
International-news



 



 

မောင်ယဿ


Unicode

မလေးရှား သွေးလှူဘဏ် အေသွေး ပြတ်သွားလို့ လှူရန် တိုက်တွန်း

သွေးလှူတယ် ဆိုတာ ကျန်းမာတဲ့ လူတွေအတွက် အမွန်မြတ်ဆုံး အလှူ တစ်ခုပါပဲ ။ တကယ်လည်း တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ဆေးရုံတွေရဲ့ လူသားတွေ အသက်ဆက်ခွင့်ကို လုပ်ဆောင်ပေးတဲ့ နေရာမှာ အများကြီး အထောက်အကူ ပေးပါတယ် ။ အခုတော့ ကော်ရိုနာ ဗိုင်းရက်ဖြစ်နေလို့ ခရီးသွားလာမှု ကန့်သတ် အမိန့် ထုတ်ပြန် လိုက်ခြင်းက သွေးလှူဘဏ် တွေမှာ သွေးလာလှူမှုက ၄၀ % အထိ လျှော့ကျ လာပါတယ်လို့ ကျန်းမာရေးညွှန် ချုပ်က ဆိုပါတယ် ။ အဓိကပြဿနာက ကော်ရိုနာ ဗိုင်းရက်ကြောင့် တိုင်းပြည် ထဲမှာ လှုပ်လှုပ်ရှားရှား တွေဖြစ်ပြီး သွေးလှူဘဏ် တွေကို အမှတ်တမဲ့ ဖြစ်နေ ပါတယ် ။

လူတွေ ဂရုမထား အားဘူး ဖြစ်နေကြပါတယ် ။ အဲ့ဒိ အတွက်ကြောင့် သွေးလှူဘဏ် တွေက ပြည်သူတွေကို သွေးလာ လှူကြပါလို့ နှိုးဆော် နေရတာပါ ။ မလေးရှား နယ်ဖက် သွေးလှူဘဏ်တစ်ခု ဆိုရင် အခုအချိန်မှာ အသည်းအသန် ကို လိုအပ်ချက် ဖြစ်နေပါတယ် ။ သူတို့ ဘဏ်မှာ အေသွေး အမျိုးအစားဆိုရင် လုံးဝ ပြတ်လပ် သွားပါပြီလို့ ဘဏ်ရဲ့ ဖေ့စ်ဘုတ်မှာ တင်လာပါတယ် ။ အဲ့လို လိုင်းပေါ်တင်ပြီး ပြောလိုက်တော့ တစ်ယာက်နဲ့ တစ်ယောက် ရှယ်ကြရင်းက တစ်နိုင်ငံလုံး ပြန့်နှံ့သွားကာ သွေးလှူဘဏ် တွေရဲ့ ဖြစ်စဉ်ကို လူတွေ သိကုန်ပါတယ် ။

ရေခဲသေတ္တာထဲက သွေးအိတ်တွေ တင်တဲ့ ဗန်းတွေမှာ ဘာသွေးအိတ်မှ ရှိမနေပါဘူး ။ သွေးအိတ် အနည်းငယ်ပဲ တွေ့ရပါတယ် ။ အခုတော့ မလေးရှားက သွေးလှူဘဏ် တွေမှာ ပြည်သူတွေ သွေးလာ လှူနေကြပါတယ် ။ သွေးဘဏ် တွေက မနက် ၈ နာရီကနေ ည ၁၀ နာရီ အထိသွေးအလှူခံ နေပါတယ် ။ အဲ့ဒိ သွေးလှူဘဏ်က ဖေ့စ်ဘုတ် ကနေ သွေး လိုကြောင်း ပြောတာက လိုင်းပေါ်မှာ ပလူပျံသွားပြီး ၂ ရက်တွင်းမှာပဲ သွေးအိတ် ၆၉ အိတ် အလှူခံ ရရှိခဲ့ပါတယ် ။ သွေးလာလှူကြတဲ့ သူတွေက လည်း တဖွဲဖွဲ လာနေကြ တုန်းပါပဲ ။ တစ်ခါတစ်လေ အရေးမကြီးဘူးလို့ထင်ရတဲ့ တကယ့် အရေးကြီးတဲ့ အရာတွေက မသိမသာ ဖြစ်နေ တတ်ပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; facebook

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်
International-news
သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ် ရာကယ်ပရက်ဆင်းဂ် ဆိုတာက တလူဂူး နဲ့ တမီးလ် ရုပ်ရှင်လောက ကနေ နာမည်ကြီး လာပြီး ဘောလီးဝုဒ် ကို ခြေချလာတဲ့ မင်းသမီးတစ်လက်ပါ ။ အမျိုးအစားပုံစံကွဲပြားတဲ့ အိန္ဒိယရုပ်ရှင်လောကမှာ တစ်ခုကနေ အခြား တစ်ခုကို ပြောင်းဖို့ဆိုတာက အတော်မလွယ်တဲ့ ကိစ္စပါ ။ ဘာသာစကား ၊ အလေ့အထ နဲ့ အမှုအကျင့် တွေ ကွဲပြားတဲ့ ရုပ်ရှင်လောကတွေမှာ နှံ့အောင်ကျင်လည်နိုင်ဖို့ အတွက် ဘက်ပေါင်းစုံ ကျွမ်းကျင်မှ အဆင်ပြေ နိုင်မှာပါ ။ ရုပ်ရှင်လောက တစ်ခုနဲ့ တစ်ခုအကူးမှာ ကျရှုံး သွားတဲ့ မင်းသမီးတွေ …