
International-news






မောင်ယဿ


Unicode

မလေး ဝန်ကြီးချုပ်လည်း ကွာရင်တိုင်း ဝင်ရပြီ

၂၀၂၀ မေလ၂၁ ရက်နေ့တုန်းက လုပ်တဲ့ ဝန်ကြီး အစည်းအဝေး အပြီးမှာ စည်းဝေးပွဲကို တက်ရောက်တဲ့ ဝန်ကြီး တစ်ဦး ကော်ရိုနာ ဗိုင်းရက်ရောဂါ လက္ခဏာ တွေ့လို့ မလေးရှား ဝန်ကြီးချုပ်ကိုယ်တိုင် ကွာရင်တိုင်း ဝင်နေရပါပြီ ။ မလေးရှား ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင် ကို ဒီကနေ့မနက်မှာ ရောဂါပိုး ရှိမရှိ ဆေးစစ်ရာ ရောဂါ လက္ခဏါ မတွေ့ရှိ ရပေမဲ့ ဒိကနေ့က စပြီး နောက် ၁၄ ရက် တိတိ ကွာရင်တိုင်း ဝင်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ် ။

အဲ့ဒိနေ့က တက်ရောက်တဲ့ ဝန်ကြီးအဖွဲ့ တစ်ခု လုံးလည်း ကွာရင်တိုင်း ဝင်ရမယ်လို့ အမိန့်ထုတ်ပြန်ထား ပါတယ် ။ ဒါအပြင် ဝန်ကြီးချုပ် ရုံးအဖွဲ့ဝင်တွေ အားလုံးလည်း ဆိုရှယ်ဒစ္စတန် နည်း အတိုင်း အလုပ်လုပ်ရမှာ ဖြစ်ပြီး လူတိုင်း ကျန်းမာရေး ဆေးစစ်ချက် ခံယူရမှာ ဖြစ်ပါတယ် ။
မေလ ၂၂ ရက်နေ့ အထိ စာရင်းအရ မလေးရှား နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၇၁၃၇ဦး ရှိပြီး ၅၈၅၉ ဦး နေပြန်ကောင်း ခဲ့ပါတယ် ။

သေဆုံးသူ ၁၁၅ ဦး ရှိသဖြင့် အရှေ့ တောင်အာရှ နိုင်ငံ များတွင် ရောဂါကြောင့် သေဆုံးသူ များသော နိုင်ငံ များထဲက နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ် ။ မလေးရှား နိုင်ငံက ကိုဗစ်-၁၉ ရောဂါပိုး ပြန့်နှံ့နေချိန်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်နေ သဖြင့် ပါတီတွေနဲ့ အစိုးရ အဖွဲ့ ဝင်တွေကြား တိုက်ရိုက် တွေ့ ဆုံမှု တွေကို မကြာခဏ လုပ်နေ ကြပါတယ် ။

အခြား နိုင်ငံတွေမှာ အစိုးရ အဖွဲ့ဝင်တွေက ဗီဒီယို ကွန်ဖရင့် လုပ်ပြီး တွေ့ဆုံကြ ပေမဲ့ သူတို့ ဆီမှာက သတင်းပေါက်ကြားမှု ဖြစ်လာ နိုင်လို့ ပါတီ ခေါင်းဆောင်တွေကို အစိုးရ အဖွဲ့ဝင် တွေကို တွေ့လိုတဲ့ အခါမှာ တိုက်ရိုက် ထိတွေ့ မှုတွေ လုပ်လို့ အာဏာရ အသိုင်းအဝိုင်း ကြားမှာ ရောဂါကူးစက်မှု တွေ ကွာရင်တိုင်း ဝင်ရတာတွေ လုပ်နေ ရပါတယ် ။ အခုတစ်ခါ ဝန်ကြီး အစည်းအဝေးမှာ ရောဂါပိုး တွေ့ရှိ လိုက်တာက အာဏာပိုင် အဖွဲ့အစည်းမှာ အများဆုံး ကွာရင်တိုင်း ဝင်ရတဲ့အရေအတွက်ပဲ ဖြစ်ပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; Nikkei

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …