မ်ိဳးမသုဥ္းေအာင္ တာဝန္အျပည့္ ထမ္းလိုက္တဲ့ အသက္ ၁၀၀ ရွိတဲ့ လိပ္အိုႀကီး

မ်ိဳးမသုဥ္းေအာင္ တာဝန္အျပည့္ ထမ္းလိုက္တဲ့ အသက္ ၁၀၀ ရွိတဲ့ လိပ္အိုႀကီး
International-news

မ်ိဳးမသုဥ္းေအာင္ တာဝန္အျပည့္ ထမ္းလိုက္တဲ့ အသက္ ၁၀၀ ရွိတဲ့ လိပ္အိုႀကီး

ဂါလာပါဂို လိပ္မ်ိဳးက ကမာၻေပၚမွာ မ်ိဳးသုဥ္း ေတာ့မယ့္ အႏၲရာယ္ကို ရင္ဆိုင္ေနရတဲ့ တိရစာၦန္ေတြပါ ။ လြန္ခဲ့တဲ့ ႏွစ္ ၅၀ ေလာက္ကဆိုရင္ ဂါလာပါဂို ေတြက အထီး၂ နဲ႔ အမ ၁၂ ေကာင္ ပဲက်န္ပါ ေတာ့တယ္ ။ တကယ္လို႔မ်ား အဲ့ဒိ အထီး၂ေကာင္ က အေၾကာင္းတစ္စုံ တစ္ရာေၾကာင့္ ေသဆုံးခဲ့မယ္ ဆိုရင္ ေသခ်ာေပါက္ ကမာၻ႔ ရွားပါးမ်ိဳးစိတ္ တစ္စိတ္က ေပ်ာက္ကြယ္သြားမွာပါ ။

ကံမေကာင္းခ်င္ေတာ့ အထီးတစ္ေကာင္က ေသဆုံးသြားခဲ့ ပါတယ္ ။ အဲ့ဒိေတာ့ က်န္ခဲ့တဲ့ ဒီေယဂို လို႔ နာမည္ေပးထားတဲ့ အထီးေကာင္ က သူတို႔ေတြ မ်ိဳးသုဥ္းေတာ့မယ္ ဆိုတာကို သိလို႔လားမသိ လိပ္မေတြနဲ႔ မိတ္လိုက္ ေတာ့တာပါပဲ ။ အီေကြေဒါ အစိုးရကလည္း အက္စပန္ေညာ္ ကြၽန္းအႏွံ႔မွာရွိတဲ့ လိပ္မေတြကို လိုက္စုေပးၿပီး ဒီေယဂို မိတ္လိုက္ႏိုင္ေအာင္စီစဥ္ေပးခဲ့ရပါတယ္ ။ သူ႔ရဲ႕ စြမ္းေဆာင္ခ်က္ေၾကာင့္ ပထမႏွစ္မွာပဲ လိပ္မ ၁၂ ေကာင္ ဥခ်ႏိုင္ခဲ့လို႔ လိပ္ေကာင္ေရ ၈၀၀ အထိ တိုးတက္လာခဲ့ပါတယ္ ။ လိပ္သားေပါက္ ၈၀၀ ရဲ႕ အေဖျဖစ္တဲ့ ဒီေယဂိုက သူ႔ကေလးေတြကို ၾကည့္ၿပီး ဝမ္းသာေနခဲ့ဟန္ တူပါတယ္ ။ လိပ္ကေလးေတြေနာက္ကို အၿမဲ လိုလိုက္ၿပီး ေစာင့္ၾကည့္ေနခဲ့ပါတယ္ ။

အီေကြေဒါ သဘာဝ ပတ္ဝန္းက်င္ထိန္သိမ္းေရး ဝန္ႀကီးက “ဒီေယဂိုကို ေတာ့ ခ်ီးက်ဴး ရမွာပါပဲ ။ အခု သူ႔အသက္က ၁၀၀ ေက်ာ္ေနၿပီ ။ သူတို႔မ်ိဳးႏြယ္စုေတြ မ်ိဳးသုဥ္း ေတာ့မယ္ဆိုတာကို သိတယ္နဲ႔ တူတယ္ ။ သူက က်ေနာ္တို႔ ရွာေဖြ ေတြ႕ရွိၿပီး မွတ္တမ္း တင္ထားတဲ့ လိပ္မ ၁၂ ေကာင္လုံးကို ဇီးတင္ ႏိုင္ေအာင္ႀကိဳးစား ခဲ့ပါတယ္ ။ သူခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရတာပါ ။ အခုဆိုရင္ လိပ္ေပါက္ေလး ၈၀၀ ရေနၿပီ ။ ဘာပဲျဖစ္ျဖစ္ သူ႔ရဲ႕ အားထုတ္မႈ ေၾကာင့္ ကမာၻ႔ ရွားပါးမ်ိဳးစိတ္တစ္စိတ္က မေပ်ာက္ကြယ္ ေတာ့ပါဘူး”လို႔ ဆိုတယ္ ။

လက္ရွိမွာ အက္စပန္ေညာ္ကြၽန္းမွာ ဒီေယဂိုရဲ႕ မ်ိဳးဆက္ ၂၀၀၀ ေက်ာ္သြားပါၿပီ ။ လိပ္ေတြက ကြၽန္း အႏွံ႔ အျခား ေနရာေတြကိုလည္း ေလွ်ာက္သြား ေနၾကပါတယ္ ။အဲ့ဒိလိပ္မ်ိဳးက တစ္ေကာင္နဲ႔ တစ္ေကာင္ သီးျခား ခြဲေနေလ့ ရွိပါတယ္ ။ ဒါကို သုေတသီေတြက ဂ႐ုတစိုက္ လိုက္ၾကည့္ေနရပါတယ္ ။ မိတ္လိုက္ခ်ိန္ ေရာက္ၿပီဆိုရင္ သုေတသီေတြက လိပ္မ ေတြကို လိုက္ဖမ္းၿပီး ဒီေယဂိုရွိတဲ့ေနရာကို သယ္ပို႔ ေပးရပါတယ္ ။

ဂါလာပါဂိုလိပ္ေတြက သက္တမ္း ၁၀၀ ေက်ာ္ အသက္ရွင္ ၾကၿပီး ကမာၻ႔အႀကီးဆုံး လိပ္မ်ိဳးႏြယ္ေတြပါ ။ သူတို႔ကို အီေကြေဒါ ႏိုင္ငံမွာ ေတြ႕ရၿပီး အရင္ကဆိုရင္ ေပါင္ ၉၀၀ ေက်ာ္ အထိေလးပါတယ္ ။ ေက်ာ႐ိုးရွိ သတၱဝါေတြ ထဲမွာ သူတို႔က သက္တမ္းအရွည္ဆုံးပါပဲ ။ ၁၆ ရာစုႏွစ္က စပိန္နယ္ေျမ သစ္ရွာေဖြ သူေတြက ေတြ႕ခဲ့ၿပီး စပိန္ဘာသာ စကားနဲ႔ ဂါလာပါဂို ( လိပ္ ) ဆိုၿပီး အမည္ေပးခဲ့ တာပါ ။ စိုစြတ္တဲ့ ေဒသက ဂါလာပါဂိုေတြက အခြံႀကီးၿပီး လည္ပင္း တိုပါတယ္ ၊ ေျခာက္ေသြ႕တဲ့ ေဒသက ဂါလာပါဂိုေတြကေတာ့ အေကာင္ေသးၿပီး လည္ပင္းရွည္ပါတယ္ ။

ေမာင္ယႆ REF: world of buzz Photo: twitter

Unicode

မျိုးမသုဉ်းအောင် တာဝန်အပြည့် ထမ်းလိုက်တဲ့ အသက် ၁၀၀ ရှိတဲ့ လိပ်အိုကြီး

ဂါလာပါဂို လိပ်မျိုးက ကမ္ဘာပေါ်မှာ မျိုးသုဉ်း တော့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်တွေပါ ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကဆိုရင် ဂါလာပါဂို တွေက အထီး၂ နဲ့ အမ ၁၂ ကောင် ပဲကျန်ပါ တော့တယ် ။ တကယ်လို့များ အဲ့ဒိ အထီး၂ကောင် က အကြောင်းတစ်စုံ တစ်ရာကြောင့် သေဆုံးခဲ့မယ် ဆိုရင် သေချာပေါက် ကမ္ဘာ့ ရှားပါးမျိုးစိတ် တစ်စိတ်က ပျောက်ကွယ်သွားမှာပါ ။

ကံမကောင်းချင်တော့ အထီးတစ်ကောင်က သေဆုံးသွားခဲ့ ပါတယ် ။ အဲ့ဒိတော့ ကျန်ခဲ့တဲ့ ဒီယေဂို လို့ နာမည်ပေးထားတဲ့ အထီးကောင် က သူတို့တွေ မျိုးသုဉ်းတော့မယ် ဆိုတာကို သိလို့လားမသိ လိပ်မတွေနဲ့ မိတ်လိုက် တော့တာပါပဲ ။ အီကွေဒေါ အစိုးရကလည်း အက်စပန်ညော် ကျွန်းအနှံ့မှာရှိတဲ့ လိပ်မတွေကို လိုက်စုပေးပြီး ဒီယေဂို မိတ်လိုက်နိုင်အောင်စီစဉ်ပေးခဲ့ရပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ချက်ကြောင့် ပထမနှစ်မှာပဲ လိပ်မ ၁၂ ကောင် ဥချနိုင်ခဲ့လို့ လိပ်ကောင်ရေ ၈၀၀ အထိ တိုးတက်လာခဲ့ပါတယ် ။ လိပ်သားပေါက် ၈၀၀ ရဲ့ အဖေဖြစ်တဲ့ ဒီယေဂိုက သူ့ကလေးတွေကို ကြည့်ပြီး ဝမ်းသာနေခဲ့ဟန် တူပါတယ် ။ လိပ်ကလေးတွေနောက်ကို အမြဲ လိုလိုက်ပြီး စောင့်ကြည့်နေခဲ့ပါတယ် ။

အီကွေဒေါ သဘာဝ ပတ်ဝန်းကျင်ထိန်သိမ်းရေး ဝန်ကြီးက “ဒီယေဂိုကို တော့ ချီးကျူး ရမှာပါပဲ ။ အခု သူ့အသက်က ၁၀၀ ကျော်နေပြီ ။ သူတို့မျိုးနွယ်စုတွေ မျိုးသုဉ်း တော့မယ်ဆိုတာကို သိတယ်နဲ့ တူတယ် ။ သူက ကျနော်တို့ ရှာဖွေ တွေ့ရှိပြီး မှတ်တမ်း တင်ထားတဲ့ လိပ်မ ၁၂ ကောင်လုံးကို ဇီးတင် နိုင်အောင်ကြိုးစား ခဲ့ပါတယ် ။ သူခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာပါ ။ အခုဆိုရင် လိပ်ပေါက်လေး ၈၀၀ ရနေပြီ ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အားထုတ်မှု ကြောင့် ကမ္ဘာ့ ရှားပါးမျိုးစိတ်တစ်စိတ်က မပျောက်ကွယ် တော့ပါဘူး”လို့ ဆိုတယ် ။

လက်ရှိမှာ အက်စပန်ညော်ကျွန်းမှာ ဒီယေဂိုရဲ့ မျိုးဆက် ၂၀၀၀ ကျော်သွားပါပြီ ။ လိပ်တွေက ကျွန်း အနှံ့ အခြား နေရာတွေကိုလည်း လျှောက်သွား နေကြပါတယ် ။အဲ့ဒိလိပ်မျိုးက တစ်ကောင်နဲ့ တစ်ကောင် သီးခြား ခွဲနေလေ့ ရှိပါတယ် ။ ဒါကို သုတေသီတွေက ဂရုတစိုက် လိုက်ကြည့်နေရပါတယ် ။ မိတ်လိုက်ချိန် ရောက်ပြီဆိုရင် သုတေသီတွေက လိပ်မ တွေကို လိုက်ဖမ်းပြီး ဒီယေဂိုရှိတဲ့နေရာကို သယ်ပို့ ပေးရပါတယ် ။

ဂါလာပါဂိုလိပ်တွေက သက်တမ်း ၁၀၀ ကျော် အသက်ရှင် ကြပြီး ကမ္ဘာ့အကြီးဆုံး လိပ်မျိုးနွယ်တွေပါ ။ သူတို့ကို အီကွေဒေါ နိုင်ငံမှာ တွေ့ရပြီး အရင်ကဆိုရင် ပေါင် ၉၀၀ ကျော် အထိလေးပါတယ် ။ ကျောရိုးရှိ သတ္တဝါတွေ ထဲမှာ သူတို့က သက်တမ်းအရှည်ဆုံးပါပဲ ။ ၁၆ ရာစုနှစ်က စပိန်နယ်မြေ သစ်ရှာဖွေ သူတွေက တွေ့ခဲ့ပြီး စပိန်ဘာသာ စကားနဲ့ ဂါလာပါဂို ( လိပ် ) ဆိုပြီး အမည်ပေးခဲ့ တာပါ ။ စိုစွတ်တဲ့ ဒေသက ဂါလာပါဂိုတွေက အခွံကြီးပြီး လည်ပင်း တိုပါတယ် ၊ ခြောက်သွေ့တဲ့ ဒေသက ဂါလာပါဂိုတွေကတော့ အကောင်သေးပြီး လည်ပင်းရှည်ပါတယ် ။

မောင်ယဿ REF: world of buzz Photo: twitter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …