မ်က္ဝန္းနဲ႔ မ်က္ရည္ ဆိုသည္မွာ

မ်က္ဝန္းနဲ႔ မ်က္ရည္ ဆိုသည္မွာ
Health

မ်က္ဝန္းနဲ႔ မ်က္ရည္ ဆိုသည္မွာ

ဝမ္းနည္းျခင္း ဝမ္းသာျခင္း တို႔ေၾကာင့္ မ်က္ဝန္း တြင္းမွ မ်က္ရည္က် ၾကသည္မွာ သဘာဝ တစ္ခုပင္ျဖစ္သည္ ။ မ်က္ရည္ ဆိုသည္မွာ စိတ္ခံစားမႈ အလိုက္ အနည္း အမ်ား ကြာျခားလွ်က္ က်ဆင္းတတ္ေသာ အရာ ျဖစ္သည္ ။ ဤသည္မွာ သဘာဝ တစ္ခုပင္တည္း ။ ဤသို႔ မ်က္ရည္ က်ျခင္းသည္ မ်က္ဝန္းကို ပိုမို လွပ ေတာက္႐ႊန္း ေစႏိုင္သည္ဟုလည္း အဆိုရွိ ေပသည္ ။

ထိုကဲ့သို႔ သဘာဝ တစ္ခုျဖစ္ေသာ ဝမ္းနည္းျခင္း ဝမ္းသာျခင္း စိတ္ခံစားမႈ တစ္ခုမွ် မပါဝင္ပါပဲ ႏွင့္ မ်က္ဝန္း မွ မ်က္ရည္မ်ား က်ေနၿပီ ဆိုလွ်င္ေတာ့ သင္မေပါ့ပါႏွင့္ေတာ့ သင့္ မ်က္ဝန္းမွ မ်က္ရည္ပူမ်ား အလိုလို က်လာျခင္းသည္ ေရာဂါလကၡဏာ တစ္ခုခု ျဖစ္လာၿပီဟု သတိေပး လိုက္ျခင္းသာ ျဖစ္ပါသည္ ။

သို႔ဆိုလွ်င္ သင္သည္ မ်က္စိ ဆရာဝန္ႏွင့္ ေဆြးေႏြး တိုင္ပင္ရ ေပေတာ့မည္ ။ ထိုသို႔ မ်က္စိ ဆရာဝန္ႏွင့္ မျပသပဲ မိမိတို႔ အနီး၌ အလြယ္တကူ ရရွိႏိုင္ေသာ သဘာဝ ပစၥည္းမ်ား အိမ္တြင္း ကုထုံးမ်ားအားအသုံးျပဳ၍ လည္း သင့္မ်က္စိ မွ မ်က္ရည္ပူ က်ဆင္းျခင္း ေဝဒနာကို သင္ကိုယ္တိုင္ ကုသႏိုင္ ပါေသးသည္ ။

အစားအစာႏွင့္ ကုသမႈ

ဗီတာမင္စီႏွင့္ ဗီတာမင္အီး ပါဝင္မႈ မ်ားသည့္ အစားအစာ မ်ားသည္ သင့္မ်က္ဝန္းမွာ ျဖစ္ေပၚ ေနေသာ ေဝဒနာမ်ား ျဖစ္သည့္ မ်က္စိထဲ ပိုးဝင္ျခင္းေၾကာင့္ မ်က္ရည္ မၾကာခဏ က်ျခင္း၊ မ်က္ဝန္းေရာင္ရမ္းျခင္း၊ မ်က္ရည္ပူ အလိုလို ဆင္းျခင္း စသည္တို႔ကို သက္သာ ေပ်ာက္ကင္း ေစႏိုင္ပါတယ္ ။ဗီတာမင္စီနဲ႔ ဗီတာမင္အီး ပါဝင္တဲ့ အားေဆးေတြဟာ မ်က္စိ အတြင္း ပိုးဝင္ျခင္းေၾကာင့္ေယာင္ရမ္း နာျခင္း မ်ားကို အျမန္ဆုံး က်က္ၿပီး သက္သာေစ ပါသည္ ။

ဗီတာမင္စီ ပါဝင္တဲ့ င႐ုပ္သီးပြ ၊ မာလကာသီး ၊ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္း႐ြက္ ၊ ကီဝီသီး ၊ ဘယ္ရီသီးနဲ႔ အခ်ဥ္ အရသာရွိေသာ အသီးမ်ား မ်ားမ်ား စားေပးရပါမည္ ။ ဗီတာမင္အီး ပါဝင္ေသာ တို႔ဟူး ၊ ဟင္းႏုႏြယ္ ၊ အခြံမာ အေစ့အဆန္ ၊ ေထာပတ္သီး ၊ ငါး စသည္တို႔ကိုလည္း မ်ားမ်ား စားေပးသင့္ပါသည္ ။

မ်က္ဝန္းတစ္ဝိုက္တြင္ အသုံးျပဳေပးရန္

မ်က္ဝန္းအတြင္း ပိုးဝင္ျခင္းေၾကာင့္ မ်က္ရည္ပူ က်ဆင္းျခင္းကို မ်က္ဝန္းတစ္ဝိုက္၌ ေရေႏြး သို႔မဟုတ္ ေဘဘီရွန္ပူထဲသို႔ ဂြမ္းစႏွစ္ကာ မ်က္ဝန္း တစ္ဝိုက္အား သန႔္စင္ေပးရ ပါမည္ ။
မ်က္ဝန္းတစ္ဝိုက္ႏွင့္ မ်က္ခြံအေပၚတြင္ ေရေအးဝတ္ ကပ္ေပးျခင္းသည္လည္း မ်က္ရည္ထြက္ႏႈန္း ကိုက်ဆင္း ေစပါသည္ ။ ေရေအးေအးထဲ ပိတ္စတစ္စအား ႏွစ္စိုေစၿပီး မ်က္ဝန္းေပၚ ဖုန္းအုပ္ ေပးရပါမည္ ။

သဘာဝသီးႏွံမ်ား အသုံးျပဳျခင္း

ေဆးဘက္ဝင္ အ႐ြက္ ေအးမ်ားကို မ်က္ဝန္းေပၚတြင္ ကပ္ေပးရပါမည္ ။ လက္ဘက္စိမ္း ကဲ့သို႔ ေဆးဘက္ဝင္ အ႐ြက္က အိတ္ကို အသုံးျပဳၿပီးသည့္ အခါ လႊင့္မပစ္ပဲ ေရခဲ ေသတၱာထဲ၌ ထည့္ၿပီး ေအးေသာအခါ မ်က္ဝန္းေပၚတြင္ ကပ္ေပး ရပါမည္ ။

ပ်ားရည္ႏွင့္ ႏွင္းဆီရည္ ေရာသုံးသၫြ္႕ ကုထုံးမွာ ႏွင္းဆီေရထဲသို႔ ပ်ားရည္နည္းနည္းထည့္၍ ဝါဂြမ္းစေလးျဖင့္ ဆြတ္ကာ မ်ကိဝန္း တစ္ဝိုက္တြင္ လိမ္းေပးရပါမည္ ။ ရွားေစာင္းလက္ပတ္ႏွင့္ ႏွင္းဆီေရ ေရာ၍ မ်က္စဥ္းအျဖစ္ အသုံးျပဳျခင္းသည္ မ်က္ရည္ပူ က်ျခင္းကို သက္သာေစပါသည္ ။ ရွားေစာင္းလက္ပတ္ အေရႏွင့္ ႏွင္းဆီေရ ဆတူေရာ၍ မ်က္စိအတြင္းသို႔ ႏွစ္စက္ခန႔္ ထည့္ေပးရပါမည္ ။ သန႔္ရွင္းမူ ရွိေစရန္ေတာ့ သတိျပဳရ ပါမည္ ။

ထိုအိမ္လုပ္ မ်က္စဥ္ေဆးေရသည္ လူအမ်ားစုက သေဘာက် လက္ခံ၍ သုံးစြဲျခင္းတြင္ လက္ေတြ႕အက်ိဳးရွိေၾကာင္း ေလ့လာ ေတြ႕ရွိသူမ်ားက ဆိုထားပါေသာေၾကာင့္ အကုန္အက် သက္သာၿပီးအက်ိဳးမ်ားေၾကာင္း ေျပာၾကား လိုပါသည္ ။

မ်က္ဝန္းမွ အလိုလို မ်က္ရည္က်ျခင္းမွ သက္သာကင္းေဝးၾကပါေစ ။

စႏၵီျမင့္မိုရ္#

Unicode

မျက်ဝန်းနဲ့ မျက်ရည် ဆိုသည်မှာ

ဝမ်းနည်းခြင်း ဝမ်းသာခြင်း တို့ကြောင့် မျက်ဝန်း တွင်းမှ မျက်ရည်ကျ ကြသည်မှာ သဘာဝ တစ်ခုပင်ဖြစ်သည် ။ မျက်ရည် ဆိုသည်မှာ စိတ်ခံစားမှု အလိုက် အနည်း အများ ကွာခြားလျှက် ကျဆင်းတတ်သော အရာ ဖြစ်သည် ။ ဤသည်မှာ သဘာဝ တစ်ခုပင်တည်း ။ ဤသို့ မျက်ရည် ကျခြင်းသည် မျက်ဝန်းကို ပိုမို လှပ တောက်ရွှန်း စေနိုင်သည်ဟုလည်း အဆိုရှိ ပေသည် ။

ထိုကဲ့သို့ သဘာဝ တစ်ခုဖြစ်သော ဝမ်းနည်းခြင်း ဝမ်းသာခြင်း စိတ်ခံစားမှု တစ်ခုမျှ မပါဝင်ပါပဲ နှင့် မျက်ဝန်း မှ မျက်ရည်များ ကျနေပြီ ဆိုလျှင်တော့ သင်မပေါ့ပါနှင့်တော့ သင့် မျက်ဝန်းမှ မျက်ရည်ပူများ အလိုလို ကျလာခြင်းသည် ရောဂါလက္ခဏာ တစ်ခုခု ဖြစ်လာပြီဟု သတိပေး လိုက်ခြင်းသာ ဖြစ်ပါသည် ။

သို့ဆိုလျှင် သင်သည် မျက်စိ ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ရ ပေတော့မည် ။ ထိုသို့ မျက်စိ ဆရာဝန်နှင့် မပြသပဲ မိမိတို့ အနီး၌ အလွယ်တကူ ရရှိနိုင်သော သဘာဝ ပစ္စည်းများ အိမ်တွင်း ကုထုံးများအားအသုံးပြု၍ လည်း သင့်မျက်စိ မှ မျက်ရည်ပူ ကျဆင်းခြင်း ဝေဒနာကို သင်ကိုယ်တိုင် ကုသနိုင် ပါသေးသည် ။

အစားအစာနှင့် ကုသမှု

ဗီတာမင်စီနှင့် ဗီတာမင်အီး ပါဝင်မှု များသည့် အစားအစာ များသည် သင့်မျက်ဝန်းမှာ ဖြစ်ပေါ် နေသော ဝေဒနာများ ဖြစ်သည့် မျက်စိထဲ ပိုးဝင်ခြင်းကြောင့် မျက်ရည် မကြာခဏ ကျခြင်း၊ မျက်ဝန်းရောင်ရမ်းခြင်း၊ မျက်ရည်ပူ အလိုလို ဆင်းခြင်း စသည်တို့ကို သက်သာ ပျောက်ကင်း စေနိုင်ပါတယ် ။ဗီတာမင်စီနဲ့ ဗီတာမင်အီး ပါဝင်တဲ့ အားဆေးတွေဟာ မျက်စိ အတွင်း ပိုးဝင်ခြင်းကြောင့်ယောင်ရမ်း နာခြင်း များကို အမြန်ဆုံး ကျက်ပြီး သက်သာစေ ပါသည် ။

ဗီတာမင်စီ ပါဝင်တဲ့ ငရုပ်သီးပွ ၊ မာလကာသီး ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် ၊ ကီဝီသီး ၊ ဘယ်ရီသီးနဲ့ အချဉ် အရသာရှိသော အသီးများ များများ စားပေးရပါမည် ။ ဗီတာမင်အီး ပါဝင်သော တို့ဟူး ၊ ဟင်းနုနွယ် ၊ အခွံမာ အစေ့အဆန် ၊ ထောပတ်သီး ၊ ငါး စသည်တို့ကိုလည်း များများ စားပေးသင့်ပါသည် ။

မျက်ဝန်းတစ်ဝိုက်တွင် အသုံးပြုပေးရန်

မျက်ဝန်းအတွင်း ပိုးဝင်ခြင်းကြောင့် မျက်ရည်ပူ ကျဆင်းခြင်းကို မျက်ဝန်းတစ်ဝိုက်၌ ရေနွေး သို့မဟုတ် ဘေဘီရှန်ပူထဲသို့ ဂွမ်းစနှစ်ကာ မျက်ဝန်း တစ်ဝိုက်အား သန့်စင်ပေးရ ပါမည် ။
မျက်ဝန်းတစ်ဝိုက်နှင့် မျက်ခွံအပေါ်တွင် ရေအေးဝတ် ကပ်ပေးခြင်းသည်လည်း မျက်ရည်ထွက်နှုန်း ကိုကျဆင်း စေပါသည် ။ ရေအေးအေးထဲ ပိတ်စတစ်စအား နှစ်စိုစေပြီး မျက်ဝန်းပေါ် ဖုန်းအုပ် ပေးရပါမည် ။

သဘာဝသီးနှံများ အသုံးပြုခြင်း

ဆေးဘက်ဝင် အရွက် အေးများကို မျက်ဝန်းပေါ်တွင် ကပ်ပေးရပါမည် ။ လက်ဘက်စိမ်း ကဲ့သို့ ဆေးဘက်ဝင် အရွက်က အိတ်ကို အသုံးပြုပြီးသည့် အခါ လွှင့်မပစ်ပဲ ရေခဲ သေတ္တာထဲ၌ ထည့်ပြီး အေးသောအခါ မျက်ဝန်းပေါ်တွင် ကပ်ပေး ရပါမည် ။

ပျားရည်နှင့် နှင်းဆီရည် ရောသုံးသညွ့် ကုထုံးမှာ နှင်းဆီရေထဲသို့ ပျားရည်နည်းနည်းထည့်၍ ဝါဂွမ်းစလေးဖြင့် ဆွတ်ကာ မျကိဝန်း တစ်ဝိုက်တွင် လိမ်းပေးရပါမည် ။ ရှားစောင်းလက်ပတ်နှင့် နှင်းဆီရေ ရော၍ မျက်စဉ်းအဖြစ် အသုံးပြုခြင်းသည် မျက်ရည်ပူ ကျခြင်းကို သက်သာစေပါသည် ။ ရှားစောင်းလက်ပတ် အရေနှင့် နှင်းဆီရေ ဆတူရော၍ မျက်စိအတွင်းသို့ နှစ်စက်ခန့် ထည့်ပေးရပါမည် ။ သန့်ရှင်းမူ ရှိစေရန်တော့ သတိပြုရ ပါမည် ။

ထိုအိမ်လုပ် မျက်စဉ်ဆေးရေသည် လူအများစုက သဘောကျ လက်ခံ၍ သုံးစွဲခြင်းတွင် လက်တွေ့အကျိုးရှိကြောင်း လေ့လာ တွေ့ရှိသူများက ဆိုထားပါသောကြောင့် အကုန်အကျ သက်သာပြီးအကျိုးများကြောင်း ပြောကြား လိုပါသည် ။

မျက်ဝန်းမှ အလိုလို မျက်ရည်ကျခြင်းမှ သက်သာကင်းဝေးကြပါစေ ။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …