မြို့ထဲအထိ ဝင်လာတဲ့ တောမီးကြောင့် အေသင်မြို့သားတွေ ပြောင်းပြေးရပြီ
မြို့ထဲအထိ ဝင်လာတဲ့ တောမီးကြောင့် အေသင်မြို့သားတွေ ပြောင်းပြေးရပြီ
International-news
မြို့ထဲအထိ ဝင်လာတဲ့ တောမီးကြောင့် အေသင်မြို့သားတွေ ပြောင်းပြေးရပြီ
မောင်ယဿ ( သြဂုတ် ၄ )
ဂရိနိုင်ငံ အေသင်မြို့ မြောက်ပိုင်း မှာလောင်ကျွမ်းနေတဲ့ တောမီးက တစ်စစ နဲ့ လူနေအိမ်ခြေတွေရှိတဲ့ နေရာကို ရောက်လာလို့ ထောင်ပေါင်းများစွာသော မြို့သူမြို့သားတွေ နေအိမ်တွေ ကို စွန့်ပြီး ပြောင်းပြေး နေရပါတယ်။
ဂရိဝန်ကြီးချုပ် အဆိုအရ အေသင်မြို့ အနီးပတ်ဝန်းကျင် ဒေသတွေ နဲ့ ဂရိနိုင်ငံရဲ့ အချို့ဒေသတွေမှာ နှစ် ၃၀ အတွင်း အဆိုးဝါးဆုံး အပူချိန်မြှင့်တက်မှု နဲ့ ကြုံ တွေ့နေရလို့ သိရပါတယ်။
အေသင်မြို့အနီးက တောမီးကြောင့် မြို့ကောင်းကင်တစ်ခုလုံးမှာ မီးခိုးလုံးတွေ ဖုံးအုပ်နေပါတယ်။ လေကြောင်းက လည်း မြို့ဖက်ကို ဦးတည်နေလို့ ဒေသခံတွေက အေသင်မြို့နဲ့ကီလို ၂၀ အကွာမှာ ရှိတဲ့ တာတွိုင်မြို့ကို ရွှေ့ပြောင်းနေကြပါတယ်။
အေသင်မြို့ထဲမှာ က အသက်ရှုလို့ မရအောင်ကိုပဲ မီခိုးလုံးတွေ ဖုံးအုပ်နေပါတယ်။ ဒေသခံတွေက ကားတွေ ဆိုင်ကယ်တွေနဲ့ အိမ်ထောင်ပရိဘောဂတွေကို သယ်ဆောင် ပြီး ရွှေ့ပြောင်း နေကြပါတယ်။
“ ကျနော်တို့ ခက်ခက်ခဲခဲ ကို ရင်ဆိုင်နေရပါတယ်။ မီးက တအားကြီး နေတယ်။ ထိန်းချုပ်ဖို့အတွက် ကြိုးစားနေတယ်ဆိုတဲ့ အဆင့်ပဲ ရှိပါတယ်။ ရှုတ်ထွေတဲ့ပြဿနာ တစ်ရပ်က ကျနော်တို့ရဲ့ ရွက်ကြွေ တော တွေနဲ့ အပူချိန်မြင့်တက်နေမှုပါပဲ။
မီးကို လိုက်ငြိမ်းနေရင်နဲ့ ကို မီးညွန့် က ကျိုး မသွားပဲ လောင်အား ကောင်းနေတာပါ” လို့ အေသင် အုပ်ချုပ်ရေး အဖွဲ့ က ဆိုပါတယ်။
တောမီးက အေသင်တစ်မြို့တည်း ဖြစ်နေတာမဟုတ်ဘဲ ကမ်းခြေ ဒေသ ဖြစ်တဲ့ တိုင်းပြည်တောင်ပိုင်းက ပီလိုပိုနီ ဒေသနဲ့ အီဗီယာနဲ့ ကိုစ့် ကျွန်းတွေမှာ လည်း ဖြစ်နေပါတယ်။
“ လျှပ်စစ်ပစ္စည်တွေရဲ့ အကျိုးဆက်လေ ၊၁၉၈၇ တုန်းကလည်း လူတွေ ထောင်နဲ့ ချီပြီးသေခဲ့ရတယ်။ လျှပ်စစ်ပစ္စည်းတွေကု ဖောချင်းသောချင်းသုံး လို့ ဒေသအတွင်း အပူချိန်မြှင့်တက်မှုကို ကြုံတွေ့နေရတာ” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
လက်ရှိ ဂရိနိုင်ငံရဲ့ အချို့ဒေသတွေမှာ အပူချိန် ၄၅ ဒီကရီ အထိရောက်နေပြီး အချို့ ဒေသတွေမှာတော့ ၄၂ ဒီကရီအထိမြင့်တက်နေပါတယ်။
REF: euro news,Photo :Credit  the weather channel
Zawgyi
မြို့ထဲအထိ ဝင်လာတဲ့ တောမီးကြောင့် အေသင်မြို့သားတွေ ပြောင်းပြေးရပြီ
မြို့ထဲအထိ ဝင်လာတဲ့ တောမီးကြောင့် အေသင်မြို့သားတွေ ပြောင်းပြေးရပြီ
မောင်ယဿ ( သြဂုတ် ၄ )
မြို့ထဲအထိ ဝင်လာတဲ့ တောမီးကြောင့် အေသင်မြို့သားတွေ ပြောင်းပြေးရပြီ
မြို့ထဲအထိ ဝင်လာတဲ့ တောမီးကြောင့် အေသင်မြို့သားတွေ ပြောင်းပြေးရပြီ
REF: euro news
Photo : the weather channel
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …