
International-news







မောင်ယဿ


Unicode

မလေးရှာ းစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။

ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ လက်ရောက် ပုတ်ခတ် စော်ကားတဲ့အထိ ရှိပါတယ် ။ ကြီးနိုင်ငယ်ညှင်း ကိစ္စမျိုးတွေအပြင် အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေကြောင့် ကျောင်းသားတွေက ကျောင်းကို မသွားချင်လောက်အောင်ကို ဖြစ်နေပါတယ် ။

အဲ့ဒိလိုမျိုးဖြစ်လာလို့ နှိပ်စက်ခံ ကျောင်းသားမိဘတွေဖက် တုံ့ပြန်မှုတွေ ပြုလုပ်လာပါတယ် ။ မလေးရှားမှာ ဒီလဆန်းပိုင်းမှာ ကျောင်းအချို့ ပြန်ဖွင့်နိုင်ဖို့ကြိုးစားခဲ့ပါတယ် ။ စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်သူ အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှု ဖြစ်လို့ ကျောင်းသူမိခင်က သူမရဲ့သမီးကျောင်းက ထွက်ရပါတယ် ဆိုပြီး အဲ့ဒိကျောင်းကို တရားစွဲမှု စလုပ်ပါတယ် ။ ကလေးရဲ့ ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုကို ကုသ ပျောက်ကင်း နိုင်ပေမဲ့ စိတ်ပိုင်ဆိုင်ရာ ထိခိုက်မှုအတွက် သူမအနေနဲ့ ရင်းဂစ် ၂ သန်း ရလိုကြောင်း တရားရုံးကို ဦးတိုက် လျှောက်လာပါတယ် ။

ပဟန် တာမီလော့က အစိုးရစာသင်ကျောင်း တစ်ကျောင်းမှာသူမရဲ့သမီး အုပ်စုဖွဲ့ ညှင်းပန်း နှိပ်စက်ခံ လိုက်ရတဲ့အတွက် ကလေးက မိခင်ကို ကျောင်းက အထုတ်ခိုင်း သဖြင့်ကျောင်းထုတ်လိုက်ရပြီး အမျိုးသမီး ဇိုင်တန်ယူစွတ်က ကျောင်းကို တရားစွဲလိုက်ပါတယ် ။ သူမက ၁၆နှစ်အရွယ်သူမရဲ့ သမီးမှာ ညှင်းပန်း နှိပ်စက်မှုကြောင့် စိတ်ဒဏ်ရာ အကြီး အကျယ်ရပြီး အိမ်ထဲကနေ အပြင်ကို လွှတ်မရဖြစ် နေပါတယ်လို့ ဆိုတယ် ။

သူမရဲ့သမီးကို ကျောင်းသူတွေက စက္ကူလုံးတွေနဲ့ ဝိုင်းပေါက်တဲ့အပြင် ကျောင်းသားတွေကပါ ဝိုင်းဝန်း ထိုးနှတ်ကြပါတယ် ။ တစ်ကိုယ်လုံး ကို ဝိုင်းကန်ကျောက်တဲ့အပြင် သူမရဲ့ ရင်သားကို ဖြစ်ညစ် ကြခဲ့တယ်လို့ ကလေးမလေးရဲ့ ပြောစကားကို ယူစွတ်ကပြန်ပြောပါတယ် ။ ကောင်မလေးရဲ့ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ရဲ့ ဆေးလက်မှတ်အပြင် စိတ်ရောဂါကု ဆေးရုံက ထောက်ခံချက်ကို ယူစွတ်က တရားရုံးကိုတွဲတင်ပြီး တိုင်တန်းတာဖြစ်ပါတယ် ။ အဲ့ဒိသတင်းက ပြန့်နှံ့ သွားပြီဖြစ်လို့ တရားရုံးက စာသင်ကျောင်းအပေါ် ဘယ်လို အရေးယူမလဲဆိုတာကို စိတ်ဝင်စားနေကြပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; straight times

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …

လူ့အသက်ကို ကယ်လိုက်တဲ့ ကြောင်ကလေးကို ဂျပန် ရဲတွေ ဂုဏ်ပြု
International-news
လူ့အသက်ကို ကယ်လိုက်တဲ့ ကြောင်ကလေးကို ဂျပန် ရဲတွေ ဂုဏ်ပြု

လူ့အသက်ကို ကယ်လိုက်တဲ့ ကြောင်ကလေးကို ဂျပန် ရဲတွေ ဂုဏ်ပြု ဂျပန်နိုင်ငံ တိုယာမာမြို့လယ်မှာနေတဲ့ ကြောင်လေးတစ်ကောင်က ရေမြောင်းထဲကို ပြုတ်ကျသွားတဲ့သူ တစ်ဦးကို ကယ်ဆယ် နိုင်ခဲ့လို့ ဂျပန်ရဲတွေက ၎င်းကို ဂုဏ်ပြုဆု ချီးမြှင့် ခဲ့ပါတယ် ။ ဇွန်လ ၁၆ရက်နေ့က အသက် ၇၇ နှစ်အရွယ် အဘွားအို တစ်ဦးက ညဖက် ၇နာရီခွဲ လောက်မှာ လမ်းလျှောက် ထွက်လာရင်းက လမ်းဘေး ရေမြောင်းထဲကို ခြေချော်ပြီး လဲကျသွားပါတယ် ။ အဲ့ဒါကို တွေ့ လိုက်တဲ့ ကြောင်မလေး ကိုကိုက သူမရဲ့ အိမ်ရှင်ကို တညောင်ညောင် နဲ့ အော်ခေါ်ပါတယ် ။ အိမ်ရှင် အမျိုးသမီးက …