မလုံလောက်မှု နဲ့ ရှားပါးမှုတွေ ပိုမို ဖြစ်ပေါ် လာတာပဲ ဖြစ်တယ်လို့ ဆိုတယ်။

တရုတ်နဲ့ မြောက်ကိုရီးယား ကုန်သွယ်မှုက မတ်လလောက် ကတည်းကနေ လုံး၀ မရှိသလောက် ဖြစ်သွားပါတယ်။ သူတို့စားသောက်နေရတဲ့ တစ်ရက် ၂နပ်က ပြောင်းဆန်လောက်နဲ့ပဲ ကျေနပ် နေရပါတယ်။

မြောက်ကိုရီးနိုင်ငံသား ၆၀% လောက်က အစာ ငတ်မွတ်နေလို့ဆို3

အဲ့ဒိလို အခြေအနေအတွက် မြောက်ကိုရီယားကို နျူကလီယားနဲ့ ဒုံးကျည် စမ်းသက်မှုတွေလုပ် လို့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေ လုပ်တာကို ကုလသမဂ္ဂ အနေနဲ့ ပြန်လည် စဉ်းစားသုံးသပ်ပေးရန်လိုပြီး လို့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက တောင်းဆိုမှု ပြုထားပါတယ်။

မြောက်ကိုရီးယားမှာ ရေကြီးမှုတွေ ဖြစ်နေလို့ မိုင်ပေါင်းများစွာသော ပြောင်းခင်းတွေ ရေမြုပ်နေပါတယ်။ ကုသမဂ္ဂ ကတော့ မြောက်ကိုရီးယားကို အရေးပေါ် အကူအညီ ပေးဖို့ စီစဉ် ထားပါတယ်။

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi

 

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …