
International-news







မောင်ယဿ


Unicode

မလေး ကနေ စင်ကာပူ ကို အလုပ် လာဆင်းတဲ့ သူတွေကို ဒေါ်လာ ၅၀ ထောက်ပံ့

မလေးရှား – စင်ကာပူ နယ်ခြားမျဉ်းကို ပိတ်လိုက်တဲ့ အတွက်ကြောင့် မလေးရှား ကနေ စင်ကာပူ ဆီကို နေ့စဉ် အလုပ်လာ ဆင်းနေတဲ့ အလုပ် မလုပ်ရတော့တဲ့ နေ့စား အလုပ်သမား တွေကို စင်ကာပူ အစိုးရက တရက်ကို စင်ကာပူ ဒေါ်လာ ၅၀ နှုန်း ထောက်ပံ့ အကူအညီ ပေးသွားမယ်လို့ ဆိုတယ် ။

မလေးရှား နိုင်ငံ ဂျိုဟိုးကနေ စင်ကာပူကို နေ့စဉ် အလုပ် လာလုပ်နေတဲ့ နေ့စား အလုပ်သမားတွေ ရှိပါတယ် ။ လက်ရှိ နယ်စပ်ဂိတ်ကို ပိတ်လိုက် ရတဲ့ အခြေအနေကြောင့် အဲ့ဒိအလုပ်သမား တွေမှာ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့ နေရပါတယ် ။ ဒီနေ့ မတ်လ ၁၈ ရက်နေ့ မှာ မလေးရှား နိုင်ငံ ဘက်က အပြီး ပိတ်လိုက်တဲ့ အတွက်ကြောင့် အားလုံး ဘယ်လိုလုပ်ရမလဲ ဖြစ်နေကြ ပါတယ် ။

မလေးရှား အစိုးရ ဘက်က အစီအစဉ် အတိအကျ မရှိ ပေမဲ့ စင်ကာပူ လူ့စွမ်းအားအရင်းအမြစ် ဌာနက အလုပ်သမား တွေနဲ့ ကုမ္ပဏီ တွေရဲ့ အကျိုးစီးပွား အတွက် သက်သာ ချောင်ချိရေးလုပ်ငန်း တွေကို လုပ်ပေးမယ်လို့ စီအန်အေ သတင်းမှာ ပါလာပါတယ် ။

မနေ့က မတ်လ ၁၇ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ စင်ကာပူ လူ့စွမ်းအား ဝန်ကြီး ဂျိုဇတ်ဖင်တာအိုက မလေးရှားနယ်စပ် ပိတ်လိုက်လို့ ထိခိုက်မှု ရှိတဲ့ အလုပ်သမား တွေကို တစ်ဦးကို တစ်ရက် စင်ကာပူ ဒေါ်လာ ၅၀ နှုန်း နဲ့ မတ်လ ၃၁ ရက်နေ့ အထိ ထောက်ပံ့ ပေးကမ်းသွား မယ်လို့ဆိုတယ် ။

မလေးရှား ကနေ စင်ကာပူကို လာအလုပ်လုပ်နေတဲ့ ကျန်းမာရေး လုံခြုံရေး စာရင်း ဇယား သန့်ရှင်းရေး သယ်သူပို့ ဆောင်ရေး အမှိုက်သိမ်း သက်သာ ချောင်ချိရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခွင့် ရထားတဲ့ မလေးနိုင်ငံသား စင်ကာပူ နိုင်ငံသားနဲ့ စင်ကာပူ နေထိုင်ခွင့် ရထားသူ တွေကို အထောက်အထား တင်ပြတာနဲ့ ပေးသွားမယ်လို့ ဆိုပါတယ် ။ အိမ်ဖော် လုပ်ငန်း အတွက်လည်း စဉ်းစားပေးမှာဖြစ်ပြီး ၂ ပတ်စာ ငွေထုတ် ပေးသွားမယ်လို့ ဆိုတယ် ။

မောင်ယဿ

REF: world of buzz / Photo; today online

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …