မြန်မာ့ပယင်းထဲ ရုပ်ကြွင်း ဒိုင်နိုဆောမဟုတ် ပုတ်သင်ညိုသာ ဖြစ်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ထုတ်

International-news

မြန်မာ့ပယင်းထဲ ရုပ်ကြွင်း ဒိုင်နိုဆောမဟုတ် ပုတ်သင်ညိုသာ ဖြစ်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ထုတ်

ပြီးခဲ့တဲ့ နှစ်တွေတုန်းက လွန်ခဲ့တဲ့ နှစ် ၉၉သန်းလောက်က သစ်စေးတွေ ထဲမှာ ကပ်ညှိပြီး ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားခဲ့တဲ့ ကမ္ဘာ့အငယ်ဆုံး ဒိုင်နိုဆော ဆိုပြီး ပယင်းကျောက် တစ်လုံး ပေါ်ထွက် ခဲ့ပါတယ်။ အဲ့ဒိ ပယင်းကျောက်ထဲမှာ ဒိုင်နိုဆောနဲ့ တူတဲ့ ဦးခေါင်းခွံအရိုး တစ်ခု ပါပါတယ်။

မြန်မာ့ပယင်းထဲ ရုပ်ကြွင်း ဒိုင်နိုဆောမဟုတ် ပုတ်သင်ညိုသာ ဖြစ်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ထုတ်1

အဲ့ဒိ ပယင်းကျောက်ကို စစ်ဆေးမှုတွေ ပြုပြီးနောက်မှာတော့ ပယင်းကျောက်ထဲက ဦးခေါင်းခွံက ဒိုင်နိုဆော မဟုတ်ဘဲ ပုတ်သင်ညိုလို တွားသွားသတ္တဝါ တစ်ကောင်ဖြစ်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ထုတ်ခဲ့ပါတယ်။

ဒိုင်နိုဆောခေတ်ကတည်းက အထင်အရှား ရှိခဲ့တဲ့ မြွေ ပုတ်သင်ညို တို့လို တွားသွားတွေက သစ်စေးတွေ ထဲမှာ မြုပ်ပြီး ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ် တည်ရှိခဲ့တာပါလို့ ဆိုပါတယ်။

မြန်မာ့ပယင်းထဲ ရုပ်ကြွင်း ဒိုင်နိုဆောမဟုတ် ပုတ်သင်ညိုသာ ဖြစ်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ထုတ်3

မြန်မာနိုင်ငံက ထွက်တဲ့ ပယင်းထဲမှာ ငှက်ရဲ့ ဦးခေါင်းနဲ့ တူတဲ့ ဒိုင်နိုဆော ဆိုပြီး လူသိများခဲ့တဲ့ ပယင်းကို အမေရိကန်နဲ့ တရုတ်သိပ္ပံပညာရှင်တွေ စုပေါင်းပြီး လေ့လာပြီးနောက်မှာ အထက်ပါအတိုင်း ပြောခဲ့တာပဲဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ဇီဝဗေဒပညာရှင် ဒေါက်တာ ကလီယားမောင့်က “ ကျောရိုးရှိ သတ္တဝါတွေ ပါတဲ့ ပယင်းကို တွေ့ရဖို့ဆိုတာ တော်တော် ရှားပါတယ်။ သူတို့က ကျနော်တို့ကို ဒိုင်နိုဆောခေတ်က အကောင်တွေရဲ့ အရွယ်အစားနဲ့ အလေ့အထ သဘာဝတွေကို ကြည့်ဖို့အတွက် ပြူတင်းပေါက် တစ်ခုပါပဲ။

မြန်မာ့ပယင်းထဲ ရုပ်ကြွင်း ဒိုင်နိုဆောမဟုတ် ပုတ်သင်ညိုသာ ဖြစ်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ထုတ်2

ရှေးဦး သက်ရှိကောင်တွေ ရဲ့ ခန္တာဗေဒကို လေ့လာနိုင်ဖို့ အခွင့်အရေးက ပယင်းကျောက်တွေမှာပဲ ရှိပါတယ်။ ဒီတစ်ခုကတော့ ရှေးဦး ငှက်တစ်ကောင် ရဲ့ အစိတ်အပိုင်းပဲ ဖြစ်မှာပါ”လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ခန်မှန်းချက်ကို ရုပ်ကြွင်း ပညာရှင်တွေက လက်မခံခဲ့ဘဲ အဲ့ဒိအရိုးခေါင်းက ပုတ်သင်ညိုရဲ့ ခေါင်းဆိုပြီး ငြင်းဆိုကြပါတယ်။

အဲ့ဒိပယင်းထဲက ဦးခေါင်း အရိုးစုကို ပထမဦးဆုံး ရေးသား ဖော်ပြခဲ့သူက အငယ်ဆုံး ဒိုင်နိုဆော်လို့ ဖော်ပြပြီး နောက်မှာ ရှေးဦး ငှက်တစ်ကောင်ရဲ့ခေါင်းပိုင်း ဆိုပြီး ဖော်ပြမှုတွေ ရှိလာပြီး နောက်မှာတော့ နောက်ပိုင်း ရုပ်ကြွင်း ပညာရှင်တွေက ငှက်ခေါင်း မဟုတ်ဘဲ တွားသွားသတ္တဝါတွေရဲ့ ခေါင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ အဖြစ်နိုင်ဆုံးကတော့ ပုတ်သင်ညို ဆိုပြီး သူတို့က ဆိုကြပါတယ်။

အခုတော့ အဲ့ဒိ မြန်မာ့ပယင်းကို ပထမဆုံး လေ့လာခဲ့ ရုပ်ကြွင်းပညာရှင် ဂျင်မိုင်း အိုကော်နာက သူရဲ့ ယူဆချက်မှားယွင်းကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi



မြန်မာ့ပယင်းထဲ ရုပ်ကြွင်း ဒိုင်နိုဆောမဟုတ် ပုတ်သင်ညိုသာ ဖြစ်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ထုတ်4









No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …