မျက်နှာပြင်ပေါ်က အရေးအကြောင်းတွေ လျော့နည်းအောင် ဘယ်လို နေထိုင်ကြမလဲ
- By : Phoe Linn
- Category : Article, beauty-tip

မျက်နှာပြင်ပေါ်က အရေးအကြောင်းတွေ လျော့နည်းအောင် ဘယ်လို နေထိုင်ကြမလဲ
အသက်အရွယ် အနည်းငယ်ရလာပြီဆိုလျှင် မျက်နှာပြင်ပေါ်တွင် အရေးအကြောင်း များကလည်း ထင်ရှား လာပေတော့သည်။
ဤသည်ကို ရှောင်လွှဲ၍ မရနိုင်သည့် ဇရာပိုင်းဆိုင်ရာ လက္ခဏာပင် ဖြစ်သည်ဟု ဆိုသော်ငြားလည်း အရေးအကြောင်းများ စောလျှင်စွာ ရောက်ရှိ မလာစေရန် မိမိကိုယ်မိမိ ဂရုစိုက် ကာကွယ် ထိန်းသိမ်းမည်ဆိုပါက ပေါ့ပါး သက်သာစေမည်မှာ အမှန်ပင် ဖြစ်၏။
မျက်ဝန်း တစ်ဝိုက်တွင်လည်းကောင်း နှုတ်ခမ်းဘေးနှင့် နဖူးလည်ပင်း နေရာများတွင် လည်းကောင်း၊ မျက်ခုံးဘေး နှာခေါင်းထိပ် နေရာများတွင်လည်းကောင်း အရေးအကြောင်းများ ဖြစ်ပေါ်လာပြီးလျှင် အရေပြားများ တွန့်လာပေ တော့မည်ပင်ဖြစ်သည်။
သို့ဆိုလျှင် မိမိတို့ကိုယ်တိုင် အရေးအကြောင်း ဖြစ်လာစေမည့် အကြောင်းရင်းတို့ကို သိထား သင့်ပေသည်။ အဘယ်သို့သော အကြောင်းရင်းများက သင့်အား မျက်နှာပြင် အရေးအကြောင်များ ဖြစ်ပေါ်လာစေသည် ဆိုသည်ကို လေ့လာ ကြည့်ကြပါစို့။
အရေပြားအပေါ်တွင် အရေးအကြောင်း ဖြစ်စေသော အဓိက အကြောင်းရင်း တစ်ခုမှာ အရေပြားကို နေရောင်ခြည် ထိတွေ့မှု များခြင်းကြောင့် ဖြစ်၏ ။
နေရောင်ခြည်တွင် ပါဝင်သည့် ခရမ်းလွန်ရောင်ခြည်သည် အရေပြားအား ထိခိုက် ပျက်ဆီးစေပြီး အရေပြား ကျန်းမာမှုကို ထိခိုက်သဖြင့် အရေးအကြောင်း ဖြစ်ပွားမှု၏ အရေးပါသော အကြောင်း တစ်ခုပင် ဖြစ်၏။
သို့ဆိုလျှင် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုအား ရှောင်ကြင် သင့်သည်။ နေပူထဲ ထွက်သည့်အခါ နေရောင်ခံ ခရင်မ်ကို လိမ်းရန် မေ့မထားသင့်ပေ။
သင့်မျက်နှာပြင် အရေးအကြောင်းကို အားပေးနေသည့် နောက်ထပ် အရာကား တစ်နေရာရာကို အာရုံစူးစိုက်မိလျှင် များသောအားဖြင့် မျက်မှောင်ကုပ်၍ ကြည့်တတ်သည့် အကျင့်ဆိုး ပင်တည်း။ သင့်နှဖူးပြင်မှ အရေးအကြောင်းများသည် သင် မျက်မှောင်ကုတ်၍ ကြည့်သည့် အလေ့အထနှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။
ထို့အတွက်ကြောင့် ထိုအမူအကျင့်အား ရှောင်ရှားရပေမည်။ အပြုံးဆိုတာဟာ လူတိုင်းကို စိတ်ချမ်းသာစေပါတယ် သို့ပါသော်လည်း သင်အမြဲ ပြုံးနေတတ်တဲ့ အလေ့အကျင့်က တစ်ဘက်လူအပေါ် စိတ်ကျေနပ်မှု ရရှိစေသော်လည်း သင့်နှုတ်ခမ်းဘေးက အရေးအကြောင်း ဖြစ်ပေါ်မှုကို အားပေးနေပြီ ဆိုတာတော့သင် သိထားသင့်ပါသည်။
အချိန်တိုင်း ပြုံးနေတတ်တဲ့ အကျင့်ဟာ သင့်မျက်နှာပေါ်က ကြွက်သားတွေကို တစ်ချိန်လုံး ကြုံ့ထားရသလို ဖြစ်နေတာမို့ မပြုံးပဲ နေလိုက်တဲ့ အချိန်မှာ အရေးအကြောင်းတွေ ပေါ်လာတော့တာပဲ ဖြစ်ပါတယ်။ ရေဓာတ် နည်းပါးမှုကလည်း သင့်မျက်နှာပြင် အရေပြားကို အရေးအကြောင်း ဖြစ်စေပါတယ်။
မျက်နှာပေါ်မှာ ရေဓာတ် ပြည့်ဝနေပါမှ မျက်နှာပြင် အရေပြားတွေ ပျော့ပျောင်း ချောမွေ့နေမှာ ဖြစ်တယ်။ အသက်အရွယ် နှစ်ဆယ်ကျော်လာပြီးရင် အရေပြားအပေါ်ကို ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။
အတတ်နိုင်ဆုံး ဓာတုပစ္စည်းတွေ ပါဝင်တဲ့ လိမ်းဆေးတွေအစား သဘာဝ နည်းလမ်းများနဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်ရင် ပိုမိုပြီး ထိရောက် ကောင်းမွန်ပါတယ်။ သခွားသီး၊ ရှားစောင်း လက်ပတ်တို့ဟာ ဆိုရင် မျက်နှာပြင် ရေဓာတ်ကို များစွာ ဖြည့်ပေးနိုင်တဲ့ သဘာဝ ပစ္စည်းများပဲ ဖြစ်ပါတယ်။
ပျိုပျိုမေတို့အတွက် အသက်အရွယ် မကြီးရင့်မှီ မျက်နှာပြင်ကို အထူး ဂရုစိုက်ပေးခြင်းအားဖြင့် အရေးအကြောင်းများအား တွန်းလှန်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စန္ဒီမြင့်မိုရ်
Zawgyi
စန္ဒီမြင့်မိုရ်
No Comments