
International-news







မောင်ယဿ


Unicode

မျက်နှာ၂ ဖက်နဲ့ ကြောင်လေး ကိုမွေးလို့ ပိုင်ရှင် မိသားစု အံ့အားသင့်

ကြောင်မကြီးကနေ ကြောင်ကလေး ၆ ကောင် ပေါက်တာ တစ်ကောင်က မျက်နှာ၂ ဖက် ဖြစ်နေလို့ ကြောင်ပိုင်ရှင် မိသားစုမှာ အံ့အားတကြီး ဖြစ်ခဲ့ရပါတယ် ။ ချစ်စရာ ကောင်းတဲ့ အဲ့ဒိမျက်နှာ၂ ဖက်နဲ့ ကြောင်ကလေး ကို ပိုင်ရှင်မိသားစုက ဘီစကွတ် လို့ နာမည် ပေးထားပါတယ် ။ ဗီဇ ဖောက်ပြန်မှုကြောင့် ထွန်းလာပြီး ပုံမှန် မဟုတ် တော့ဘဲ မျက်နှာ၂ ဖက် ဖြစ်သွားတာပါ ။

ကြောင်ကလေးရဲ့ပိုင်ရှင် ကတော့ အောရီဂွန်ပြည်နယ်က ကယ်လာကင်း ပါပဲ ။ သူမက အနက်ရောင်နဲ့ မီးခိုးရောင် အစင်းကြား မွေးပွ ကောင်လေးရဲ့ ပါးစပ် ၂ ပေါက် နှာခေါင်း၂ ပေါက် အတွက် ထူးထူးခြားခြား အံ့အားတွေ သင့်နေပါတယ် ။ အကောင်လေးက မျက်လုံး ၄ လုံး ရှိမရှိကတော့ မသေချာသေးပါဘူး အကြောင်းကတော့ ဘီစကွတ် လေးက မျက်လုံးတွေ မပွင့်သေးတဲ့အတွက်ကြောင့် ပါပဲ ။

အဲ့ဒိလို ဗီဇထွန်းတတ်တဲ့ အကောင်ငယ် ကလေးတွေက တစ်ပတ်ထက် ပိုပြီး အသက်ရှည်လေ့ မရှိပါဘူး ။ ပိုင်ရှင်က အဲ့ဒိ ကောင်လေးပုံကို လိုင်းပေါ် တင်လိုက်တော့ အချို့ နားလည်တဲ့ သူတွေက ကြောင်ကလေးကို မသေအောင် ဂရုစိုက်ဖို့အတွက် ဝိုင်းပြီး တိုက်တွန်း ကြပါတယ် ။ ခေါင်း၂ လုံး လုံးနဲ့ နို့စို့ တက်အောင် တစ်လှည့်စီ တိုက်ကျွေးရန် အတွက် ပြောကြပါတယ် ။

လက်ရှိမှာတော့ ဘီစကွတ်က အခြား ကြောင်ကလေးတွေလိုပဲ တိုးဝှေ့ပြီး ၎င်းရဲ့ မိခင် နို့ကိုစို့နေတာပဲလို့ ကယ်လာကင်းက ဆိုပါတယ် ။ ဒါပေမဲ့ ဘီစကွတ်ရဲ့ ခေါင်းက ၎င်းရဲ့ ကိုယ်ထက် ပိုပြီးလေးနေလို့ လှုပ်ရှားမှု က ပုံမှန် ကြောင်တွေထက် နှေးပါတယ် ။ ခေါင်း သိပ်မထောင်နိုင် ပါဘူး ။ ကြောင်ကလေးက သူ့ရဲ့ဗီဇကြောင့် မသေဘူး ဆိုရင်တော့ သူ့ကို ကောင်းကောင်း စောင့်ရှောက်ကျွေးမွေး သွားမယ်လို့ ပိုင်ရှင် မိသားစုက ဆိုပါတယ် ။

အခု လိုင်းပေါ်မှာ ဘီစကွတ်ကို စီတ်ဝင်စားတဲ့သူ တော်တော်များများက ရောင်းမလား ဆိုပြီး မေးလာသူတွေရော ဘယ်လောက်ပေးပြီး ဝယ်ပါမယ် ဆိုပြီး ပြောလာသူတွေ ရှိနေပါတယ် ။ အချို့ကလည်း မမွေးချင်ရင် သူတို့ မွေးစားမယ်ဆိုပြီး တောင်းတဲ့ သူတွေလညး ရှိပါတယ် ။ ခေါင်း၂ လုံးကြောင်တွေကို ဂျန်နတ်ကြောင်လို့ခေါ်ပြီး အရင်၂ ကောင် ဖရန့်နဲ့ လူဝီတို့က အသက် ၁၅ နှစ်မှာ သေဆုံးသွားခဲ့ ပါတယ် ။ အစာရေမျို တစ်ခုတည်းပါပြီး အသက်ရှုလုပ်ငန်း ဆောင်တာပိုင်းမှာ အခက်အခဲ နည်းနည်း ရှိတတ်ပါတယ် ။

မောင်ယဿ

REF: daily amil / Photo; daily mail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …